Category Archives: Experience

ဒဇောင်းတိုက်

တချို့ကလည်း ကိုယ့်အသိပညာ ဗဟုသုတလည်း အားမနာ …။ လူအများနဲ့ ဆန့်ကျင်ဘက်လုပ်ဖို့ စောင့်ကြည့်ပြီးမှ လက်ခုပ်သံ မျှော်နေတော့လည်း သူကိုယ်တိုင်က ကိုယ့်ကိုယ်ကို နေရာမချထားတတ်သူတွေ ဖြစ်နေတာပဲ …။

ကန့်လန့်ဆိုတာ စိတ်ရင်း စေတနာနဲ့ တကယ်မှန်တာကို မှန်လို့ ကန့်လန့် တိုက်ရဲတာပဲ ကောင်းတယ် …။ လက်ခုပ်သံ တောင်းချင်တာဆို သိပ်မကြာဘူး … ဂျောင်းမှာ …။ သူ့ဟာသူ ဘာဆုကြီး ရရ …။

Leave a comment


Natter

ထွေရာလေးပါး

(၁)

ဒီလထဲမှာ မွေးနေ့ကို ကျော်ဖြတ်တယ်။ နေ့တွေ ရက်တွေ သိပ်အစွဲအလမ်း မရှိတော့ ဘာမှ လုပ်မနေပါဘူး။ ကိုယ့်ကို ချစ်သူ ခင်သူများက အမှတ်တရ မွေးနေ့ စကားပြောမှပဲ ပြန်အမှတ်ရတယ်။ အဲဒီနေ့ တနေ့လုံး ဘန်ကောက်မှာ ရှပ်နီတွေကို ထိုင်းစစ်တပ်က ခြေမှုန်းတာကို တလျောက်လုံး သတင်းယူ၊ သတင်းရေးနဲ့ အလုပ်တွေ အရင်ကထက်ကို များနေတယ်။

အဲဒီနေ့မှာ ရှပ်နီခေါင်းဆောင်တွေ အညံ့ခံကြတယ်။ ရှပ်နီဆန္ဒပြမှု အသေအပျောက်၊ အကြမ်းဖက်မှု များစွာနဲ့ ဦးကျိုးသွားတယ်။ နောက် ထိုင်းနိုင်ငံရေး ဘယ်လိုတွေ လာမလဲ စောင့်ကြည့်ဆဲ။

Anke Vogel, Title: Being and Nothingness 3 (2007), Material: oil/linen wooden frame

(၂)

ကာဖျူး (မြန်မာပြည်မှာတော့ နေဝင် မီးငြိမ်း အမိန့် ဆိုလားပဲ) စထုတ်တဲ့ ညပဲ အိမ်ကို အချိန်မီပြန်တယ်။ နောက်နေ့ကစပြီး ကာဖျူးအမိန့်ကို ချိုးဖောက်နေတာ မနေ့က အထိပဲ။ ဘာမှမဖြစ်ရင် ဘာမှ မဖြစ်တဲ့ ထိုင်းမှာ ဘာမှတော့ မဖြစ်သေးဘူး။

ချိုးဖောက်တယ်ဆိုတာကလည်း လူနိုင်ရှိတဲ့ဆိုင်မှာ သွား၊ သောက်၊ ငြင်းကြ ပြောကြပေါ့။ (ကာဖျူးမိနေတုန်း “မုခစာအုပ်“မှာ ဝိုင်းစပ်ပေးကြတဲ့ ကဗျာ မကြာမီ တင်မည်)

Continue reading

1 Comment

Filed under Experience, Politics

2 Hours in the Hell

ရေချိုးခန်းသည်လည်း ငရဲခန်းဖြစ်နိုင်၏

ရေချိုးမယ် ပြင်ကာမှ ရေပန်းက သေးပေါက်သလောက်ပင် မလာ။ စိတ်အတော် တိုသွားသည်။ တဘက်ယူ အပြင်ပြန်ထွက်ပြီး အနောက်ဘက် ဝရံတာမှာ ရေခွက်ယူ၊ ရေပိုက်ခေါင်းက ကဲ့ယူပြီး ချိုးရသည်။

******

ရေချိုးတိုင်း တံခါးကို လော့ကျအောင် အထူးတလည် ပိတ်လေ့မရှိ။ စေ့တယ်ဆိုရုံလောက်သာ။ ဒီနေ့ အရှိန်နဲ့ တွန်းလိုက်တော့ ဂျောင်းကနဲ ပိတ်သွားသည်။ တံခါတလေ သေချာပိတ်တာတောင် ပြန်ပွင့်တတ်သည်။ ကီးကြောင်နေပြီ။

******

picture: Internet

Continue reading

1 Comment

Filed under Essay, Experience

Para Lawka (3) – Possession

ကော်မန့်တချို့ကို ပြန်ကြားချက်

ပို့စ်ဆက်မရေးခင်နဲ့ ပို့စ်ဆက်ရေးဖို့ အပျိုးအဖြစ် ကော်မန့်နှစ်ခု ဆွဲထုတ်ပြီး အကြောင်းပြန်ချင်ပါတယ်။ ကိုမြင့်မြတ်က ဒီလို အမေးရှိပါတယ်။

အဲဒါကို လတ်တလော မဖြေလိုသေးပါဘူး။ နောက်တော့မှ တဖြည်းဖြည်းရေးမယ် စိတ်ကူးပါတယ်။ ဘာသာရေးနဲ့ ပတ်သက်လို့ မဖတ်မရှု အရမ်းကာရော အပြစ်တင်၊ ပြစ်ပယ်တယ်တော့ မဟုတ်ပါဘူး။ ဘာသာပေါင်းစုံက ကျမ်းဂန်တွေကို လက်လှမ်းမီသလောက် ဖတ်ရှုနေဆဲပါ။ နောင်တော့ အသက်ကြီးမှဖြစ်ဖြစ် အေးအေးဆေးဆေး ရေးမယ် စိတ်ကူးပါတယ်။ (ဂျက်ဆီဂျိန်း လုပ်လိုက်တာပေါ့ 🙂 )

နောက်တစ်ခါ Indrew ကတော့ အဲဒီလိုပြောပါတယ်။ ကိုမြင့်မြတ်ကလည်း ပူးတဲ့အကြောင်း ပြောထားပါသေးတယ်။ ဒီနေရာမှာ ရည်ရွယ်ရင်းရှိတဲ့အတိုင်း ကျနော် ကိုယ်တွေ့ကြုံဖူးတဲ့ “ဝင်ပူးကပ်ခြင်း” အကြောင်း ပြောပါမယ်။

ပူးကပ်ခြင်း (Possession)

ပူးကပ်တယ်၊ ဝင်ပူးတယ် စသည်ဖြင့် မြန်မာတို့ သိထားတာမှာ နှစ်မျိုးခွဲနိုင်ပါလိမ့်မယ်။ တစ်ခုက မြန်မာတွေလက်ခံထားတဲ့ ၃၇ မင်း စတဲ့ အစိမ်းသေနတ်များ ပူးဝင်ခြင်းနဲ့ မကျွတ်မလွတ်သည့် သရဲ တစ္ဆေ စသည်တို့ ဝင်ပူးခြင်းဆိုပြီး ဆိုနိုင်ပါမယ်။ ပထမတစ်မျိုးကတော့ အပေါင်းလက္ခဏာအဖြစ် ရှုမြင်ကြပေမယ့် နောက်တစ်ခုကိုတော့ အဆိုးမြင်ကြတာ တွေ့နိုင်ပါတယ်။

ကျနော်အခုပြောမှာက ဒုတိယ တမျိုးပါ။

Continue reading

13 Comments

Filed under Article, Experience

Para Lawka (2)- Nanabawa and their Weight

နာနာဘာဝနှင့် အလေးချိန်

ဒီနေ့ သတင်းဖတ်ရင်း အောက်ပါ သတင်းတိုလေးကို နိရဉ္စရာသတင်းဆိုဒ်တွင် ဖတ်မိသည်။ စစ်တွေတွင် သင်္ချိုင်းရွှေ့သည့် သတင်းဖြစ်သည်။

ရင်းမြစ် - နိရဉ္စရာသတင်း

နာနာဘာဝများသည် သူတို့ ကုသိုလ်အနည်းအများအလိုက် တန်ခိုးအဆင့်အတန်းရှိကြသည်ဟု ကျမ်းဂန်များက ဆိုသည်။ အချို့က အိမ်မက်ပေးနိုင်သည်၊ အချို့က အသံပြုနိုင်သည်၊ အချို့က ကိုယ်ထင်ပြနိုင်သည်။ ဆရာမကြီးကြည်ဦး၏ “ထူးဆန်းအံ့ဖွယ် ပရနယ်”စာအုပ်၌ ကိုယ်ထင်ပြသည့် ပရလောကသားများအကြောင်း ပါသည်။

Continue reading

6 Comments

Filed under Article, Experience