Tag Archives: Literature

“ဟပ်မိမှ ဟတ်ထိတယ်”

“ဟပ်မိမှ ဟတ်ထိတယ်”




(မှတ်ချက် – ဟတ်=heart)

– – –

“ဟပ်မိမှ ဟတ်ထိတယ်”

ဖြစ်စက အိမ်မှာနေရမယ်ဆိုတော့ စာအုပ်တွေ ဖတ်ဖြစ်တယ် …။

လူထုဒေါ်အမာရဲ့ “ကျမတို့ ငယ်ငယ်က” ကို နောက်တခေါက် ဖတ်တယ်။ အဲဒီထဲမှာ ပလိပ်ရောဂါ ကြောက်ဖို့ ကောင်းပုံကို မကြာခဏ ထည့်ရေးတယ် …။ ခုတော့ ကြုံနေရတာ သူရေးတဲ့ ကြောက်စရာမျိုးပါလားလို့ အောက်မေ့မိ …။ ဆေးလာဖြန်းတာတွေ … နေ့မြင် ညပျောက်တွေ … ခြောက်ခြားလို့ စစ်ပြေးသလို ကပ်ဘေး ပြေးကြရပုံတွေ …။

တချို့စာတွေကလည်း ဟပ်မိမှ ဟတ်ထိတာမျိုးပဲ …။ ဥပမာ အီလျာအာရင်ဘတ်ရဲ့ “လူများ၊ သက္ကရာဇ်များ-ဘဝ” တို့၊ သိန်းဖေမြင့်ရဲ့ “စစ်အတွင်း ခရီးသည်” တို့ကို ကြီးမှ ဖတ်ကြည့်သလိုပေါ့ …။ ခံစား နားလည် သဘောပေါက်ဖို့က ဟတ်ထိဖို့ လိုတယ်။

(မှတ်ချက် – ဟတ်=heart)

Leave a comment

Filed under Literature

တော်လ်စတွိုင်း


အခါတစ်ပါးက ရုရှစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းသည် ဝတ္တုတို တစ်ပုဒ်ကိုရေးပြီး ကလောင်အမည်တစ်ခုဖြင့် မဂ္ဂဇင်းတိုက်သို့ ပို့လိုက်၏။ ရက်သတ္တနှစ်ပတ်အကြာတွင် သူသည် မဂ္ဂဇင်းတိုက်သို့ သွားပြီး အယ်ဒီတာထံ အကျိုးအကြောင်း မေးမြန်းလေ၏။ အယ်ဒီတာက သူ၏ ဝတ္တုကို မသုံးနိုင်ကြောင်း ပြန်ပြောလေ၏။

တော်လ်စတွိုင်းက ဘာကြောင့် မသုံးနိုင်တာလဲဟု မေးသောအခါ အယ်ဒီတာက “မင်းဝတ္တုကို ငါဖတ်ပြီးပြီ။ မင်းဟာက မရေမရာပဲ။ မင်းဟာ စာရေးတဲ့ အတတ်ကို အတော် လေ့လာရဦးမယ်။ မင်းအရင်က ဘာတွေ ရေးခဲ့ဖူးသလဲ”ဟု မေးလေ၏။

ထိုအခါ တော်လ်စတွိုင်းက “စာအုပ်တစ်အုပ် နှစ်အုပ်တော့ ရေးဖူးပါတယ်၊ ကျုပ်ရေးခဲ့ဖူးတာက “စစ်နှင့် ငြိမ်းချမ်းရေး”ဆိုတဲ့ စာအုပ်ရယ်၊ “အင်နာကရင်နီးနား”ဆိုတဲ့ ဝတ္တုရယ်၊ ဒါပါပဲ” ။

အယ်ဒီတာသည် အံ့အားသင့်လျက် တော်လ်စတွိုင်းအား ငေးကြည့်နေလေသည်။

Leave a comment


“ငါ မေ့နေခြင်းများ”

“ငါ မေ့နေခြင်းများ”

စိတ်တွေက
ရိုလာကိုစတာ ဖြစ်နေတယ် …။

အီလျာ အာရင်ဘာ့ဂ်ရဲ့
လူကြီးပိုင်း ဆင်ခြင်ချက် သံဝေဂ …
ဆရာဇော်ဂျီရဲ့
ရသစာပေ ဂီယာထိုးမှုတွေကြားမှာ
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာနေရတယ် …
ဝေးသွားလိုက် … နီးလာလိုက်ပေါ့။

တရားမမျှတမှုတွေကြားမှာ
ငါကရော တရားမျှတတာ
ဘယ်လောက်ရှိသလဲ
စာမေးပွဲစစ်
မဖြစ်ညစ်ကျယ်နဲ့
တကယ်က အနှစ် ၄၀ ရှိပြီ
မှား၏ မှန်၏
ပေါင်ချိန်စက် မရှိချေ။

ရောဂါဘယ ချဉ်းနင်းရင်
သေခြင်းကို စဉ်းစားတာ
ကိုယ့်ဟာကိုယ် အံ့သြမိတယ်
မပြောမရှိနဲ့
ဟော … ကြည့်
တတိတိ လှီးဖြတ်မှုမှာ
တခြားသော ပယောဂအရာကို ရှာမတွေ့
ငါမေ့နေတဲ့အထဲ ပါသွားပြီ။

(သင်ကာ)

ဥသြတွေ ဆွဲနေချိန်
အင်တာနက်ကလည်းရ နေသေး
ဇူလိုင်၊ ၂၀၁၈

Leave a comment

Filed under Literature, Poem

“နာရီက သတိပေးသော စိတ်တစ်ခဏများ”

“နာရီက သတိပေးသော စိတ်တစ်ခဏများ”

(၁)
ပထမ ခြေဖမိုးက အကြောနာတာ … နောက်ရက်ကျ ခြေချောင်းကို ရွေ့သွားတယ် … နောက်ရက်ကျ ခြေဖဝါးတစ်ခြမ်း … အကုန်ပျောက်သွားတော့ ခြေဖနောင့် လာနာနေတယ် … ဘာကြောင့် ဘယ်လို ရွေ့ပြီးနာတယ်ဆိုတာ နားမလည်တော့ဘူး …

(၂)
ငြိမ်နေရတော့ စိတ်ဓာတ်က ကျချင် …

Continue reading

Leave a comment

Filed under Essay, Literature

တောင်ကြီးတက္ကသိုလ်မှာ ဖတ်ကြားတဲ့ စာတမ်းတချို့


ဂုံရှမ်းတိုင်းရင်း သားလူမျိုးစုများ၏ ဂုံရှမ်းစာပေနှင့် ပိဋကတ်သမိုင်း စာတမ်း – ဦးစိုင်းကျော်ကျော်

လီဆူ (ဗုဒ္ဓဘာသာ) လူမျိုးစုများ၏ လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှု စာတမ်း – ဒေါ်ကေသီလှိုင် (ဗျာအား မီးလူး)

အာခါတိုင်းရင်းသား လူမျိုးစု၏ အာခါအမျိုးသား ယဉ်ကျေးမှုနှင့် စာပေစာတမ်း – ဦးမင်းညို

”ဝ” တိုင်းရင်းသား လူမျိုးစု၏ ”ဝ” လူမျိုးတို့၏ သမိုင်းအစနှင့် စာပေယဉ်ကျေးမှု စာတမ်း – ဒေါ်ဒီးနာလု

လားဟူတိုင်းရင်းသား လူမျိုးစု၏ လားဟူတိုင်းရင်းသား ဘာသာ စကားနှင့် စာပေရှင်သန်မှု အလားအလာ စာတမ်း – ဦးနိုးဝေ (ခ) NOEL KYA HEH

Continue reading

1 Comment

Filed under Anthropology, Ethnic Minority, Literature, Research