‘ချေ့မှာ ညက်နှာ ချူပုပ်ပြီး တနေ့ယုံး ထိုင်နေတယ်’
အမေက ကုန်စုံဆိုင်လေး ဖွင့်ထားသည်။ အမေ့ဆိုင် မျက်စောင်းထိုးမှာ ကျောင်းသား ရာချီရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရှိသည်။
ကလေးတွေက ကျောင်းမသွားခင်ဖြစ်စေ၊ ကျောင်းအသွားတွင် ဖြစ်စေ မုန့်၊ ဗလာစာအုပ်၊ ခဲဖျက်၊ ပေတံ သူတို့လိုတာ ဝင်ဝယ်သည်။ ကျနော်က အမေ့ဘေးက ထိုင်ပြီး လာသမျှ ကလေးတွေကို ဟိုတခွန်း ဒီတခွန်း တီးခေါက်မေးသည် (ဝါ) အင်တာဗျူးသည်။
(၁)
ကလေးလက်ဆွဲပြီး ကလေးအမေက ‘ဗလာစာအုပ် နှစ်အုပ်’ တဲ့။ အိမ်မှာ မူကြိုဖွင့်ထားသည့် ကျနော့် ညီမက ‘ကျောင်းက ဆရာမက ဝယ်ခိုင်းလိုက်တာလား’ ဟု လှမ်းမေးသည်။
ဟုတ်တယ် ဆိုတော့ ကျောင်းအထာ နားလည်သည့် ညီမဖြစ်သူက ကလေးကိုကြည့်ပြီး ‘ဗလာစာအုပ် နှစ်အုပ်လို့ မှာလိုက်ရင် မျဉ်းပါတာ တအုပ်၊ လက်ရေးလှ တအုပ် ဝယ်ရတယ်’ ကူညီ အကြံပေးသည်။ ကလေးအမေကလည်း ‘ကျမလည်း နားမလည်ပါဘူးရှင်’ ဟု ပြောသည်။
Continue reading