ဖင်နဲ့ဖာ
မဝါဒီဆိုတာ ခုမှ ပေါ်တာ မဟုတ်ဘူး။ လင်ကိုနိုင်တဲ့ စုဖုရားလတ် လက်ထက်ကတည်းက ဆိုတာ ဖိမနစ် ဆရာမကြီးတွေ လေ့လာ ကျမ်းပြုသင့်တယ်။ (သောက်ကြီးသောက်ကျယ်တွေ ပြောရရင် ဘုရားလက်ထက်ကနေ အခုခေတ် ဘိက္ခူနီ တစင်ထောင်နိုင်တာအထိ လေ့လာဖို့ သင့်ကြတယ်။)
“မိဖုရား” ရေးထုံးကို “မိဘုရား” လို့ ရေးရမယ်တဲ့။ သောက်ပြဿနာ တက်တော့ ကင်းဝန်မင်းကြီးဆီ ရောက်ရော။
ဘုရားရှင်၊ ဘုန်းတော်ကြီးဘုရား စတာတွေနဲ့ ကွဲအောင် မိဖုရားလို့ ရေးခဲ့ကြတာ သူ့လက်ထက်မှာ ဘကုန်းရမယ်တဲ့။ သျှင်နဲ့ ရှင်တောင် ခွဲထားဖို့ ဆုံးဖြတ်ထားကြတာ ရှိသေးတယ်။
ကင်းဝန်မင်းကြီးလည်း “ဘုန်းနဲ့ ဘုရားက ရှင်းရတာ ကြာလို့ ရှိစေတော့” တဲ့။ မလွန်ဆန်နိုင်ဘူး။
အဲဒါနဲ့ “ဖင်နဲ့ ဖာ” ကလွဲရင် အကုန် “ဘကုန်း” နဲ့ ရေးကြဆိုပြီး ဖြစ်သတဲ့။
အနောက်တိုင်းမှာလည်း God ရှိရင် Goddess ရှိရမယ်တဲ့။ မပူပါနဲ့ ဗုဒ္ဓဝါဒမှာလည်း ဂရုဏာကြီးလွန်းလို့ ကွမ်ယင်မယ်တော်တောင် ဖြစ်သွားတာ မဟာယာနမှာ အစောကြီးကတည်းက။
တခါတလေလည်း အနောက်တိုင်းကဟာတွေ အတင်း မိတ္တူကူးမယ့်အစား ကိုယ့်ဆီကဟာတွေများလည်း လေ့လာကြဖို့ သင့်တာပဲ။
Like this:
Like Loading...
Filed under Critic, History
Tagged as History