Tag Archives: Essay

ကိုယ်တွေးတာ ကိုယ်ရေးတာပဲ

ဖေ့စ်ဘုတ်က အားယားနေလို့ သုံးတာ မဟုတ် … အလုပ်သဘောအရကိုက သုံးနေရတာ … ။ (ဘလော့ဂ်ခေတ်မှာလည်း ထို့အတူ)

မိုက်ခဲ့ မဲခဲ့တာတွေလည်း အဆုံးပေါ့ … ခုက အသက် ၄၀ ရှိပြီ … အသစ်တွေက ရင်ဘတ်ထဲက မဝင်ဘဲ ခေါင်းထဲက ပြောင်း ဝင်တယ် … လက်သီးက ပြန်ထွက်ချင်တာလည်း ရှိတယ် …။

စိတ်ကတော့ ဆယ်စုနှစ် ၄၀ ကြာ အချဉ်တည်မှ တယ်စားကောင်းမယ် မဟုတ်ဘူး ထင်မိတာပဲ …။ ကိုယ့်ဖြတ်သန်းမှုက ကန့်လန့်လား … ခေတ် စနစ်ပေါ် ကိုယ်က ပြုတ်ကျတာလား … ဒါမှမဟုတ် လူရည်ချွန်တွေကြား ကျောင်းပြေးနေကျ ကျုပ်က သူပုန်စိတ် မပျောက်တာလား …။

ခုထိ ပြောင်းလဲလို့ မဆုံးသေးတာကို ကြိုက်ပါတယ် … ဖြစ်တည်မှုကို ရှာတုန်း …။

Continue reading

Advertisements

Leave a comment

Filed under Blogging, Essay

40

1390472_10201145268413699_657860910_n

ကယ်ရီကေးချား – ကာကြီး

ကျနော် အသက် ၄၀ ပြည့်တော့မည်။

ဆရာ မြသန်းတင့်၏ လမင်းကို ထရံပေါက်မှ ကြည့်ခြင်း (ဆောင်းပါး အသစ်များထည့်၍ ၂၀၁၄ ဒု ပုံနှိပ်ခြင်းကို) ဖတ်နေရင်းမှ အခု ကြုံနေရသော အကြပ်အတည်း အခက်အခဲများကို ကျနော်သည် ပြောက်တိပြောက်ကြား စဉ်းစားစရာတွေ ခေါင်းထဲဝင်ဝင်လာသဖြင့် စာအုပ်ကို ကောင်းစွာ ဖတ်၍ မရ။ စာကို အာရုံမစိုက်နိုင်ဟု ဆိုကောင်း ဆိုနိုင်သည်။

မိသားစု ကျန်းမာရေး အခက်အခဲများ၊ ကျန်းမာရေးနောက်တွင် လိုက်လာသည့် ငွေရေးကြေးရေး၊ မိသားစု၊ တသီးတသန့် ကိုယ့်ဖာသာ အိပ်မက်ထားသည့် ပညာရေး ပန်းတိုင်၊ ကိုယ့်ဝါသနာပါမှုနှင့် ကိုယ့်အသက်မွေးမှု အလုပ် … စသည်တို့သည် ကျနော်၏ ခုတလော မေ့တတ်သော ဦးနှောက်ကို တကန့်စီ တံခါးခေါက်နေကြသည်။

ပါရဂူဘွဲ့ ဝင်ခွင့်ရပြီးနောက် တစိတ်တပိုင်းပေးမည့် ပညာသင်ဆုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဆွေးနွေး၊ ကိုယ့်ဖာသာ ဆင်ခြင်ရာတွင် ကိုယ့်ဖာသာ အပြစ်တင်ဖို့သာ အကြောင်းတွေ မြင်မိသည်။
ကိုယ့်အသက် ၄၀ ဆို ကိုယ့် နှစ်ဖက်သောအဖွားတွေ ဘယ်လောက်ဖြစ်လိမ့်မယ် ကျနော် စဉ်းစားမိသော်လည်း ထဲထဲဝင်ဝင် မတွေးမိ။ စဉ်းစားခြင်းနှင့် တွေးတောခြင်းသည် ကွာသည်ဟု ကျနော် ထင်သည်။

အခု နှစ်ဖက်သော အဖွားများ (အဖိုးများကား မရှိတော့) ဆေးရုံနှင့် ဆေးနှင့်၊ ပြုစုစောင့်ရှောက်ရမည့် ကိစ္စနှင့် လိုအပ်သည်များကို ဖြည့်ဆည်းရမှုနှင့် … သံသရာ ပတ်လည်နေသည်။ မြန်မာပြည်မှာ ကျန်းမာရေးသည် ငွေနှင့် စက်ရသည်သာ။

ကျနော်သည် ယင်း အပိုင်းအခြားကို သေချာ မတွက်မိခဲ့။ မတွေးတောမိခဲ့။ အဖေနှင့် ဦးလေးဖြစ်သူကလည်း သူတို့ မိခင် (ကျနော့် အဖွား) နှင့် ပတ်သက်၍ အထူးပြင်ဆင်ထားခြင်းလည်း မရှိခဲ့။ အသစ်ထူထောင်ထားသည့် မနိုင်ဝန်များနှင့်။

Continue reading

Leave a comment

Filed under Essay

အစားအသောက်နဲ့ ကျန်းမာရေး

ကျနော်က ငယ်ငယ်ကတည်းက အစားအစာ ဇီဇာကြောင်တယ် … ဟိုဟာ မစားဘူး … ဒီဟာမစားဘူး … ဂျီးဂျွတ် များတယ် … အိမ်ကလည်း အဲဒီအချိန်က စီးပွားရေးအဆင်ပြေတော့ အလိုလိုက်တယ် …

စကားမစပ် မြင်သား (စားဖို့ သတ်တာကို မြင်ရခြင်း) ကိစ္စ ပြောဦးမယ် …

တခါက အိမ်က ဘဲသားအဝယ်လွှတ်လိုက်တာ … ဦးဘမြင့်က ဘဲကို လည်လှီး၊ ဘဲက လည်ပင်းပြတ်တွဲလောင်းကြီးနဲ့ လျှောက်ပြေးနေတာ မြင်ပြီး ဘဲသားကို နှစ်ပေါင်းများစွာ မစားတော့ဘူး … အိမ်ကလည်း တော်တော် နောင်တရသွားတယ် … ကြက်တွေ၊ ဘဲတွေ မဝယ်ခိုင်းတော့ဘူး …

စစ်တပ်ဆိုတော့ ကြက်ခြံ၊ ဘဲခြံ၊ နွားခြံတွေ ရှိတယ်လေ … ကြာက်သားဝယ်ချင် ကြက်ခြံသွား … သင့်တော်ရာ ကြက်တကောင်ရှာ၊ ချိန်၊ တောင်ပံနှစ်ချောင်းစုကိုင်ပြီး လက်ဝါးစောင်းနဲ့ ဂွပ်ဆို သေတာပဲ … အဲဒါတွေ မြင်တုန်းက ဘာမှ မဖြစ်ဘူး … ဘဲသတ်တာမြင်မှ မစားတော့ဘူး …

သုံးခွရွာမှာနေတော့ ရွာသာကြီး သားသတ်ရုံကို နေ့စဉ်ဖြတ်ရတယ် … လိုင်းကားက ဒိုင်နာဆိုတော့ မြင့်တယ် … မြင့်တော့ သားသတ်ရုံထဲ လှမ်းမြင်ရတယ် … အသတ်ခံရမယ့် နွားတွေ၊ ဇောက်ထိုးဆွဲထားတဲ့ အရေခွံခွာပြီးသား နွာကောင်လုံးတွေမြင်ပြီး အမဲသား မစားတာလည်း တော်တော်ကြာတယ် …

မြင်သားနဲ့ ပတ်သက်လို့ စကားစပ်လို့ ထည့်ပြောတာပါ

ဘုန်းကြီး ၁ ဝါသွားဝတ်လိုက်တာမှာ အစားအစာ ဇီဇာကြောင်တဲ့ အကျင့် လုံးလုံးပျောက်တယ် … ဓုတင်ဆောင်ပြီး တနပ်တည်း တထိုင်တည်း မျက်စိမှိတ်ပြီး လက်ရောက်ရာ ခပ်ထည့်ပြီး ရောသမမွှေ စားတာကိုး … ဇီဇာအကျင့် လုံးလုံး ပျောက်ရော …

အခု ပြန်ဇီဇာနေတာ ကြာပြီ … အချို့မှုန့် မသုံးဖို့ အဖွား၊ အမေအိမ်တွေမှာ မဲဆွယ်ရတယ် … မအဲကလည်း ခု မသုံးတော့ဘူး … တမှုန်တောင် မသုံးနဲ့ ပြောထားတယ် …

အပြင်မှာ ဝယ်စားရင် အချိုမှုန့် မထည့်ခိုင်းဘူး …

အသီးအနှံကလည်း ပိုးသတ်ဆေးတွေ ဖြန်းဆိုပြန်တော့ အစိမ်းမစားရဲပြန်ဘူး …

အခုတော့ အထူးဇီဇာကြောင်ပြီး အစားအစာ စိတ္တဇကြီး စွဲကပ်နေလေရဲ့ …

ဒေါက်တာ သက်ဦးစာတွေ ဖတ်လိုက် … ဖေ့စ်ဘုတ်ကြည့်လိုက်ဆိုတော့ ပိုဆိုးသကိုး …

(ယမကာပါ အတုမရှိလောက်တဲ့ဟာ ရွေးသောက်နေ၏ … ဤကား စကားချပ်)

Leave a comment

Filed under Essay

Looking back …

ဒီနှစ်ထဲ အလှူတွေ တော်တော်များများ လုပ်ဖြစ်ပါတယ် … ဘုရားနဲ့ ဘုန်းကြီးကျောင်းတွေ သွားလုပ်တာတော့ မဟုတ်ပါဘူး … ကျနော်လုပ်တဲ့ အလှူဆိုတာကလည်း အလှူလို့သာ အမည်တပ်ရတာ တချို့ဟာတွေက ကုသိုလ်တောင် ဖြစ်မယ် မထင်ဘူး …
တချို့ လှူလိုက် ကူလိုက်တာတွေက ကာယကံရှင်တွေတောင် မသိပါဘူး … မသိအောင် ပေးလိုက်တာမျိုး … တဆင့်ပေးလိုက်တာမျိုးပါပဲ …
-ခရီးသွားလာရင် မနက်စာ၊ နေ့လည်စာ သုံးဆောင်နေတဲ့ ရဟန်း၊ သီလရှင်၊ ယောဂီများအတွက် ကြုံကြိုက်သောအခါ ငွေရှင်းပေးလိုက်ပါတယ် …
-ဆေးဝယ်ရင်း ကြုံနေတဲ့ သီလရှင် အဖွားအိုအတွက် လိုသလောက် ဆေးကိုယူ၊ ကျသလောက်ကို ရှင်းပေးလိုက်ပါတယ် …
-ငယ်ငယ်ရွရွယ် ရိုးရိုးသားသား လုပ်စားတဲ့ ကျောင်းသူကျောင်းသားအရွယ် ကလေးငယ်တွေကို သူတို့ရောင်းတာ အားပေးရင် မုန့်ဖိုး ပိုပိုသာသာ ပေးပါတယ် (တခါတရံ မအဲမသိအောင် တိတ်တိတ်ပေးခဲ့သည် …
-ပင်ပင်ပန်းပန်း ဈေးရောင်းစားတဲ့ သက်ကြီးရွယ်အိုတွေကို တန်ဖိုးရဲ့ ၄ ဆ ၅ ဆ ပေးခဲ့ပါသည် …
-အရက်ဖောဖောနေသော ငယ်ငယ်ရွယ်ရွယ် ဆိုက်ကားသမားတွေကို ပိုက်ဆံပိုလျှင် ပြန်မအမ်းခိုင်းပါ …
-ချို့ချို့ငဲ့ငဲ့ သောက်နေသော တစိမ်း အရက်သမားများနှင့် ကြုံလျှင် ပိုက်ဆံရှင်းပေးလိုက်ပါသည် …
-ရေးဘေး၊ သဘာဝဘေးတို့ကတော့ အများသူငါနည်းတူပေါ့ …
ရုတ်တရက် ဆေးအလှူ၊ ကလေးငယ်များအတွက် မုန့်ဖိုးအကူ၊ ပန်းချီကားရောင်းရငွေနဲ့ ရေဘေးအလှူတို့အတွက်ကတော့ ပီတီအဖြစ်ရဆုံးပါ …
အဲဒီတော့ ဒီကုသိုလ်တွေ၊ အကုသိုလ်တွေကို ဒီနှစ်အကုန်မှာ ယူချင်ယူ မယူချင်လည်း နေကြပါကုန် ဖေ့စ်ဘုတ် ပရိသတ်အပေါင်းတို့ …

သင်ကာ၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၅

*******************

၂၀၁၅ ခုနှစ် ကုန်ပြီး ၂၀၁၆ သို့ ကူးပြောင်းတော့မည် ဖြစ်သည်။ အယ်ဒီတာမင်းဖြစ်တဲ့ ကသင်ကာ Ko Thinker ကတော့ ဂျာနယ်မှာနှစ်ချုပ်သတင်းလုပ်နေရတာမို့ ဒီလတော့ အိမ်ပြန်မလာဘူးဟု ညကဖုန်းထဲမှာ အမှာတော်ပါး၏။ မတပ်နိုင်ပေ မလာတော့လည်း ကားခသက်သာတယ်ဟု ရသေ့စိတ်ဖြေတွေရ၏ (သူလာပါက အလုပ်ရှုပ်တယ် အကြောင်းပြချက်ဖြင့် ကားလက်မှတ်ကို ဂိတ်မှာသွားမဖြတ်ချင်ဘဲ အသွားအပြန် ကားခက ဒီကပဲ ပေးရတာကိုး) သူလည်း ဂျာနယ်အတွက် နှစ်ချုပ်လုပ်တယ်ဆိုတော့ ကိုယ်လည်း မိသားစု၂ယောက်သာ ရှိသေးတဲ့ ကိုယ့်မိသားစုရဲ့ တနှစ်ပတ်လုံးအတွက် နှစ်ချုပ်လုပ်ကြည့်လိုက်ပါသည်။
ပညာရေး
ကိုယ့်အတွက် ပညာရေးကတော့ ဦးစားပေး အခြေအနေကနေ လျော့မသွားသေးပေ။ ပညာနဲ့ အသက်မွေးနေရတာကိုး။ စာတွေပိုဖတ်ဖြစ်တယ်။ စာအုပ်စင်မှာ သူ့မှာရော ကိုယ့်မှာရော စာအုပ်တွေ ပိုပြီးပြည့်လာတယ်။ သူကတော့ ပညာတော်သင်ဆုတွေ လျောက်ထားပေမဲ့ လွဲနေသေးတဲ့ အခြေအနေမှာရှိတယ်။ ဒါပေမဲ့ ပညာသင်လျောက်တိုင်း Thesis Idea တွေရေးဖြစ်နေတာတွေက အမြတ်ပဲလို့ အားပေးဖြစ်တယ်။ နောက်ထပ်လည်း ဘယ်နိုင်ငံကဖြစ်ဖြစ် ပညာတော်သင်ဆုတွေ လျောက်ဖို့ အားပေးဖြစ်တယ်။ ကိုယ်ကတော့ ကိုယ့်ရဲ့ Thesis ကျမ်းအတွက် အရင်နှစ်ကထက် ပိုမိုအားထုတ်ဖြစ်တယ်။ ကျောင်းမှာ ကိုယ်က စာပြန်သင်ဖို့အတွက် အပြင်စာတွေ အထူးသဖြင့် အိန္ဒိယအတွေးအခေါ်နဲ့ တရုတ်အတွေးအခေါ် ပတ်သက်တာတွေ ဖတ်ဖြစ်တယ်။ Ethics နဲ့ Political Thought တချို့တလေ ဖတ်ဖြစ်တယ်။ ဒီနှစ်မှာ တက္ကသိုလ်မှာ သုတေသနစာတမ်း ၁စောင် ဖတ်ကြားတင်သွင်းဖြစ်တယ်။ Ethicsနဲ့ ပတ်သက်တဲ့ ဘာသာရပ်ဆိုင်ရာ ဆောင်းပါး၁ပုဒ်ရေးဖြစ်တယ်။ ပြင်ပဆောင်းပါးတွေ ဝတ္တုတွေရေးဖြစ်ပေမဲ့ ဘာသာရပ်နဲ့ပတ်သက်လို့ရေးဖြစ်တာ ဒုတိယအကြိမ်ပါ။ ဘာသာရပ်ဆိုင်ရာ ဆောင်းပါးတွေရေးဖို့ ပိုမိုအားထုတ်ဖို့ ကြိုးစားရမယ်ဆိုတဲ့ အသိပိုမိုဖြစ်ထွန်းရတယ်။
ကျမ်းမာရေး
၂ယောက်စလုံး ဒီနှစ်မှာ အကြီးအကျယ် နာမကျမ်း ဖြစ်တာမျိုးတော့ မရှိခဲ့တာဝမ်းသာမိတယ်။ ဒါပေမဲ့ ကိုယ့်မေမေနဲ့ မောင်လေးအတွက် အကြီးအကျယ် စိတ်ပူရမဲ့ ကျမ်းမာရေးအခြေရှိခဲ့တယ်။
စီးပွားရေး
၂ယောက်စလုံး ပုံမှန်ဝင်ငွေရှိတဲ့သူတွေ ဖြစ်တာကြောင့် အထွေအထူး အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတွေတော့ မဖြစ်ထွန်းခဲ့ဘူး။ သူကတော့ ပန်းချီပြပွဲအနေနဲ့ (၅) ပွဲခန့်ပြသခဲ့ရပြီး ပန်းချီကား ၂ကားတိတိရောင်းခဲ့ရပြီး အပိုဝင်ငွေရခဲ့တယ်။ ကိုယ်လည်း ချောက်တီးချောက်ချက် စာရေးတာနဲ့ အပြင်စာသင်မှုတွေကနေ အပိုဝင်ငွေရခဲ့ပါသေးတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ သူ့မှာ ဆန္ဒရှိနေသော်လည်း ဒီနှစ်မှာတော့ အကောင်အထည် မဖော်နိုင်သေးဘူး။
ဘာသာရေးနှင့် အလှူဒါန
ဒီနှစ်ထဲမှာ ကျိုက်ထီးရိုးဘုရား၊ အင်းလေးဖောင်တော်ဦး၊ ရွှေတိဂုံဘုရား၊ ပဲခူးရွှေမော်ဓောဘုရားတွေ ၂ယောက်အတူဖူးဖြစ်တယ်။ မှတ်တမ်းတင်မထားဖြစ်တဲ့ အလှူတွေလည်း မကြာခနဆိုသလို လုပ်ဖြစ်တယ်။ မှတ်တမ်းတင်ထားတာရော မတင်တာရော နှစ်ဦးသဘောတူလှူဖြစ်တာရော ကိုယ်ဟာကို သီးသန့်လှူတာတွေရော လှူဖြစ်ကြတယ်။ ကြည်နူးမှု အဖြစ်ဆုံး အလှုတွေကတော့ ရေဘေးအလှု၊ NLD အောင်နိုင်ရေးအလှု၊ မိသားစု ကထိန်အလှု၊ စတာတွေပဲဖြစ်ပါတယ်။
အထွေထွေ
နှစ်ယောက်သား အတူနေချိန်နည်းလို့လားမသိ ရန်တော့ မဖြစ်ကြသေးဘူး 😜။ ဖုန်းဘေလ်ကတော့ အတော်ကုန်တဲ့နှစ်လို့ သတ်မှတ်လို့ရပါတယ်။ လူဦးရေတိုးပွားမှုလည်း မရှိသေးတဲ့နှစ်လို့ သတ်မှတ်လို့ရသလို ခရီးသွားမှု များတဲ့နှစ်လည်းဖြစ်ပါတယ်။
နိဂုံးချုပ်
နိဂုံးချုပ်ပြောရရင်တော့ ၂၀၁၅ခုနှစ်ဟာ အထွေထွေအရတော့ ကျေနပ်စရာကောင်းတဲ့နှစ်လို့ သတ်မှတ်လို့ရပါတယ်။

နန္ဒာဘုန်းမြင့်၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၅

Leave a comment

Filed under Essay

ဂျင်းဘောင်ဘီနဲ့ ငါးကြော်

“ဂျင်းဘောင်ဘီနဲ့ ငါးကြော်”

ငယ်ငယ်က ဂျင်းဘောင်းဘီ သိပ်လိုချင်သည်။ ၉ တန်းဖြေပြီး ကျောင်းပိတ်ရက်မှာ ဦးလေးကားနဲ့ စပယ်ယာလိုက်တုန်းက ဂျင်းဘောင်းဘီတထည်ကို ကမ်းနားလမ်း အဟောင်းဆိုင်က ဝယ်ခဲ့သည်။ ဆယ်တန်းမှာ ကျူရှင်တက်ရင် အဲဒီဘောင်းဘီတထည်ကိုပဲ ဒါဝတ်သခင် လုပ်ရသည်။ အလုပ်လုပ်နိုင်လို့ ပိုက်ဆံရရင် ဂျင်းဘောင်းဘီတွေ အများကြီး ဝယ်မည်ဟု အားခဲဖူးသည်။

အန်ဒါဂရောင်းဖိနပ်ဖြစ်ဖြစ် ဒေါက်တာ မာတင် ဖိနပ်ဖြစ်ဖြစ် တရံလောက် ဒီတသက်မှာ ပိုင်ချင်သေးသည်ဟု အိပ်မက်မက်ဖူးသည်။ အာသာပြေ ခပ်ပေါပေါ ဖိနပ် ၃ ရံလောက်တော့ ဝယ်စီးဖူးသည်။

အဖေက အစိုးရဝန်ထမ်း၊ အိမ်မှာ ဘဲဥဖြစ်ဖြစ် ငါးဟင်းဖြစ်ဖြစ် အကန့်အသတ်နဲ့ စားရသည်။ တချိန်ကျရင် ငါးတွေ အများကြီး ကြော်ပြီး စားပစ်ဦးမည်ဟု ကြိမ်းဝါးဖူးသည်။

Continue reading

Leave a comment

Filed under Essay

ပလက်ဖောင်းပေါ် ဖရဲသီးဗန်းမှောက်ခြင်း

အာလာဒင်မှာ နေ့လည်စာအတွက် ခေါက်ဆွဲကြော်တပွဲနဲ့ သင်္ဘောသီးဖျော်ရည် တခွက်မှာပြီး ထိုင်နေသည်။

ဆိုင်ရှေ့တွင် ဂွမ်းကနဲ အသံကြား၍ ကြည့်လိုက်ရာ ဗန်းမှောက်ကျသော ဖရဲသီးသည် ကောင်လေးနှင့် သူနဲ့ မသက်ဆိုင်ကြောင်း ပြာပြာသလဲ ငြင်းချက်ထုတ်ကာ ပတ်ဝန်းကျင်ကို ရှက်ကိုးရှက်ကန်း ကြည့်နေသော သူ့နောက်မှ အမျိုးသမီးကြီး တယောက်ကို တွေ့ရသည်။

ဖရဲသီးသည်ကောင်လေးက ခြေတုန်တုန်လက်တုန်တုန်နဲ့ အကြောနည်းနည်း ဆွဲနေသူ ဖြစ်သည်။ စကားမပြောတတ်။ ဖရဲသီးကတော့ တစိတ်မျှ အကောင်းမကျန်။ မြင်မကောင်းအောင် ပြန့်ကျဲနေသည်။

အမျိုးသမီးကြီးနဲ့ ပါလာသည့် သပ်သပ်ရပ်ရပ် ဝတ်ထားသော ကောင်လေးက ရှေ့ကို ကျော်သွားပြီးမှ နောက်ပြန်လှည့်ကာ ငွေ တထောင်ပေးသည်။

နောက်တယောက်ကလည်း ငွေတထောင်ပေးသည်။

ကောင်းလေးက ပိုက်ဆံကို အိတ်ထဲထည့်လိုက်ပြီး ဖရဲသီးဆက်ကျုံးသည်။

ကျနော့်နောက်က ခုံမှာ ထိုင်နေတဲ့ ကျနော်တို့ရုံးက သတင်းထောက်မ နှစ်ယောက်ကလည်း ခပ်ကုပ်ကုပ်ထွက်လာပြီး ခေါက်ထားသော တထောင်တန်အထပ် ထူထူလေးပေးသည်။
ကားတစီးကရပ်ပြီး တထောင်ပေးပြန်သည်။

ခေါင်းမြီးခြုံ မွတ်စလင်မကြီးကလည်း တထောင်ပေးသည်။

ဖရဲသီးကြုံးလိုက် ပိုက်ဆံယူလိုက်နှင့် ကောင်လေး ဗျာများနေသည်။

ဖရဲသီးကြုံးပြီးသားဗန်းကို ခေါင်းပေါ်ပင့်တင်ရေး ဖြတ်သွားဖြတ်လာ မိန်းမတဦးကို အကူအညီတောင်းသည်။ ဗန်းနဲ့တိုက်ပြီး ခေါင်းပေါင်းပြုတ်ကျသည်။ ဗန်းကိုပြန်ချပြီး ခေါင်းပေါင်းပြန်တင်ရပြန်သည်။ “ဗန်းမှ မနိုင်ဘဲ” ဟု ထိုမိန်းမက ငြီးတွားသည်။

ဘေးခုံက သင်္ဘောသားနဲ့ သင်္ဘောသားပွဲစားများက “လူတွေ လုပ်ကိုင်စားနေရတာ မလွယ်ပါဘူးဗျာ … အစိုးရမှ မကောင်းတာ” အလျင်စလို မှတ်ချက်ချသည်။

နောက်တဝိုင်းမှာ ထိုင်နေတဲ့ ကောင်လေးကတော့ သူ့ဖာသာသူ မှောက်ကျတာဟု မျက်မြင်သက်သေပြုသည်။

မကြာသေးခင်ကမှ လာထိုင်တဲ့ စုံတွဲက ကောင်လေးမှတ်ချက်ကတော့ အထူးခြားဆုံး ဖြစ်သည်။
“ဒီကောင်လေး ခနခန မှောက်ကျနေတာ ဒီနားမှာ ငါးခါလောက် ရှိပြီ” တဲ့။

ကျနော် ခေါက်ဆွဲကြော် ဆက်မစားဘဲ ဗူးနဲ့ထည့်ခိုင်းပြီး ပြန်ခဲ့သည်။

ရုံးမှာ ပြန်ပြောပြတော့ “ဗန်းမှောက်သူပေါ့” တဲ့ …။

ဗန်းမနိုင်လောက်တဲ့ ကိုယ်လက်ချို့တဲ့သူကို ရောင်းခိုင်းတဲ့သူ …
ခနခန ဗန်းမောက်ခြင်း …
စာနာသနားလို့ မုန့်ဖိုးပေးကြသူများ …
ကောင်လေးရဲ့ ဖရဲသီးဗန်းက နတ်ကြီးတာ … နတ်စီးတာ ထင်ပါရဲ့ …

Leave a comment

Filed under Essay

ဟိုတုန်းက …

Buddhist MONK-ILLUSTRATION

ရုံးပိတ်ရက်မှာ ဦးဇင်း နန္ဒဝံ အလည်ကြွတယ်။ ကိုယ်က ဘုန်းကြီးကျောင်း မလာချင်ဘူးလို့ အဒေါ်က ပြောလို့ သူက ကိုယ့်တိုက်ခန်းကို ကြွလာတာ။ ဟိုတုန်းက သူနဲ့ကိုယ်က စာဝါ အတူတူ လိုက်ဖူးတယ်။
ဘယ်အတန်း ရောက်ပြီလဲဆိုတော့ ဓမ္မာစရိယ တဲ့ …။ ဘယ်နှကျမ်းပြီးပြီလဲ ဆိုတော့ တကျမ်းမှ မပြီးသေးဘူး တဲ့ …။

သူက ၁၁ ဝါ ရနေပြီ၊ ကိုယ်က လူ …။ ဒါပေမယ့် ဟိုတုန်းက အကျင့်က မပျောက်သေးတော့ မေ့ပြီး ဖိပြောနေမိတယ်။ ဒီအရွယ်မှာ စာပြီးအောင်လုပ် ကိုယ်တော် … ကြာရင် လုပ်ဖြစ်မှာ မဟုတ်ဘူး … ဘာညာနဲ့ ဘုန်းကြီး စာချ လုပ်တော့ ဦးဇင်းလည်း ဖြေရှာပါတယ် … ကျောင်းမှာ စာသင်သား များလာတော့ သူက စာပြန်ချနေရတာနဲ့ စာလိုက်ဖို့ ပျင်းသွားပြီ တဲ့။

ဒါနဲ့ ထိုင်း သို့မဟုတ် သီရိလင်္ကာမှာ ဘီအေတန်း သွားတက်ချေဆိုတော့ အခု အင်္ဂလိပ်စာ လုပ်နေပါတယ်တဲ့ …။ ကိုယ်လည်း စာအုပ်ပုံထဲကနေ သူ့အတွက် ကောင်းနိုးရာရာတွေ ပေးလိုက်တယ် … အဲ … လှူလိုက်တယ် ပေါ့လေ …။

ကိုယ်တော် … ကျုပ်အခန်းမတော့ ဝီစကီနဲ့ ရေပဲ ရှိတယ် …။ တခြားကပ်စရာ မရှိဘူးလို့ …။ သူက ခုပဲ စားပြီးပါပြီတဲ့ …။ ဘုဉ်းပေးပြီးပြီလို့ သူ ပြောမထွက်ဘူး ထင်ပါ့ …။ အင်း … ဟိုတုန်းကတော့ စာအံပြီး ဗိုက်ဟောင်းလောင်းဖြစ်ရင် တခါတလေ မဖြစ်စလောက် ညစာကို ခွဲဝေပြီး အတူ ကျိတ်ခဲ့ကြသေးတာ မဟုတ်လား …။ နာရီနဲ့ ချီပြီး စာအံတော့ လေက အထက်ကို စုန်တယ် … စာအံပြီးလို့ အိပ်ပြီဆို ပက်လက်အိပ်လို့ မရဘူး … ရေတွေချည်း သောက်ရတော့ ဗိုက်ထဲမှာ ရေက ဗလောက်ဗလက်နဲ့ ဘောင်ဘင်ခတ်နေတယ် … အဲဒီတော့မှ “ရေသောက် ဗိုက်မှောက်” ဆိုတဲ့ စကားကို နားလည်တော့တာပဲ။

Continue reading

Leave a comment

Filed under Essay