Tag Archives: Novel

အကြောင်းတိုက်ဆိုင်စွာ မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ခြင်း မိတ်ဆွေသစ်များ တိုးပွားခြင်း

(“အကြောင်းတိုက်ဆိုင်စွာ မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ခြင်း မိတ်ဆွေသစ်များ တိုးပွားခြင်း” အခန်းထဲမှ ကောက်နုတ်ဖော်ပြပါတယ်။ ကွယ်လွန်သွားတဲ့ ပန်းချီ ကျော်သာဒွန်း (ခ) ကိုရှည်ကြီးအတွက် အမှတ်တရ)

သင်ကာဘုန်းမြင့်

ကေမိုးတို့၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော တိုက်တန်းလျား တည်ရှိရာ လမ်းကြောင်းကိုလည်း စာဖွဲ့ထိုက်စွာ၏။ လမ်းပေါင်း ၁၇ ခုရှိသည့် ယုဇနတ်ဝယ် တစ်ခုတည်းသော ထူးဆန်းသာမောဖွယ် ကောင်းသည့် လမ်းအဖြစ် “ယုဇနတ် ဗင်းနစ်” ဟု မည်ထိုက်သော လမ်းဝယ် ကေမိုးတို့ နေထိုင်၏။ မိုးအခါ “မည်းနက်” သော အနည်မှုန်တို့ဖြင့် အတိပြီးကာ “နက်မည်း” သော အရောင်ရှိသည့် ရေတို့သည် လမ်းဟိုမှာဘက် ဒီမှာဘက် ထိပ်နှစ်ခုကို ဆည်ဖို့ပိတ်ကာ တမင် လှောင်ထားသည့်နှယ် လမ်းတလျှောက်လုံး အိုင်ထွန်းလျက်ရှိလေသည်။

တိုက်တန်းလျား၏ အခြေသို့ ဟိုဘက်တခြမ်း ဒီဘက်တခြမ်းကပ်လျက် သဲအိတ်များကို ခြေတစ်လှမ်းစာ ခင်းထားခြင်းအားဖြင့် ယုဇနဗင်းနစ်လမ်းကို ကျော်ဖြတ်ရ၏။ ခြေသုံးဖဝါးစာမျှသာ အကျယ်ရှိသော သဲအိတ်များအပေါ် လှမ်းလျှောက်ရသည့်အခါ ဘေးရှိ ဗွက်နက်ထဲသို့ ခြေလျော်မကျမိစေရန် လက်နှစ်ဖက်ကို အနည်းငယ် ကားလျက် ခန္ဓာကိုယ်ကို ဆပ်ကပ်ထဲတွင် ကြိုးတန်းလျှောက်ဘိသကဲ့သို့ ဘဲလန့်စ် ညှိကာ လျှောက်ရ၏။

Continue reading

Leave a comment

Filed under Art, Novel

ယုဇနတ်ကာလ မတိုင်မီ အတိတ်ကို လှန်ခြင်း (၄)

ယုဇနတ်ကာလ မတိုင်မီ အတိတ်ကို လှန်ခြင်း (၄)

သင်ကာဘုန်းမြင့်

မြို့ကြီးပြကြီးဖြစ်၍ ကြက်တွန်သံဖြင့် မနိုးမှုဘဲ ကားဟွန်းသံ၊ အင်ဂျင်သံတို့ဖြင့် နိုးရလေသည်။ ဆရာဦးမိုးသည် မှောင်နေသည့် သူ့အခန်းထဲမှ ဆေးလိပ်တိုကို စမ်းတဝါးဝါးရှာလျက် ဝရံတာဘက်သို့ ထွက်ခဲ့ပြီ။ ဝရံတာ၌ ရပ်လျက် ရန်ကုန်မြို့၏ နံနက်ကို အင်္ကျီကျွတ်ဖြင့် ခံစားနေသည်။

တိုသောဆေးလိပ် ကုန်သောအခါမှ အခန်းတွင်းသို့ ဖြည်းညှင်းစွာ ဝင်လေလျှင် အောက်အနိမ့်မှ တက်လာသူကို အမြင့်ဘက်မှ လူက ရင်ဝသို့ ဆီကန်သည့်ပမာ ဖင်ထိုက်လျက် မလဲရုံတမယ်ဖြစ်လျက် လက်ရာမြောက်လှစွာသော အရူးချီးပန်း ဗရမ်းဗတာ နံရံပန်းချီကားချပ်ကြီးကို တွေ့လေပြီ။

Continue reading

Leave a comment

Filed under Art, Novel

မောင်သာရ ဝတ္ထုရှည် စာရင်း

images(ဓာတ်ပုံ – မိုးမခ)

ရုံးမှာ စကားစပ်မိလို့ ပြောကြရင်း ဆရာ မောင်သာရ ဝတ္ထု ခေါင်းစဉ်တွေ “ရှ” ပုံကို ရောက်သွားတယ်။ မှတ်မိသလောက် ရွတ်တာတွေ ချရေးလိုက်တယ်။ ကိုနေကိုဦး (https://www.facebook.com/nayko.oo) က စနစ်တကျ ပြန်စီထားလို့ မှတ်တမ်းတင်ထားလိုက်တယ်။

မောင်သာရ ဝတ္ထုရှည် စာရင်း

1. မျိုးမမ ပကာသနီ
2. လမ်း၌တွေ့သော သစ်ပင်တပင်
3. လှသည်၊ လွယ်သည်၊ သို့သော် လည်သည်
4. ချစ်သူကနေ့၊ ကိုယ်က ည
5. မောင်သိန်းလွင်၏ မစန်းစန်းဝင့်
6. ထဘီကျွတ်၍ လွှတ်လိုက်မည်
7. တယောက်မျက်နှာ တယောက်ကြည့်ကာ
8. မြည်းတကောင်နှင့် သားအဖနှစ်ယောက်
9. မကူးသောငါး၊ မနားသော ငှက်
10. မတ်တပ်ရပ်လို့ လမ်းမှာငို
11. ရွှေစော်နံ ပြန်လိုက်ဦး
12. ပြီးတော့….လူကိုပါယူသည်
13. ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း
14. အရုပ်မျက်နှာ ပန်းမျက်နှာ
15. သူ့အယင်က တယောက်၊ သူက တစ်ယောက်
16. ပြန်မပြောရင် ပြောချင်တယ်
17. အထက်တဝက် အောက်တဝက်
18. စီးပလေစေ မောင်မသုတ်နဲ့
19. အသနက်မ အောင်လံကြီးထူ
20. ကျဉ်တုတ်ခံဝံ့ မခံဝံ့
21. အမေက ငယ်သေးတယ်တဲ့ရှင်
22. ရင်ခုန်သံ နည်းနည်းမြန်သည် (ပ၊ဒု)
23. ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့်
24. ဝဋ်လိုက်တတ်တယ် မောင်မောင်သတိထား
25. ယုန်နှင့်အတူပြေး၊ ခွေးနှင့်အတူလိုက်
26. ရှင်ဘုရင်နဲ့ညားရင် မိဖုရား
27. ဂူတဂူထဲ ခြင်္သေ့နှစ်ကောင်
28. ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ
29. မငိုရဘူး မရယ်ရဘူး
30. မနှတ်လောက်တော့ တဆယ်ချေး
31. ပြောပြန်ရင်လဲ မောင်သာရ လွန်ရာကျမယ်
32. ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်လို (ပ၊ဒု)
33. နက်ဖြန်မှဖြစ်မှာ လာမပြောနဲ့
34. မချစ်ပြန်ရင်လဲ အားနာစရာ
35. သုမနကျောမှာ ဒဏ်ရာတွေနဲ့
36. ဇီးကွက်ရုပ် အသည်းနှလုံး
37. ရွာငယ် ဇနပုဒ် မီးကလေး မှိတ်တုပ် ( မိုးမိုး အင်းလျား၏ ပန်းရိုင်းတရာနှင့် ပူးတွဲ)
38. လှမျက်ခြယ် ရာ့သက်ဝယ်ဘယ်မမုန်းပြီဘု
39. နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ
40. ငရုတ်မှန်လျှင် စပ်ရလိမ့်မည်
41. မောင် ….သူက ဘယ်သူလဲဟင်
42. ပုစွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေး မြို့တော်သူ
43. ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်
44. တို့ဘက်က ကြည့်တော့ သူရဲကောင်း ၊ သူတို့ဘက်က ကြည့်တော့ သစ္စာဖောက်
45. မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်း
46. လေတိုက်လို့ သစ်ပင်လှုပ်တာ၊ သစ်ပင်လှုပ်လို့ လေတိုက်တာ
47. ကောင်းပြီဆို ခံရပြီသာမှတ်
48. ဝက်လူးကျေးရွာသွား တောလား
49. မိန်းမရှားသလား ဟုတ်စ
50. ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာရေရှာ၍ မရသကဲ့သို့
51. မုန့်လုံးစက္ကူကပ် ဇာတ်လမ်း
52. အိပ်ကောင်းခြင်းလည်း မအိပ်ရ (နုနုရည် အင်းဝ ၏ တက်ကျိုးတော့ လက်ထိုးလှော်မယ် နှင့် ပူးတွဲ)
53. လက်ညှိုးညွန်ရာ လိုရာဖြစ်စေ
54. ဘိုကေတစ်ထောင်မှာ တယောက်လောက်တော့

5 Comments

Filed under Book, Novel

War and Peace – Book Cover Illustrations

လီယို တော်လ်စတွိုင်းရဲ့ ကမ္ဘာကျော် ဂန္ထဝင် ဝတ္ထုကို ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး ဝတ္ထု ၁၂ တွဲရဲ့ အဖုံးနဲ့ ရေခံ ပန်းချီ (အတွင်းဖုံးပန်းချီ) တွေပါ။ အတွဲ ၁၀ ရဲ့ ဝတ္ထုအဖုံးက ကာလာနဲ့မရှိ၊ မိတ္တု ဖြစ်နေပါတယ်။ အတွဲ ၁၁ နဲ့ ၁၂ က အဖုံးတွေမပါ၊ မိတ္တူကို ချုပ်ထားတာမို့ ဒီမှာ မဖော်ပြနိုင်ဘူး ဖြစ်နေပါတယ်။ ရှိသူများ ရိုက်တင်ပေးရင် ကောင်းမှာပါပဲ။

ရုံးကစာကြည့်တိုက်ထဲမှာ အတွဲစုံတွေ့လို့ အသက် ၃၀ ကျော်မှ ဒီဝတ္ထုကြီးကို စဖတ်ဖူးတော့တယ်။ တထိုင်တည်း ဖတ်ဖို့က အခြေအနေ မပေးတာနဲ့ ၂၀၁၀ မှာ ရုံးသွားရုံးပြန် ကားပေါ်မှာ ဖတ်လိုက်၊ အိမ်သာထဲ ဝင်ရင် ဖတ်လိုက်၊ ဟိုနားအားရင် ဖတ်၊ ဒီနားအားရင် ဖတ်နဲ့ ၉ လလောက်ကြာတော့ ပြီးသွားပါတယ်။

ကြိုက်လွန်းလို့ ကောက်နုတ်ချက်တွေ ဘလော့ဂ်မှာ ရေးတင်မယ်ဆိုပြီး ရေးလိုက်တာ ဇွဲမရှိလို့ အတွဲ (၁) တင် ဆက်မတင်ဖြစ်တော့ဘူး။

မူရင်း War and Peace ကတော့ အင်္ဂလိပ်လို အခမဲ့ လျှပ်စာအုပ် (e-Book) ရှိနေပါပြီ။

တနေ့က ပန်းချီလောက အကြောင်း မိတ်ဆွေ ဂျာနယ်လစ်တွေနဲ့ စကားစပ်ရင်း စစ်နဲ့ ငြိမ်းချမ်းရေး ဘာသာပြန် ၁၂ တွဲအဖုံးကို ပန်းချီဆရာ ၁၂ ယောက် ဆွဲတယ်လို့ အယ်ဒီတာ တယောက်က ပြောတော့ သတိရတာနဲ့ စာအုပ်တွေ ပြန်ဆွဲထုတ်ပြီး ရှိတဲ့ ဖုန်းကင်မရာနဲ့ ရိုက်ဖြစ်အောင် ရိုက်ထားလိုက်တယ်။ ပန်းချီဆရာတွေ စာရင်းတင်နေတုန်း ရေခံပန်းချီ တွေ့ပြန်တာနဲ့ တခါ ရေခံပန်းချီတွေ ထပ်ရိုက်လိုက်တယ်။ အဖုံးရော ရေခံပန်းချီရော ရိုက်ရတာမှာ ဖုန်းနဲ့ ဖြစ်တဲ့ အပြင် အလင်းရောင် ကောင်းကောင်းမရှိ၊ စာအုပ်တွေက ပြန်ချုပ်ထားရတာမို့ လက်တဖက်ကကိုင်၊ တဖက်က ရိုက် လုပ်ထားရတော့ အချိုးတွေက မညီနိုင်ဖြစ်နေပါတယ် (ဒါကြောင့် ကွာလတီ သည်းခံပါ)။

မှတ်တမ်းလေး တင်ထားလိုက်တဲ့ သဘောပါ။ စာအုပ်အစုံလိုက် မတွေ့ဖူးသူများလည်း ကြည့်ရတာပေါ့။

သင်ကာ
(မတ်လ၊ ၂၀၁၃)

W+P 1
W+P S 1
အတွဲ (၁) အဖုံးပန်းချီ – ကိုဝင်းဖေ၊ အတွင်းပန်းချီ – မောင်စံတိုး

W+P 2
W+P S 2
အတွဲ (၂) အဖုံးပန်းချီ – ဦးမောင်စိန်၊ အတွင်းပန်းချီ – မောင်စံတိုး

W+P 3
W+P S 3
အတွဲ (၃) အဖုံးပန်းချီ – မောင်စံတိုး၊ အတွင်းပန်းချီ – ဦးအုန်းလွင်

Continue reading

Comments Off on War and Peace – Book Cover Illustrations

Filed under Art, Classic, Novel

Queed – U Win Tin (Trans)

ဟံသာဝတီဦးဝင်းတင် ဘာသာပြန်သော “ကွိ” ကို ဒစ်ဂျစ်တယ်နှင့် ရိုက်ယူ စာပြန်စီ၍ ရိုက်တင်ရန် ကျနော်တို့ (သင်ကာ၊ထွန်းတောက်နေ၊ ကိုရင်ညိန်း၊ မောင်အန့်၊ အလှတရား) တို့ ကြိုးစားဖူးသည်။ လက်စမသတ်နိုင်ရှိစဉ် မြန်မာကျူးပစ်ဖိုရမ်တွင် ရိုက်တင်နေသည်ကို တွေ့၍ ညှိနှိုင်းပြီး ဆိုင်းငံ့ထားလိုက်ပါသည်။

ယခု ရွှေဇင်ဦး ဘလော့ဂ်တွင် စကန်ဖတ် သန့်စင်ပြီး တင်ပေးသော ဖိုင်များတွေ့၍ ပြန်မျှလိုက်ပါသည်။ ရွှေဇင်ဦးဘလော့ဂ်ကို အထူးကျေးဇူးတင်ပါသည်။

Queed Preface 19815681-Queed-Preface

Queed Chapter 1-2 19850146-Queed-Chapter-12

Queed Chapter 3-4 19852382-Queed-Chapter-34

Queed Chapter 5-8 19853570-Queed-Chapter-58

Queed Chapter 9-14 19898979-Queed-Chapter-914

Queed Chapter 15-18 19899699-Queed-Chapter-1518

Queed Chapter 19-25 19900341-Queed-Chapter-1925

Queed Chapter 26-32 19901073-Queed-Chapter-2632

Credit: Shew Zun U Blog

All in one Download Here

3 Comments

Filed under Book, e-Book, Translation