သြဂုတ်လ ၃၁ ရက်နေ့၊ လန်ဒန်မှာ ပြုလုပ်မယ့် Temptation 3 နာဂစ် ရန်ပုံငွေ ဖျော်ဖြေပွဲအတွက် နာမည်ကျော် အဆိုတော်များနဲ့ တွဲဖက်ပြီး တီးခတ်ပေးခဲ့မယ့် Band ကတော့ The Occupiers ဖြစ်ပါတယ်။ The Occupiers အဖွဲ့နဲ့ ဖွဲ့တည်ရာမဂ္ဂဇင်း ဝိုင်းတော်သားတစ်ဦးဖြစ်တဲ့ အက်စ် နေညိုတို့ အင်တာဗျူးလုပ်ထားပါတယ်။ The Occupiers တီးဝိုင်းရဲ့ ကောက်ကြောင်းကို သရုပ်ဖော်ကြည့်ဖို့ပါ။
Existence Magazine: The Occupiers ဆိုတဲ့ တီးဝိုင်းကို ဘယ်နှစ် ခုနှစ်လောက်က တည်ထောင်ခဲ့တာပါလဲ။
The Occupiers: ဟုတ်ကဲ့ခင်ဗျား၊ The Occupiers တီးဝိုင်းဖြစ်လာဖို့  စခဲ့တာကတော့၂၀၀၆ ခုနှစ် ဇွန်လလောက်ကပါ။ Officially စတာကတော့ ၂၀၀၇ (ချင်းအမျိုးသားနေ့မတိုင်မီ) ဖေဖော်ဝါရီလမှာ စတင်ခဲ့တာပါ။
EM: ဘယ်လို အဓိပ္ပာယ်နဲ့ The Occupiers ဆိုတဲ့ နာမည်လေးကို ရွေးခြယ် ဖြစ်ခဲ့ကြပါသလဲရှင်။
TO: ရေကြည်ရာမြက်နုရာ ပြည်ပမှာ ခဏတာနေထိုင်နေကြတဲ့ ကျနော်တို့ရဲ့ ဘဝလေးတွေကို ကိုယ်စားပြုတဲ့သဘောနဲ့ ပေးထားတဲ့ နာမည်ပါ။