ပုဇွန်တောင် သံလမ်းမရောက်ခင် ဘုန်းကြီးကျောင်းတွေ ရှေ့က မီးပွိုင့်ထောင့် ရောက်ရင် ကြည့်ပါ … ဘယ်သူ့မှ လူမထင်တဲ့ ခွေးလေခွေးလွင့်တွေ တွေ့ပါလိမ့်မယ် … ကားလမ်းလယ်ခေါင်တက်ပြီး တစ်ဖက်လမ်းက ခွေတွေကိုရော … သူတို့ကို ကြောက်မယ်ထင်တဲ့ လူတွေကိုပါ အမြဲ ရန်ရှာပါတယ် …
တစ်ရက်မှာ ကျနော်တို့က မျက်နှာချင်းဆိုင် ဆိုင်မှာ ထိုင်နေတယ် … အမျိုးသမီးတစ်ဦးက ကလေးတစ်ယောက်ကို တွန်းလှည်းထဲထည့် … နောက်ကလေးလေး တစ်ယောက်က လမ်းလျှောက်ပြီး မအေ့နောက်နားက လိုက်လာပါတယ် …
အမျိုးသမီးက ကျနော်တို့ ဘေးဝိုင်းက အသိကို လက်လှမ်းပြရင်း ကားလမ်းကူးဖို့ စိတ်စောနေပါတယ် … သူ့နောက်မှာ ခွေး ၄ ကောင်လောက်က တွန်းလှည်းက ကလေးဆီ ပြေးလာပါတယ် …
ကျနော်တို့ဆိုင်က ဝိုင်းတွေရယ် … ဘေးက ဆိုင်က လူတွေရယ် ထပြီး အော်ကြဟစ်ကြမှ ခွေးတွေ ပြန်လှည့်ပြေးပါတယ် …
လူတကာ ကျွေးတာတွေ စားပြီး ခွေးပါးဝတဲ့ ခွေးတွေကို သိပ်ချစ်နေကြရင်လည်း သွားခေါ်ပြီးသာ မွေးကြပါ …