Tag Archives: Culture

ဟောင်ကောင်ရောက် မုန့်ဟင်းခါး

ကောင်းလွန်းရှိ ဟိုမန်တင်၊ အမှတ် ၁၂ ဗစ်ထရီရိပ်သာလမ်းမှာ “မုန့်ဟင်းခါး” (Mohinga) အမည်နဲ့ပဲ ဖွင့်လှစ်လိုက်တာ ဖြစ်ပြီး ဆိုင်းဘုတ်မှာလည်း မြန်မာနိုင်ငံမှာ ဆိုင်းထမ်းနဲ့ ရောင်းတဲ့ပုံ သရုပ်ဖော်ထားပါတယ်။

(အပြည့်အစုံ ဖတ်ရန်)

Continue reading

Advertisements

Leave a comment

Filed under Culture

ဦးနိပုဏနဲ့ ဦးသာသန

20728276_10213638377971570_6051988392169355130_n

၈၈ ပြီးကာစမှာ အဘွားက သားယောက်ျား မြေးတွေအပြင် ကိတ္တိမသားတွေလည်း တပြုံကြီး ရှင်ပြုတယ် … မြေးမတွေကို နားသတယ် … ကျုပ်က ရှင်ပြုရင် မြင်းစီးချင်တာ … အဲဒါကို ငြိမ်ပိက လူစုလူဝေး ဖြစ်မစိုးလို့ဆိုပြီး ရှင်ပြုကို မြင်းနဲ့ မလှည့်ရဘူးတဲ့ …

ကျုပ်ဆိုသည်မှာလည်း မြင်းမစီးရလို့ စိတ်ကောက် … အဘွား၊ အမေ၊ အဒေါ်တွေက ချော့တော့ လူကြီးတစ်ယောက်ရဲ့ ဂုတ်ပေါ် ခွစီးပြီး ရှင်းလောင်းလှည့်ရတာပါပဲ …

၈၈ အပြီးမှာ အခြေခံ လူတန်းစားတွေကလည်း အဆင်မပြေကြရှာဘူး … အဘွားက ထမင်းရည်ချောင်းစီးလှူတာ … အဖေ့ဘက်က ပညာတတ်တယ် နွမ်းပါးတယ် … အမေ့ဘက်က ပညာတတ် မဟုတ် … ကြေးရတတ် … အခု အဘွားက အမေ့ဘက်က … ခုထိ ရှိသေး

Continue reading

Leave a comment

Filed under Blogging, Culture, Obituary, Religion

စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်

မန္တလေးမြို့ မဟာလောက မာရဇိန် စေတီတော် အတွင်းရှိ ပိဋကတ် ကျောက်စာများ (ဓာတ်ပုံ – နန္ဒာဘုန်းမြင့်)

မန္တလေးမြို့ မဟာလောက မာရဇိန် စေတီတော် အတွင်းရှိ ပိဋကတ် ကျောက်စာများ (ဓာတ်ပုံ – နန္ဒာဘုန်းမြင့်)

နန္ဒာဘုန်းမြင့်

(ယခုနှစ်) မေလထဲမှာ မန္တလေးမြို့ဟာ ၁၅၅ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ မန္တလေးမြို့ကြီးနဲ့အတူ မွေးဖွားခဲ့တဲ့ ဖွားဖက်တော် ၇ ခုထဲမှာ မဟာလောက မာရဇိန် စေတီတော်ရဲ့ မဟာရံတံတိုင်း သုံးထပ်အတွင်း တည်ထားခဲ့တဲ့ ပိဋကတ်တော် ကျောက်စာတွေသာလျှင် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် (Memory of The World Register) အဖြစ် စာရင်းသွင်း ခံရပါသေးတယ်။

ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များအနေ နဲ့ မန္တလေးမြို့ကို ရောက်ပြီဆိုရင် မရောက်မဖြစ် သွားကြတဲ့ နေရာတွေထဲကတခုဖြစ်တဲ့ ကုသိုလ်တော် ဘုရားလို့ လူသိများတဲ့ မဟာလောက မာရဇိန် စေတီတော် အတွင်း က ကမ္ဘာ့အကြီးဆုံး စာအုပ်ရယ်လို့ အသိ အမှတ်ပြုခံထားရတဲ့ ပိဋကတ်တော် ကျောက်စာပေါင်း ၇၂၉ ချပ် ကိုတော့ ဂရုတစိုက် ထိန်းသိမ်းဖို့ အတွက် အလွန်တရာ လိုအပ်နေပါတယ်။

မင်းတုန်းမင်းကြီးဟာ မြတ်စွာဘုရား နှုတ်ကပါဌ်တော် တွေကို ကမ္ဘာတည်သရွေ့ မပျောက်မပျက် တည်ရှိနေဖို့ အတွက်ရယ်၊ သာသနာပတဲ့ အချိန်အထိ တည်ရှိနေစေဖို့အတွက်ရယ် ကျောက်ပေါ်မှာ ရေးထိုးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒီကျောက်တွေဟာ မန္တလေး မြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ စကျင်တောင်မှာ ရှိတဲ့ ကျောက်သား ချောတဲ့ ကျောက်ဖျာတွေကို ကျောက်ပြားလောင်းပြီး မန္တလေးနန်းမြို့တွင်း ရောက်အောင် အဆင့်ဆင့် သယ်ဆောင်ပြီးမှ ကျောက်စာ ပေါ်မှာ ရေးထိုးထားခြင်း ဖြစ်ပါတယ်။ ကျောက် သား ပေါ်မှာ ရေးထိုးထားတာပါ။ အမှားအယွင်း မရှိရလေအောင် အကြိမ်ကြိမ် စာတိုက်စစ်ထားခြင်း ဖြစ်ကာ လူအင်အားသာမက ပါဠိ၊ ပိဋကတ် ကျွမ်းကျင် တဲ့ ရဟန်းတော်များစွာကလည်း ကူညီလုပ်ဆောင် ထားခြင်းဖြစ်ပါတယ်။

Continue reading

Leave a comment

Filed under Culture, History

လောင်းလှေနှင့် ပျော်သည့် ရခိုင်သင်္ကြန်

ခက်ထန်
ဒီနှစ် သင်္ကြန်ကိုလည်း စင်ကာပူမှာပဲ ကျရဖို့ ရှိနေသည်။ ခင်ခင်ဖြိုး၏ အတွေးများသည် စင်ကာပူမှ ရန်ကုန်၊ ရန်ကုန်မှ စစ်တွေသို့ ပြန်ရောက် သွားသည်။

ရခိုင်ပြည်နယ် စစ်တွေမှာ မွေးဖွားကြီးပြင်း၊ ရန်ကုန်သို့ လာ၍ ပညာသင်၊ အခုတော့ စင်္ကာပူတွင် အလုပ်လုပ်နေရသော ခင်ခင်ဖြိုးတယောက် ဘယ်ကိုပင်ရောက်ရောက် ရခိုင်သင်္ကြန်၊ စစ်တွေသင်္ကြန်ကိုတော့ မမေ့နိုင်ပြီ။

ရခိုင်သင်္ကြန်သည် မြန်မာသင်္ကြန်နှင့် ဓလေ့ထုံးစံ ကွဲပြားမှု ရှိသည်။ သင်္ကြန်ကျသည့် ပြက္ခဒိန်ရက်ကတော့ အတူတူပင်ဖြစ်သည်။

 


စင်္ကာပူရောက် ရခိုင်တို့၏ ၂၀၁၀ သင်္ကြန်အကြို ရိုးရာ နံ့သာသွေးပွဲ

 

စင်္ကာပူရောက် ရခိုင်တို့၏ ၂၀၁၀ သင်္ကြန်အကြို ရိုးရာ နံ့သာသွေးပွဲ
ရခိုင်ဓလေ့က သင်္ကြန် အကြိုနေ့ ညနေ ပိုင်းတွင် နံ့သာသွေးပြီး ဘုန်းကြီးကျောင်း၊ ဘုရားများသို့ သွားကာ ရေသပ္ပာယ်သည်။ နံ့သာဖြူ၊ နံ့သာနီကို သွေးပြီး ရေတွင်ထည့်ကာ ဘုရားကို ရေသပ္ပာယ်ခြင်း ဖြစ်သည်။ နံ့သာ သွေးရာတွင် အမျိုးသမီးများ မျက်နှာချင်းဆိုင် ထိုင်၍ အပြိုင် အဆိုင် သွေးကြသည် များလည်း ရှိသည်။ ရေသပ္ပာယ်ရန် ဘုရားသို့ အသွား ကလေးများကို “ရေမလောင်းနဲ့ဦး” ဟု တားရတာ ခင်ခင်ဖြိုး မှတ်မိသေးသည်။

Continue reading

Leave a comment

Filed under Article, Culture

ထိုင်းရောက် ပုသိမ်ထီး

225895xx

ပုသိမ်ထီးလေးတွေနဲ့ မမပုသိမ်သူတော့ မဟုတ်ပါဘူး။ ချင်းမိုင်သူတွေပါ။ ချင်းမိုင်ခရိုင်မှာရှိတဲ့ ဆန် ခမ်ပန်း ဒိစတြိတ်မှာပြုလုပ်တဲ့ Bo Sang Umbrella Festival (ပုသိမ်ထီးပွဲတော်) မှာ မြင်တွေ့ရတာပါ။ တကယ်တော့ ထိုင်းအသံထွက် Bo Sang ဆိုတာ မြန်မာလို “ပုသိမ်” ကို ဆိုလိုတာပါပဲ။

လွန်ခဲ့တဲ့ ရာစုနှစ် တခုကျော်လောက်တုန်းက ဖရာ အင်သာဆိုတဲ့ ထိုင်းဘုန်းကြီးတပါးဟာ ချင်းမိုင်မြို့ကနေ မြန်မာပြည်ကို ဘုရားဖူးထွက်လာခဲ့ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ခရီးသွားနေရင်းနဲ့ မြန်မာရွာသားတဦးက ရေဒဏ်ခံ၊ နေဒဏ်ခံတဲ့ ထီးတလက် လှူလိုက်ပါတယ်။ အဲဒါက မြန်မာလုပ် ပုသိမ်ထီးပါ။

အဲဒီမှာ ဆရာတော် အင်သာက ဒီထီး ပြုလုပ်ပုံ အဆင့်ဆင့်ကို စိတ်ဝင်တစားလေ့လာပြီး ထိုင်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ အခု ဆန် ခမ်ပန်း နဲ့ ဒွိုင် စကပ် ဒိစတြိတ်တွေမှာ ထိုင်းဒေသခံရာပေါင်းများစွာဟာ ဒီပုသိမ် လက်လုပ်ထီးများပြုလုပ်ပြီး အသက်မွေးနေကြဆဲဖြစ်ပါတယ်။

Continue reading

Leave a comment

Filed under Article, Culture