(Credit – Dhamma Stream)
နေ့လည်က ရာပြည့် YarPyae Book စာအုပ်တိုက် မုခစာအုပ်မှာ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးရဲ့ ထေရီဘာသာပြန် ငါးတွဲပေါင်းချုပ် ထွက်မယ်လို့ တွေ့လိုက်တယ် …
အဲဒါနဲ့ ဆက်စပ်လို့ ဖတ်မိတာလေး မျှဦးမယ် … သစ္စာဝါဒီဋီကာ ကျမ်းပြု သီလရှင်ကြီး ဒေါ်ဓမ္မစာရီ (မင်းကွန်း) ဟာ သီလရှင် မယ်ကင်း၊ မယ်နတ်ပေးတို့ အဆက်၊ မင်းကွန်းဆရာတော် ဘုရားကြီးရဲ့ သာသနာမိခင်ကြီးလည်း ဖြစ်တယ် …
ဒေါ်ဓမ္မစာရီက ဦးမောင်ကြီးနဲ့ သက္ကတဘာသာ စာသင်ဘက် … ထေရီထေရာ ဘာသာပြန်ကို ရေးဖို့ တိုက်တွန်းတာက လယ်တီ ပဏ္ဍိတ လူထွက် … ဒေါ်ဓမ္မစာရီက စာချရတာနဲ့ မအားလို့ လယ်တီ ပဏ္ဍိတက ရေးတာ …
လယ်တီ ပဏ္ဍိတရဲ့ ကလောင်အမည် မန္တလေး ခင်တုတ်ဆိုတာ ဒေါ်ဓမ္မစာရီရဲ့ လူအမည် တုတ်တုတ်ကို ယူထားတာ …