Tag Archives: Thailand

တည်ငြိမ်မှုပြန်ရဖို့ အလှမ်းဝေးဦးမယ့် ထိုင်းနိုင်ငံရေး

ဘန်ကောက်မြို့ရှိ Democracy Monument အထိမ်းအမှတ် ကျောက်တိုင်တွင် စောင့်ကြပ်နေသော ထိုင်းစစ်သားများ (ဓာတ်ပုံ – Reuters)

ဘန်ကောက်မြို့ရှိ Democracy Monument အထိမ်းအမှတ် ကျောက်တိုင်တွင် စောင့်ကြပ်နေသော ထိုင်းစစ်သားများ (ဓာတ်ပုံ – Reuters)

ခက်ထန်၊ ဧရာဝတီ

အာဆီယံနိုင်ငံများနှင့် အာရှဒေသအတွင်း တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများပြီးလျှင် ဒုတိယ အာရုံအစိုက်ခံရဆုံးမှာ ထိုင်းနိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်နေမှု ဖြစ်သည်။ ၆ လကြာ နိုင်ငံရေး တင်းမာမှုများနှင့် ပဋိပက္ခအတွင်း လူအသေအပျောက်များ ရှိပြီးနောက် စစ်အုပ်ချုပ်ရေး ကြေငြာခဲ့သော်လည်း ၂ ရက်အကြာတွင် စစ်အာဏာသိမ်းမှုအထိ ခရီးဆိုက်ခဲ့သော ထိုင်းနိုင်ငံရေးမှာ လွယ်ကူစွာ ပြေလည်နိုင်မည့် အနေအထား မရှိသေးပေ။

ဖုယာ့ထိုင်းပါတီမှ ဝန်ကြီးချုပ်ဟောင်း မစ္စ ယင့်လတ်နှင့် ရှပ်နီခေါင်းဆောင်များ၊ အတိုက်အခံဖြစ်သော ဒီမိုကရက်တစ်ပါတီမှ မစ္စတာ ဆုထေ့ပ် အပါအဝင် ခေါင်းဆောင်များကို အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ဦးဆောင်သော အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (National Peace and Order Maintaining Council – NPOMC) က ခေါ်ယူညှိနှိုင်းသော်လည်း အဆင်မပြေခဲ့ပေ။ မစ္စ ယင့်လတ်နှင့် မစ္စတာ ဆုထေ့ပ်အပါအဝင် နှစ်ဖက်ခေါင်းဆောင်များကို ယာယီထိန်းသိမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

အာဏာသိမ်းမှု နောက်ဆက်တွဲများအဖြစ် မီဒီယာများကို တင်းကြပ်ခြင်း၊ အစိုးရအဖွဲ့အတွင်း ရာထူးအရွှေ့အပြောင်းများ ပြုလုပ်ခြင်း၊ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်း၊ လွှတ်တော်ကို ဖျက်သိမ်းခြင်းများ ဆက်တိုက် ပေါ်ပေါက်လာသည်။

၂၀၀၆ ခုနှစ်တွင် ပြည်ပသို့ ခရီးထွက်နေသော မစ္စတာ သက်ဆင်ထံမှ ဗိုလ်ချုပ်ကြီး ဆွန်ထိ၏ “ပိုးသားကဲ့သို့ ချောမွေ့သော” အာဏာသိမ်းမှုနှင့် ယှဉ်လျှင် ယခု ဗိုလ်ချုပ်ကြီး ပရာယွတ်၏ အာဏာသိမ်းမှုက တပ်များ နေချထားမှု၊ ညမထွက်ရ အမိန့်များဖြင့် အကိုင်အတွယ်ကြမ်းသည်ဟု Asia Times အရှေ့တောင် အာရှရေးရာ အယ်ဒီတာ ရှောင် ခရစ်စပင်းက ရေးသားသည်။

Continue reading

Advertisements

Leave a comment

Filed under Article, Thailand

ထိုင်း-လာအိုနယ်စပ် မုန် ဒုက္ခသည်အရေး

ခက်ထန်

မကြာသေးမီက ထိုင်းရေတပ်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က စက်လှေနဲ့ ခိုးဝင်လာသူတွေကို အင်ဂျင်စက်ဖြုတ်ပြီး လှေကို ပင်လယ်တဲ့ ပြန်မျှောလိုက်တဲ့ မတရားသဖြင့် ဆက်ဆံမှုကြောင့် ကမ္ဘာ့မီဒီယာတွေ အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒီလိုပဲ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ အဖြစ်အပျက်မျိုး ထိုင်းနဲ့ လာအိုနယ်စပ်မှာ ထပ်မံဖြစ်နေပါတယ်။ ထိုင်းနဲ့ လာအိုနယ်ခြားမှာ ပျံ့နှံ့နေထိုင်တဲ့ မုန် (Hmong) လူမျိုး ဒုက္ခသည်တွေ ကိစ္စပါ။ မြန်မာပြည်က ဒုက္ခသည်တွေရဲ့ အဖြစ်နဲ့ နှိုင်းယှဉ်လေ့လာနိုင်ဖို့ တင်ပြလိုက်ပါတယ်။

ထိုင်းအာဏာပိုင်တွေက အခု ၂၀၀၉ ဇွန်လမှာ မုန်လူမျိုး ဒုက္ခသည် ငါးထောင်ကို လာအိုကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ ဘန်ကောက်အစိုးရနဲ့ ဗီယန်ကျင်းအစိုးရဟာ မုန်ဒုက္ခသည်တွေကို စစ်အေးခေတ်ရဲ့ ခေတ်မရှိတော့တဲ့ အကြွင်းအကျန်နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာမှာ အဟန့်အတားဖြစ်နေတဲ့ လူမျိုးစုတွေလို့ မြင်နေပါတယ်။ မုန်လူမျိုးစုတွေဟာ ၁၉၆၁ ကနေ ၁၉၄၇ အတွင်း ကွန်မြူနစ် ပတ်ထက် လာအိုနဲ့ မြောက်ဗီယက်နမ်တွေကိုတိုက်ဖို့ အမေရိကန်က လေ့ကျင့်ပေး၊ ထောက်ပံ့ပေးထားတဲ့ ပြောက်ကြားတပ်သားများ အဖြစ် အသုံးချခံခဲ့ရပြီး အခုမုန်လူမျိုးစုတွေက အဲဒီတပ်ဖွဲ့ရဲ့ လက်ကျန် အဆက်အနွယ်တွေလည်းပါပါတယ်။

Continue reading

1 Comment

Filed under Anthropology, Ethnic Minority, Human Rights, Thailand

A Chaw Ko Tauk

အပြုံးများနဲ့ မြေလို့ သူတို့ဖာသာ နာမည်ပေးထားတဲ့ ထိုင်းကို စရောက်တာနဲ့ သတိထားမိကြမှာက ထိုင်းမှာ အခြောက် (Gay) ပေါများခြင်းပါပဲ။ ထိုင်းမှာက ၁၆ နှစ် ၁၇ နှစ်လောက်ဆို မိဘ လက်အောက်က လွတ်ကြပြီ။ သီးခြားနေကြပြီ။ ဒီတော့ မြန်မာမှာလို ထိန်းချုပ်မှုမရှိဘဲ ငယ်ငယ်က ခြောက်ချင်တဲ့သူဟာ ကြီးကောင်ဝင်စမှာ လုံးဝ ခြောက်တော့တာပါပဲ။

တစ်ခါတုန်းက ချင်းမိုင်မြို့ထဲက သာပယ်ဂိတ်နားမှာ ထိုင်နေတုန်း ထိုင်းရဟန်းပျိုတစ်ပါး လမ်းလျှောက်လာတာ သတိထားမိတယ်။ မျက်နှာမှာ မိတ်ကပ်ကို ပါးပါးလေး လိမ်းထားတော့ ဖြူနေတယ်။ ထိုင်းဘုန်းကြီးတွေ မျက်ခုံးမွှေးပါရိတ်ရပေမယ့် ဒီကိုယ်တော်က ခဲနဲ့ မျက်ခုံးမျှင်မျှင်လေးဆွဲထားတာ စင်ဒီကရောဖို့ဒ် မျက်ခုံးမျိုး။ သင်္ကန်းကိုလည်း ဝါနေလို့သာ သင်္ကန်းမှန်း သိရအောင် ပိရိပြားချပ် အထူးသဖြင့် ဘေးဘက်မှာ တင်များများပေါ်အောင် ဝတ်ထားပါတယ်။ သင်းပိုင်က ပါးလွန်းတော့ သူဝတ်ထားတဲ့ အတွင်းခံဘောင်းဘီ ဒီဇိုင်းတောင် မြင်နိုင်သေးတယ်။ အဆိုးဆုံးကတော့ သူဝတ်ထားတာ မိန်းမဝတ် အတွင်းခံဆိုတာကို ယောင်္ကျားလေးတွေတောင် မြင်တာနဲ့ သိပါတယ်။ အဲဒီ ကိုယ်တော်ခြောက်ကလည်း ဒါကိုပဲ အသားယူ စိတ်ကျေနပ်ဟန် တူပါတယ်။ လက်ဖျားလေးကော့ ဖင်ကလေး လှုပ်ပြီး လျှောက်သွားလိုက်တာ ကျုပ်မှာ ရယ်ချင်လိုက်တာ။ ဘေးနားက ထိုင်းတွေကတော့ ဖာသိဖာသာပဲ။

Continue reading

Leave a comment

Filed under Thailand

His Majestry of Thailand

ထိုင်းဘုရင်ကို ဂုဏ်ပြုထုတ်ဝေတဲ့ ဘတ် ၆၀ တန် ငွေစက္ကူပါ။ အလျားက သာမာန် ပိုက်ဆံအရွယ်ပေမယ့် အနံကတော့ သာမာန်ပိုက်ဆံဆိုဒ်ရဲ့ နှစ်ဆလောက်ရှိပါတယ်။ ကျနော်မြင်ဖူးသမျှ ပိုက်ဆံထဲမှာ အကြီးဆုံးပါပဲ။ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်သလို ထိုင်းတွေဟာ သူတို့ ဘုရင်ကြီးကို သိပ် မြတ်နိုးတယ်။ ဆောင်းပါးတစ်ခုမှာ ကျနော်ဖတ်ဖူးတာက သူတို့တစ်ယောက် သေပေးလို့ ထိုင်းဘုရင်ကြီးအသက်တစ်ရက်ပိုရှည်မယ်ဆိုရင် သေပေးမယ့်ထိုင်းတွေ အများကြီး ရှိပါသတဲ့။ ဘုရင်ကြီးဟာ ရိုးရိုးအေးအေးနဲ့ လူတတ်နိုင်တာမှန်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့လို့ ပြည်သူတွေရဲ့ ချစ်မြတ်နိုးမှုကို ခံရတာပါပဲ။

bath-front-side1

baht-back-side1

Leave a comment

Filed under Thailand

Tragedy of Santika Pub

ဆန်ဒီကာ ကြမ္မာဆိုး

ဘန်ကောက်မှာ လူကုံထံတွေ သွားလေ့ရှိတဲ့ ဆန်ဒီကာ ပတ်ဘ် (Santika Pub) ဟာ နှစ်သစ်ကူး ကောင့်ဒေါင်းအပြီး မိနစ် ၂၀ လောက်မှာ မီးရှုးတွေ စနက်နဲ့ မီးထလောင်ပြီး လူပေါင်း ၅၉ ယောက်သေပြီး ၂၄၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ စပိန်ဘာသာနဲ့ ဆန် (သို့) ဇန်ဒီကာဆိုတာ လှပသော သဘာဝလို့ အမည်ရပါသတဲ့။ (ထိုင်းတွေက ဆန်ဒီကာဟု အသံထွက်သည်။) ဒါပေမယ့် မလှမပဇာတ်သိမ်းခဲ့ရတဲ့ ဆန်ဒီကာနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ အဖြစ်ကလေးတွေတွေ့လို့ ပြောပြချင်ပါတယ်။

နုတ်ဆက်ပွဲ ပ�ုစတာ

နုတ်ဆက်ပွဲ ပိုစတာ

ဒီည ချယ်နယ်သရီး တီဗီမှာ ဆန်ဒီကာ အကြောင်း အသေးစိတ် ထပ်ပြပါတယ်။ ကံဆိုးချင်တဲ့ ဆန်ဒီကာဟာ သူတို့ကလပ် ပိတ်သိမ်းတော့မှာမို့ နှစ်သစ်ကူးညမှာ နုတ်ဆက်ပွဲကိုလည်း ကျင်းပနေချိန်ဖြစ်ပါတယ်။ အငှားစာချုပ်ပြည့်ပြီမို့ ၂၀၀၄ မှာ စဖွင့်ခဲ့တဲ့ သူတို့ကလပ်ကို ပိတ်ပစ်တော့မှာမို့ အမှတ်တရ ဆန်ဒီကာ ကလပ်အကြောင်း အခွေကိုလည်း လက်ဆောင်ပေး၊ နုတ်ဆက်ပွဲကိုလည်း နှစ်သစ်ကူးညမှာ တစ်ပါတည်းကျင်းပကြတယ်။

Continue reading

Leave a comment

Filed under News, Thailand

Protected: Ecology without Borders

This content is password protected. To view it please enter your password below:

Enter your password to view comments.

Filed under Burma, China, Comparative Studies, Cross-Border Studies, Lao, Myanmar, Political Ecology, Summary, Thailand

Protected: Modern Nation-State and Power Relation over Natural Resources: The Case of Thailand

This content is password protected. To view it please enter your password below:

Enter your password to view comments.

Filed under Nation-State, Natural Resource Management, Paper, Political Ecology, Thailand