Category Archives: Literature

“ငါ မေ့နေခြင်းများ”

“ငါ မေ့နေခြင်းများ”

စိတ်တွေက
ရိုလာကိုစတာ ဖြစ်နေတယ် …။

အီလျာ အာရင်ဘာ့ဂ်ရဲ့
လူကြီးပိုင်း ဆင်ခြင်ချက် သံဝေဂ …
ဆရာဇော်ဂျီရဲ့
ရသစာပေ ဂီယာထိုးမှုတွေကြားမှာ
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာနေရတယ် …
ဝေးသွားလိုက် … နီးလာလိုက်ပေါ့။

တရားမမျှတမှုတွေကြားမှာ
ငါကရော တရားမျှတတာ
ဘယ်လောက်ရှိသလဲ
စာမေးပွဲစစ်
မဖြစ်ညစ်ကျယ်နဲ့
တကယ်က အနှစ် ၄၀ ရှိပြီ
မှား၏ မှန်၏
ပေါင်ချိန်စက် မရှိချေ။

ရောဂါဘယ ချဉ်းနင်းရင်
သေခြင်းကို စဉ်းစားတာ
ကိုယ့်ဟာကိုယ် အံ့သြမိတယ်
မပြောမရှိနဲ့
ဟော … ကြည့်
တတိတိ လှီးဖြတ်မှုမှာ
တခြားသော ပယောဂအရာကို ရှာမတွေ့
ငါမေ့နေတဲ့အထဲ ပါသွားပြီ။

(သင်ကာ)

ဥသြတွေ ဆွဲနေချိန်
အင်တာနက်ကလည်းရ နေသေး
ဇူလိုင်၊ ၂၀၁၈

Advertisements

Leave a comment

Filed under Literature, Poem

“နာရီက သတိပေးသော စိတ်တစ်ခဏများ”

“နာရီက သတိပေးသော စိတ်တစ်ခဏများ”

(၁)
ပထမ ခြေဖမိုးက အကြောနာတာ … နောက်ရက်ကျ ခြေချောင်းကို ရွေ့သွားတယ် … နောက်ရက်ကျ ခြေဖဝါးတစ်ခြမ်း … အကုန်ပျောက်သွားတော့ ခြေဖနောင့် လာနာနေတယ် … ဘာကြောင့် ဘယ်လို ရွေ့ပြီးနာတယ်ဆိုတာ နားမလည်တော့ဘူး …

(၂)
ငြိမ်နေရတော့ စိတ်ဓာတ်က ကျချင် …

Continue reading

Leave a comment

Filed under Essay, Literature

တောင်ကြီးတက္ကသိုလ်မှာ ဖတ်ကြားတဲ့ စာတမ်းတချို့


ဂုံရှမ်းတိုင်းရင်း သားလူမျိုးစုများ၏ ဂုံရှမ်းစာပေနှင့် ပိဋကတ်သမိုင်း စာတမ်း – ဦးစိုင်းကျော်ကျော်

လီဆူ (ဗုဒ္ဓဘာသာ) လူမျိုးစုများ၏ လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှု စာတမ်း – ဒေါ်ကေသီလှိုင် (ဗျာအား မီးလူး)

အာခါတိုင်းရင်းသား လူမျိုးစု၏ အာခါအမျိုးသား ယဉ်ကျေးမှုနှင့် စာပေစာတမ်း – ဦးမင်းညို

”ဝ” တိုင်းရင်းသား လူမျိုးစု၏ ”ဝ” လူမျိုးတို့၏ သမိုင်းအစနှင့် စာပေယဉ်ကျေးမှု စာတမ်း – ဒေါ်ဒီးနာလု

လားဟူတိုင်းရင်းသား လူမျိုးစု၏ လားဟူတိုင်းရင်းသား ဘာသာ စကားနှင့် စာပေရှင်သန်မှု အလားအလာ စာတမ်း – ဦးနိုးဝေ (ခ) NOEL KYA HEH

Continue reading

1 Comment

Filed under Anthropology, Ethnic Minority, Literature, Research

Shwe Pyi U Ba Tin

UHKshwephyeUbatinsapay2

တလောက ရွှေပြည်ဦးဘတင် ဟောပြောတာတွေ ဖတ်ချင် နားထောင်ချင်တယ်လို့ ပြောတာ ဘယ်သူလဲတော့ မမှတ်မိဘူး … မေးလ်တွေ ပြန်စစ်ရင်း ဒီလင့်ခ်ပြန်တွေ့တယ် …

Pls CLICK HERE

Leave a comment

Filed under History, Literature

မတူးတူးသာရဲ့ ပထမဆုံး လုံးချင်း

အမည် – ဖွတ်ဒင်

ရေးသူ – တူးတူးသာ

အမျိုးစား – သရော်စာ၊ ဝတ္ထုတို

လက်ဆောင်ပေးသော မတူတူးသာကို ကျေးဇူးပါ။

11692792_395868980611044_991236251463865523_n

1 Comment

Filed under Literature, Short Story

Niruttidipani

Niruttidipani

နိရုတ္တိဒီပနီ အင်္ဂလိပ်ဘာသာပြန်

Light on Pāḷi Pronunciation

from Niruttidīpanī
Light on Grammar

by

Ledi Sayadaw

translated by
Ānandajoti Bhikkhu

နိရုတ္တိ ဒီပနီ၊ နိဿ      ယ နံကျဉ်း

Download Link …

Leave a comment

Filed under Book, e-Book, Literature

Democracy – Maghadewa Linkar Thit 2

များထု လူဗိုလ်၊ ပွားကုသိုလ်ဖြင့်၊ အလိုသမ္မာ၊ ပြည်ရွာ တိုင်းကား၊ မချောက်ချားဘဲး၊ တရား ဆောက်တည်၊ ပညာစည်၍့၊ ခိုင်ကျည် မယွင်း၊ မင်းနှင့် ပြည်သူ၊ ရှင်-လူတကာ၊
ပွင့်လင်းသာလျက်၊ မေတ္တာမပျက်၊ စောင့်ရှောက် ဘက်ပြီး၊ အောက်ထက်
ညာ-ကြေ၊ ကမ္ဘာမြေထက်၊ ကြည်း-ရေခရီး၊ ပိတ်မဆီးဘဲး၊ စက်မီး ဓာတ်မီး၊ တညီးညီးတိ၊ လူစီးရထား၊ သင်္ဘောအားဖြင့်၊ နေ့သွား ညသွား၊ မခြား ထူပြော၊ စိတ် မနောတိုင်း၊ ရေကြော မြေကြော၊ တောင်-တော
ဖြတ်နှင်၊ လေးကျွန်းရှင်တို့၊ လေးခွင် ဒီပါ၊ လှည့်သောခါသို့၊ စကြာ ပေါ်ဆိုက်၊ ခါတော်ခိုက်ဝယ် …

(မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ ပထမပိုင်း၊ နိဒါန်းခဏ်း၊ အပိုဒ် ၁၀)

Leave a comment

Filed under Classic, Literature, Maghadewa Linkar Thit, Poem