Tag Archives: Development

The encampment occupied by protesters burns at the Letpadaung mine following a crackdown on the morning of November 29 last year. Pic: AP

The encampment occupied by protesters burns at the Letpadaung mine following a crackdown on the morning of November 29 last year. Pic: AP

တဖက်က “နိုင်ငံ့ အကျိုးစီးပွား” အဖြစ်ကြည့်တယ် … တဖက်က ဒေသခံတွေက သူတို့ “ဓားမဦးချ အကျိုးစီးပွား” ကို မြင်တယ် …။ “ဥပဒေ” ဟာ ဒီနှစ်ခု စလုံးအပေါ်မှာ မတည်ဘူး။

အဓိက တရားခံက ဆယ်စုနှစ်ချီ “တရားလက်လွတ်” လုပ်သွားမှုတွေပဲ …။
ဒါပေမယ့် ဒီကိစ္စရဲ့ အမယ်ဘုတ် သူ့ချည်ခင်ကို တာဝန်မခံဘူး …။ ချည်ခင်ကို ဖြည်ချင်သူတွေကလည်း “လူတူပြီး မူမတူတာ” ကို မကွဲပြန်ဘူး။

အဓိကကို မရှာဘဲ … အကြောင်းပြကောင်းစွာနဲ့ ဆင်ခြေကန်ကြရင် … ကန်နိုင်သလောက် မှန်တဲ့ သမုတိသစ္စာ ဖြစ်မှာပဲ …။ သဘောအားဖြင့် နှစ်ဖက်စလုံးက မှန်တယ် …။

ဒါပေမယ့် နှစ်ဖက် အဖြေထွက်မယ့် … လက်ခံနိုင်မယ့် … အကြောင်းရင်းကို လက်ခံရဲတဲ့ ပရမတ္ထသစ္စာကိုတော့ ဘယ်တော့ ရောက်မှ မဟုတ်ဘူး …။ သဘောအားဖြင့် solution ထွက်မလာဘူး …။ အမုန်းတရားနဲ့ နားလည်မှုပဲ ထွက်မယ် …။

Continue reading

Leave a comment

Filed under Development, Environmentalism, Natural Resource Management, Sustainable Development

Attahi Attano Nahto Adam Smith

Attahi Attano Nahto Adam Smith by Dr. Mg Mg Soe. Living Color Magazine, June 2005, Pg 151-153.

Dr. Maung Maung Soe (Eco)

Pls click on page to enlarge.

Continue reading

Leave a comment

Filed under Development, Economics

Fifty Key Thinkers on Development

ဖွံ့ဖြိုးရေးနယ်ပယ်မှ ပဓာန တွေးခေါ်ပညာရှင် ၅၀

သင်ကာ

ဒီစာအုပ်ကို မာတိကာလောက် စာရင်းတင် ဘာသာပြန်မယ်ဆိုပြီး ကျောင်းက စင်တာမှာ သွားသွားရှာတာ မတွေ့ဘူး။ ဘယ်သူငှားထားတယ်တော့မသိဘူး၊ ကြာပြီ။ အခု ဂူဂယ်စာအုပ်မှာ တွေ့လို့ ဆန္ဒပြည့်ပါပြီ။ ဒါပေမယ့် ရေးရင်းနဲ့ ဂူဂယ်စာအုပ်မှာ အကုန် မရနိုင်တာမို့ ရှိသလောက် မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီစာအုပ်ကို ဒေးဗစ် ဆိုင်မွန် (David Simon) က တည်းဖြတ်ပြီး Routledge က ၂၀၀၆ မှာ ထုတ်ဝေတယ်။ Development Studies ကျောင်းသားတွေ ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။ အတော်များများရဲ့ အယူအဆတွေကို သင်ရဖူး၊ ဖတ်ဖူးပေမယ့် လုံးဝ မသိတဲ့၊ မကြားဖူးတဲ့ တွေးခေါ်ပညာရှင်တွေလည်း ပါပါတယ်။

၁။ အဒီဘာယို အဒီဒီဂျီ Adebayo Adedeji (1930- )

♣ (BSc, Dip. in PA, MPA, နိုက်ဂျီးရီးယား)

၂။ အနီးလ် အဂရာဝယ်လ် Anil Agarwal (1947-202)

♣ (အိန္ဒိယ။ တက်ကြွလှုပ်ရှားသူ၊ ဂျာနယ်လစ်နှင့် ပညာရှင်။ ဆင်ရဲသားတို့ဘက်မှ အမြင်ဖြင့် သဘာဝပတ်ဝန်းကျင် ပြဿနာကို ပြန်လည်ဆန်းစစ်သူ၊ ထိုသို့ ဆန်းစစ်တင်ပြရာ၌လည်း အင်အားကြီးမားသည့် အဖွဲ့အစည်းများနှင့် အစိုးအရကို အကြောက်အလန့်မရှိ စိန်ခေါ်ရဲသူ သဘာဝဝန်းကျင်ထိမ်းသိမ်းရေးသမား။)

၃။ အီလ်မာ အယ်လ်ဗာတာ Elmar Altvater (1938- )

♣ (ဂျာမနီ။ ဝေဖန်ဆန်းစစ် နိုင်ငံရေးဘောဂဗေဒဂိုဏ်းကို ကိုယ်စားပြုသူ။ အရင်းရှင် ကုန်ထုတ်လုပ်မှုနည်းလမ်း၏ အကန့်အသတ်များကို စနစ်တကျနှင့် ပဋိဘာန်သုံး၍ လေ့လာသုံးသပ်သူ။)

၄။ ဆမီယာ အေမင် Samir Amin (1931- )

♣ (အီဂျစ်။ မာ့က်စ် ဖွံ့ဖြိုးရေးသီအိုရီ၊ အရင်းရှင်စနစ်ကို အပြင်းအထန် ဝေဖန်ရေး၊ အစွန်းရောက် နိုင်ငံရေး ဘောဂဗေဒသမား၊နှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို ချန်ပီယံမြောက်လောက်အောင် အကြောက်အကန် ဆန့်ကျင်သူ အာရပ်တွေးခေါ်ပညာရှင်။)

၅။ အေ. တီ. အရိယာရတ္တနေ A. T. Ariyaratne (1931- )

♣ (သီရိလင်္ကာ။ အရင်းရှင်စနစ်နှင့် ဆိုရှယ်လစ်စနစ် နှစ်ခုစလုံးမှ ကင်းလွတ်မှုဖြင့် ဖွံ့ဖြိုးရေးလမ်းကြောင်းသစ်ကို လျှောက်ရန်အားထုတ်သူ။ သီရိလင်္ကာ၏ ဆင်းရဲမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးရေးကို လုပ်ဆောင်နေသော အကြီးဆုံး NGO ကြီးဖြစ်သည့် ဆာဗိုဒယာ ရှရာမန်ဒန (စရ်ဝုဒယ စရမဒါန – Universal Awaking for the Gift of Labour) အဖွဲ့ကြီး၏ ခေါင်းဆောင်။)

၆။ ဂျဂဒက် ဘဂဝတီ Jagdish Bhagwati

♣ (အိန္ဒိယ။ လွတ်လပ်စွာကုန်သွယ်မှုသည် အရေးကြီးသော ကောင်းမွန်သည့်အင်အားစု တစ်ခုအဖြစ် ယုံကြည်လျက် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံနှစ်ခုလုံး၌ ကုန်သွယ်ရေးမူဝါဒကို လေ့လာသုံးသပ်ခြင်းနှင့် သဘောတရားထုတ်ခြင်းတို့ကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သူ။ သူ၏ အိုင်ဒီယာများသည် အန္ဒိယ၌သာမက ပြည်ပနိုင်ငံများ၌ပါ စီးပွားရေးမူဝါဒချမှတ်ရာ၌ လွှမ်းမိုးမှုရှိခဲ့သည်။)

၇။ ပီယာ့စ် ဘလိုင်ကီး Piers Blaikie (1942- )

♣ (ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံရေးတို့တွင် ရှိနှင့်ပြီး သဘောတရား၊ အများလက်ခံထားသည့် သင်္ကေတ (Symbol) နှင့် အမှတ်အသားပုံရိပ် (Image) တို့ကို ဖောက်ထွက်ပစ်၊ ချေဖျက်ဆန်းစစ်ပစ်သည့် ထင်ရှားသော အိုကွန်နိုကလစ် (Iconoclast) တစ်ယောက်ဖြစ်သည်။)

Continue reading

2 Comments

Filed under Biography, Development, Research

Protected: Village: Object of Development or Source of Culture?

This content is password protected. To view it please enter your password below:

Enter your password to view comments.

Filed under Burma, Comparative Studies, Development, Essay, Myanmar

Protected: New Understanding of Development: Contribute By Poststructuralism and its Discourse Analysis

This content is password protected. To view it please enter your password below:

Enter your password to view comments.

Filed under Development, Essay, Poststructuralism, Theories and Concepts