Tag Archives: IT & Blogging

The End User

ကျနော်ကတော့ ယူနီကုဒ်ရော ဇော်ဂျီရော သုံးတယ် … တချိန်တုန်းက ကိုယ့် Blog ကို ယူနီကုဒ်နဲ့ပဲ နှစ်ချီ ရေးဖူးတယ် …

ယူနီကုဒ် စနစ်သုံး ဖောင့်တွေသုံးရတာ အတော်သဘောကျတယ် … စာရိုက်ရတာလည်း စမတ်ကျတယ် … စာမူတချို့ကိုလည်း ယူနီကုဒ်နဲ့ သိမ်းထားတယ် …

မြန်မာ ဝီကီပီဒီယားမှာဆို ယူနီကုဒ်ဖောင့်နဲ့ပဲ အများကြီး ရေးခဲ့ … တည်းခဲ့တယ် … ခုလည်း မေ့လောက်ရင် တခါ သံယောဇဉ် မပြတ်လို့ သွားသွားကြည့်ပြီး လိုတာ ဝင်လုပ်တုန်းပဲ …

ဒါပေမယ့် အလုပ်အတွက် စာမူတည်းဖြတ်တာ … ချတ်တင်ပြောတာ … ဖုန်းကနေ သုံးတာ … အခု ဖေ့စ်ဘုတ်မှာ စာတင်တာ ရေးတာတွေကတော့ ဇော်ဂျီကိုသာ မဖြစ်မနေသုံးနေရဆဲပဲ …

End user တယောက်အနေနဲ့ကတော့ လှေတတန် လှည်းတဖုံ အဆင်ပြေအောင် သုံးနေရဆဲပဲ …

Font Converter အနေနဲ့က ဒီဆိုဒ်လေးကို လက်တို့ချင်ပါတယ်။

 

Advertisements

Leave a comment

Filed under Blogging, IT & Blogging

200 IT and Computer Books (in Myanmar)

Screen Shot 2013-01-23 at 11.50.23 AM

ကွန်ပြူတာ၊ အိုင်တီနဲ့ ပတ်သက်တဲ့ လျှပ်စာအုပ် (e-Book) ၂၀၀ ကို စုစည်းထားတဲ့နေရာကို တွေ့လို့ မျှဝေလိုက်ပါတယ်။ မြန်မာလို ရှင်းလင်းရေးသား ထားတာဖြစ်ပြီး ဆောင်းပါးပုံစံတွေကနေ စာအုပ် အပြည့်အစုံအထိ ပါပါတယ်။

ဒီနေရာမှာ ကြည့်ပါ။ CLICK HERE

mm thinker

Leave a comment

Filed under e-Book, IT & Blogging

တရားခံ ဘယ်သူလဲ …?

စစ်အစိုးရရဲ့ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေကို ပြည်ပနေ DDoS နဲ့ တိုက်နေတာ ၄ ပတ်လောက် ရှိပါပြီဆိုပြီး ရတနာပုံက ကြေညာတာ တွေ့ရပါတယ်။

တကယ်တမ်း သူတို့ ပြောသလိုသာ အဲဒီလောက် ကြာကြာ တိုက်မယ်ဆိုရင် ဒေါ်လာသန်းချီပြီး ကုန်မယ်လို့ အိုင်တီပညာရှင်တွေက ပြောတာကြောင့် ဒါကလည်း ယုတ္တိတန် မတန် စဉ်းစားစရာ ဖြစ်နေပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ISP ရဲ့ DNS ဆာဗာကို တိုက်ခိုက်တာ မဟုတ်ဘဲ အင်တာနက် သုံးစွဲမှု ရပ်သွားအောင် တိုက်ခိုက်ပါတယ်ဆိုပြီး ဖော်ပြထားလေတော့ ဘာကြောင့်များ ရွေးကောက်ပွဲ နီးကာမှ အင်တာနက် မသုံးနိုင်အောင် ရွေးတိုက်ရသလဲ ဆိုတာကလည်း တွေးတွေးပြီး ရယ်စရာ ဖြစ်နေပါတယ်။

သူတို့ကတော့ အခု တိုက်ခိုက်မှုဟာ နိုင်ငံတော် ဆိုက်ဘာ ခြိမ်းခြောက်မှု အဆင့် (National Cyber Threat Level) ဆိုပြီး ပြောထားပါတယ်။

Continue reading

Leave a comment


Copy & Paste Media

Copy & Paste Media
ကူးတင် မီဒီယာများ

သတင်းတွေကို ပြည်တွင်း ပြည်ပ မီဒီယာအသီးသီးနဲ့ ဆိုဒ်တွေကနေ ကူးတင်တဲ့ ဝက်ဘ်ဆိုဒ်တွေကို သတိထားမိနေတာ ကြာပါပြီ။ မြန်မာ ဘလော့ဂ်တွေလည်း ခရက်ဒစ်ပေးပြီးတော့ပဲ ဖြစ်ဖြစ်၊ ပေးရကောင်းမှန်း မသိလို့ဘဲ ဖြစ်ဖြစ်၊ တမင် မပေးချင်လို့ပဲဖြစ်ဖြစ် သတင်းတွေ၊ ဆောင်းပါးတွေ၊ စာစုတွေကို ကူးတင်နေကြတာကတော့ ကြာပါပြီ။ ဒီလို ကူးတင်ကြပေမယ့် ဘယ် သတင်း၊ မီဒီယာ ဌာနကမှ အပြစ်တင် ပြောဆိုတာမျိုးမှလည်း မကြားဖူးပါဘူး။ ကျော်လို့ ခွလို့ မရသူတွေ၊ သတင်းဆိုဒ်တွေကို မရောက်ဖြစ်သူတွေ ဖတ်ဖြစ်သွားတာပေါ့ ဆိုပြီး မုဒိတာ ထားကြလိမ့်မယ် ထင်ပါတယ်။

ဒါပေမယ့် ဝက်ဘ်ဆိုဒ်ထောင်ပြီး ရှိသမျှ သတင်းတွေ အကုန်သိမ်းကြုံးတင်၊ ခရက်ဒစ်ကို မထင်မရှားပေး၊ နာမည်ကို ထင်ယောင်ထင်မှား ဖြစ်စရာ တပ်ပြီး “မီဒီယာ” အမည်ခံသူတွေကိုတော့ ဘလော့ဂ်လို အမျိုးအစားထဲ ထည့်ပြီး ခွင့်လွှတ်ဖို့ ခက်ပါလိမ့်မယ်။ ရှိသမျှ ၏သည် မရွေး ကူးတင်ပြီးတော့ အယ်ဒီတာ အမည်ဝင်ပြီး ဂုဏ်ခံသေးတာကလည်း သာပြီး ဆိုးရွားလှပါသေးတယ်။ ဒါကြောင့် ကူးတင် မီဒီယာ (Copy & Paste Media) လို့ အမည် သညာ တပ်လိုက်ပါတယ်။

Continue reading

1 Comment

Filed under IT & Blogging, Journalism, Media

Convert Web to PDF

Web to PDF link http://www.web2pdfconvert.com/

Add your site link.

Continue reading

9 Comments

Filed under IT & Blogging

For the Domestic Media to be Aware

ပြည်တွင်းမီဒီယာတွေ သတိထားဖို့

ပြည်တွင်းက မီဒီယာသမားတွေမှာလည်း ကိုးကား ရည်ညွှန်းစရာက ရှားလေတော့ ဘာမဆို အင်တာနက်မှာ ရနိုင်တယ်ဆိုပြီး အချက်အလက်တွေ၊ ပုံတွေကို အင်တာနက်မှာ ရှာကြတယ်။ ကျနော် သတိထားမိသလောက် လွန်ခဲ့တဲ့၂ နှစ်လောက်အထိ ဒါက ပြဿနာ မပေါ်သေးဘူး။ ရွှေဝါရောင်တော်လှန်ရေးနဲ့ နာဂစ်အပြီး မြန်မာဘလော့ဂ်လောကက ဝုန်းကနဲ အရွယ်ရောက်သွားတယ်။ မြောက်များစွာသော စာတွေ ပုံတွေ အင်တာနက်ထဲက မြန်မာကွန်းတန့်အောက်မှာ ပါလာတယ်။ တချို့ဟာတွေက ထင်တိုင်းသုံးလို့မရဘူး။ အေပီတို့ ရိုက်တာတို့က ပုံတွေ စာတွေ ယူသုံးလည်း ဘယ်သူမှ တရားလာမစွဲဘူး။ သို့သော် သိလွယ် ကွန်ပလိန်းတက်လွယ်တဲ့ မြန်မာအွန်လိုင်း ကွန်မြူနတီကြီး ဖြစ်လာတော့ သူတို့ဖန်တီးတာကို အလွယ်ယူလို့ မဖြစ်တော့ဘူး။

ဒီအချက် ပေါ်ပေါ်ထင်ထင်ဖြစ်လာတာက ကိုမောင်လှရဲ့ ဓာတ်ပုံတစ်ပုံကို ပြည်တွင်းဂျာနယ်တစ်ခုက ယူသုံးမိတာက စတာပဲ။ အင်တာနက်ထဲ ကီးဝါ့ဒ်ရိုက်ထည့်၊ ပုံကြီးထွက်လာတော့ ကော်တာပဲဆို ကောက်သုံး၊ ဟော ပိုင်ရှင်က ဒက်ကနဲသိတော့ အထင်လွဲကုန်ရော။

တနေ့က စာတစ်ပုဒ်ပို့လာတယ်။ ပြည်တွင်းမဂ္ဂဇင်းမှာ အင်တာနက်က ရတာပါဆိုပြီး ဖော်ပြထားလို့တဲ့။ ဒါနဲ့ ကောက်ရှာလိုက်တော့ ဝင်နီ ဆိုတဲ့ ဘလော်ဂါရေးတဲ့ ပို့စ်ဖြစ်နေတယ်။ အဲဒီပို့စ်ကို ဘလော့ဂ်နဲ့ဖိုရမ် အခု ၂၀၀ ကျော်မှာ ကောက်တင်ထားတာကို တွေ့ရတယ်။ ဘလော်ဂါတွေရဲ့စာတွေ ပြည်တွင်းမီဒီယာတွေမှာ ပိုင်ရှင် မသိဘဲ ပါလာတာတွေ ကေ့စ် ရှစ်ခုထက်မနည်း ရှိပြီလို့ ကျနော်တွေ့ရတယ်။ သေချာတာ ဒီ့ထက်များနိုင်တယ်။ ဒီတော့ အင်တာနက်မှာ မြန်မာနဲ့ပတ်သက်လို့ ပုံရှာတာ၊ စာရှာတာတွေ ပြည်တွင်းမီဒီယာတွေ အနေနဲ့ သတိပြုဖို့၊ စိစစ်ဖို့ အချိန်တန်ပါပြီ။

သင်ကာ

ဧပြီ ၂၀၀၉

4 Comments

Filed under IT & Blogging

Copy Right…Copy Left

စာကောင်းလေးတွေတွေ့ရင်၊ ကူးရင်၊ ပို့ရင်

စာကောင်းလေးတွေ တွေ့ရင် ဟေ့ သွားဖတ်လို့ ပြောလို့ မဖြစ်နိုင်သူတွေ ရှိတယ်။ ဒီတော့ ကော်ပီလေးကူးပြီး ပေးလေ့ရှိကြတယ်။ စာကောင်းလေးဟဲ့ဆိုပြီး ဘလော့ဂ်က ကူးလာ၊ ဖိုရမ်က ကူးလာ။ ခက်တာက စာကောင်းလေးမြင်ပြီး ရေးတဲ့သူကျတော့ အသိအမှတ်မပြုကြဘူး။ အဲလိုမျှပြီး ပို့လာတဲ့ မေးလ် ၁၀ စောင်မှာ ၂ စောင်ခန့်လောက်သာ ရေးသူရဲ့ အမည်နဲ့၊ ဆိုင်ရာ လင့်ခ်ပါတယ်။ တော်တော်များများ ဒီတိုင်းကြီးပဲ ရောက်လာတယ်။ ဒါကို မသိတော့ ရတဲ့လူကလည်း ကိုယ့်ဘလော့ဂ်ပေါ်ကောက်တင်ရော၊ သူငယ်ချင်းဆီက ဆိုပြီး။ အဲဒါနဲ့ နေရင်းထိုင်ရင်း သူခိုးဖြစ်ရော။ နာမည်ကြီးဘလော်ဂါတစ်ယောက် ဒီအကွက်ထိဖူးတယ်။ ပြာပြာသလဲ နောက်ကျမှ မှတ်ချက် ထရေးပြီး တောင်းပန်တာ တွေ့ရတယ်။

တချို့တွေကလည်း ကျင့်ဝတ်သတိရှိတယ်။ ရေးသူမပါဘဲ ရောက်လာပါတယ်ဆိုပြီး ထပ်ဖောဝပ်လုပ်ပေးတယ်။ ကျနော်လည်း ကူးပြီး လိုက်ပို့တာပဲ။ ဒါပေမယ့် မူရင်းရရှိရာကို ညွှန်ပေးတယ်၊ နောက်ပြီး ဒါကို ကိုးကားမယ် သုံးမယ်ဆိုရင် ခွင့်ပြုချက်သွားတောင်းပါလို့ မှတ်ချက်ရေးပေးလိုက်တယ်။ ကိုယ်နှစ်သက်မိတဲ့ စာစုရဲ့ ပိုင်ရှင်ကို အသိအမှတ် မပြုသင့်ပေဘူးလား။

မူပိုင်ချင်ခြင်း

သွားသွားဖတ်ဖြစ်တဲ့ နိုင်ငံရေးဘလော့ဂ်တစ်ခု ရှိတယ်။ သူ့မှာတင်တဲ့ ဓာတ်ပုံတွေကို အောက်မှာ ပုံပျက်ပန်းပျက်စာလုံးကြီးနဲ့ နာမည်ထိုးထားလေ့ရှိတယ်။ ခက်တာက အဲဒီပုံတွေက အင်တာနက်မှာ အလကားရတယ်၊ ဒါကို သူ့ဘလော့ဂ်မှာ တင်ခါမှ သူက သူ့ဟာ လုပ်ချင်နေတာ တွေ့ရတယ်။ ခက်ပါဘိ။

သင်ကာ

ဧပြီ ၂၀၀၉

1 Comment

Filed under IT & Blogging