Natter

ထွေရာလေးပါး

(၁)

ဒီလထဲမှာ မွေးနေ့ကို ကျော်ဖြတ်တယ်။ နေ့တွေ ရက်တွေ သိပ်အစွဲအလမ်း မရှိတော့ ဘာမှ လုပ်မနေပါဘူး။ ကိုယ့်ကို ချစ်သူ ခင်သူများက အမှတ်တရ မွေးနေ့ စကားပြောမှပဲ ပြန်အမှတ်ရတယ်။ အဲဒီနေ့ တနေ့လုံး ဘန်ကောက်မှာ ရှပ်နီတွေကို ထိုင်းစစ်တပ်က ခြေမှုန်းတာကို တလျောက်လုံး သတင်းယူ၊ သတင်းရေးနဲ့ အလုပ်တွေ အရင်ကထက်ကို များနေတယ်။

အဲဒီနေ့မှာ ရှပ်နီခေါင်းဆောင်တွေ အညံ့ခံကြတယ်။ ရှပ်နီဆန္ဒပြမှု အသေအပျောက်၊ အကြမ်းဖက်မှု များစွာနဲ့ ဦးကျိုးသွားတယ်။ နောက် ထိုင်းနိုင်ငံရေး ဘယ်လိုတွေ လာမလဲ စောင့်ကြည့်ဆဲ။

Anke Vogel, Title: Being and Nothingness 3 (2007), Material: oil/linen wooden frame

(၂)

ကာဖျူး (မြန်မာပြည်မှာတော့ နေဝင် မီးငြိမ်း အမိန့် ဆိုလားပဲ) စထုတ်တဲ့ ညပဲ အိမ်ကို အချိန်မီပြန်တယ်။ နောက်နေ့ကစပြီး ကာဖျူးအမိန့်ကို ချိုးဖောက်နေတာ မနေ့က အထိပဲ။ ဘာမှမဖြစ်ရင် ဘာမှ မဖြစ်တဲ့ ထိုင်းမှာ ဘာမှတော့ မဖြစ်သေးဘူး။

ချိုးဖောက်တယ်ဆိုတာကလည်း လူနိုင်ရှိတဲ့ဆိုင်မှာ သွား၊ သောက်၊ ငြင်းကြ ပြောကြပေါ့။ (ကာဖျူးမိနေတုန်း “မုခစာအုပ်“မှာ ဝိုင်းစပ်ပေးကြတဲ့ ကဗျာ မကြာမီ တင်မည်)

(၃)

ထက်ထက်မိုးဦးက 7Day ဂျာနယ်လစ်ကို တီးလိုက်တယ်။ ကိုယ့်မြင်ထောင့်ကနေကိုယ် ဝိုင်းရေးလိုက်ကြတာ စုံနေတာပဲ။ ကျနော် မြင်တာကတော့ တမျိုးတဘာသာပါပဲ။ ပွဲအေးမှ ရေးမယ်။

(၄)

ခုတလော အချိုးမပြေသူတွေ အတော်လေး တွေ့ရတယ်။ ကိုယ်ကလည်း သိပ်မပြောချင်တော့သောသူမို့ ပါးစပ်ပိတ်နေတော့တယ်။ ကျေးဇူး မသိတဲ့သူ၊ အရောင်ပြောင်းတဲ့သူ၊ အမောက်မထောင်မချင်း နဂါးမှန်းမသိသူ၊ နှုတ်ကဖွာ ဝမ်းစာဟောင်းလောင်း အောက်ကလိ အာသူ အစုံပါပဲ။ ဆိတ်ဆိတ်နေပေမယ့် ထောင်တန်တဲ့သူ၊ အပြောနည်းပြီး အလုပ်က ခမ်းနားသူတွေလည်း ဆုံနေရပါရဲ့။

(၅)

မွေးနေ့ကျော်တော့ ကိုယ့်ကိုယ်ကိုယ်တော့ ပြန်သုံးသပ်ပါသေးတယ်။ ပွေတာရှုပ်တာတွေ မရှိတော့ပါဘူး။ သောက်တာတော့ မပျက်မကွက်ပဲ။ ကြွားချင်တာတွေ တော်တော် လျှော့သွားတယ်။ မာန်လည်း နည်းသွားတယ်။ ဆံပင်တော့ ရှည်လာတယ်။ အရင်လို မဟောင်ဖွာဘဲ ပါးစပ်ပိတ်နေချင်တာ ဆန်းတယ်။ ဒါလည်း ကောင်းတာပဲ။ စာတွေ ပြန်ဖတ်ဖြစ်ဖို့ ကြိုးစားနေတယ်။ ကံအဆိုးတွေကနေတော့ လွတ်မြောက်ပါပြီ။

(၆)

အတွေးအခေါ်မှာ ထူးမလာဘူး။ ဒါပေမယ့် ဝမ်းစာ စုရမယ်ဆိုတဲ့ သဘောဆိုတာတော့ သဘောပေါက်ပါတယ်။ ပညာရှိနည်းနဲ့ ပေတေတတ်လာတာကလွဲလို့ ဘာမှ မထူးသေးပါဘူး။
သင်ကာ
မေ ၃၀၊ ၂၀၁၀

Advertisements

1 Comment

Filed under Experience, Uncategorized

One response to “Natter

  1. ထွေရာလေးပါး ကို
    အမှတ်စဉ်လိုက်တော့
    ထွေရာခြောက်ပါးဖြစ်သွား၏ 🙂
    =——————————=
    ZaunG

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s