Tag Archives: Gender

“မြင်တာကို ပြောမည်”

မနှစ်တုန်းက မြန်မာ့ စာပေ အဖွဲ့အစည်းတစ်ခုမှာ အမျိုးသမီးတစ်ဦးအပေါ် ထိပါး နှောင့်ယှက်မှု ဖြစ်တော့ ဟောလိဝုဒ်မှာ အစပျိုးခဲ့သလို (မီတူး) ကမ်ပိန်း လုပ်ဖို့ အမြင်ကျယ်ပုံရတဲ့ အမျိုးသမီးတစ်ဦးက အင်တိုက်အားတိုက် နှိုးဆော်တာ သတိပြုမိပါတယ် … ဒါပေမယ့် အမျိုးသမီး အရေး တက်ကြွ လှုပ်ရှားသူ၊ ဟိုအဖွဲ့ ဒီအဖွဲ့တွေ ကိုယ်တိုင်က သိပ်ပြီး ဝန်းရံတာ မတွေ့မိဘူး
ဆလပ် မီတူး # mee too ကမ်ပိန်းကိုပဲ မသိတာလား … သိပေမယ့် မဆိုင်ဘူးထင်လို့ မတက်ကြွတာလားတော့ မသိပါ …

***
ဟောလိဝုဒ်မှာ အရှိန်အဝါကြီးတဲ့ ရုပ်ရှင် ထုတ်လုပ်သူ ဝိန်းစတိန်းက ကနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ မင်းသမီးတွေ အပါအဝင် ဝန်ထမ်းပါမကျန် ဟိုစဉ်ကာလမှာ အဓမ္မနဲ့ မီးခွက်မှုတ်ဇာတ်လမ်းတွေ ခင်းဖူးပါတယ် … အခု တစ်စုတစ်စည်းတည်း ဝိုင်းပြီး ရပ်တည်လိုက်ကြတာ မဟာ ထုတ်လုပ်သူကြီးဟာ ဘဝပျက်နေပါတယ် …

နောက်ဆက်တွဲ ညောင်မြစ်တူး ပုတ်သင်ဥပေါ် ဆိုသလို ဒီဂယက်ဟာ ဟောလိဝုဒ်ကနေ ဗြိတိသျှ ဝက်စ်မင်စတာ ပါလီမန် ကနေ ကမ္ဘာကျော် ကူညီထောက်ပံ့ရေးအဖွဲ့ အောက်စ်ဖန်း … နယ်စည်းမခြား ဆရာဝန်များအဖွဲ့အထိ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု၊ အမြတ်ထုတ်မှုတွေဟာ နေ့စဉ် မြင်ရလွန်းလို့ အံ့သြဘနန်းပါပဲ …

Continue reading

Advertisements

Leave a comment

Filed under Article, Gender, Politics

ဝိန်းစတိန်း အလွန်မှာ ကျရှုံးသူများ – လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှု စွပ်စွဲခံရသူတွေနဲ့ တုံ့ပြန်မှု

သင်ကာ

ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ဝိန်းစတိန်းက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တက်သစ်စ မင်းသမီးတွေ၊ သူ့ရဲ့ ဝန်ထမ်းအမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တာတွေ အတွက် အမျိုးသမီး အများအပြားက ထုတ်ဖော်ပြောဆိုတာ၊ စွပ်စွဲတာတွေကို သန်လျင်ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။

ဒီတစ်ခေါက်မှာတော့ ဝိန်းစတိန်း လိင်အရှုပ်တော်ပုံနောက်မှာ တခြားသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကိုလည်း အမျိုးသမီးတွေက ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုလာတဲ့အတွက် စွပ်စွဲမှု၊ စွပ်စွဲခံရသူတွေနဲ့ စွပ်စွဲချက်ကို အစဉ်လိုက် ဖော်ပြချင်ပါတယ်။

နိုဝင်ဘာ ၁၃ – စတိဗ် ဂျာဗက်ဆန်ဟာ Venture Capital လုပ်ငန်း ပူးတွဲတည်ထောင်သူ၊ Tesla and SpaceX ဘုတ်အဖွဲ့ဝင် ဖြစ်ပါတယ်။ သူဟာ လိင်ပိုင်းဆိုင်ရာ စော်ကာမှုနဲ့ စွပ်စွဲခံရပါတယ်။ သူပူးတွဲတည်ထောင်ထားတဲ့ လုပ်ငန်းကနေ နုတ်ထွက်လိုက်ပြီး ဘုတ်အဖွဲ့ကလည်း ထွက်သွားရပါတယ်။ “ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း ပြောပါရစေ၊ ဒီစွပ်စွဲချက်တွေ တစ်ခုမှ မမှန်ပါဘူး” လို့ တုံ့ပြန်ထားပါတယ်။

Continue reading

Leave a comment

Filed under Article, Gender

အမေရိကန် စစ်တပ်နဲ့ လိင်ပြောင်း စစ်မှုထမ်းများ သမိုင်း

article-2

လိင်ပြောင်းထားသူတွေကို အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်ခွင့် မပြုတော့ဖို့ စီစဉ်နေတယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ကြေညာချက်က LGBT အသိုင်းအဝိုင်းကို အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာစေပါတယ်။

စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ရင်း လိင်ပြောင်းလဲမှုဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူကြတဲ့ “ဆေးစရိတ် ကုန်ကျမှု အမြောက်အမြား” ကို လျှော့ချနိုင်လိမ့် မယ်လို့ သမ္မတ ထရမ့်က အကြောင်းပြပါတယ်။ ဒါပေမယ့် ခွဲခြမ်းစိတ်ဖြာ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ RAND ရဲ့ ၂၀၁၆ ခုနှစ် လေ့လာမှု တစ်ရပ်မှာတော့ လိင်ပြောင်းလဲမှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက် ကုသစရိတ်ဟာ နည်းတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူနေသူတွေကို လိင်ပြောင်းလဲမှုဆိုင်ရာ ခွဲစိတ်ကုသ စောင့်ရှောက်ပေးရတဲ့ စရိတ်ဟာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၄ သန်းရှိပြီး တစ်နှစ်မှာ စစ်မှုထမ်းတွေအတွက် စစ်ဖိနပ်ဝယ်ရတဲ့ စရိတ်ထက် ၀ ဒသမ ၁ ရာခိုင်နှုန်းပဲ ပိုပါတယ်။

Continue reading

Leave a comment

Filed under Article, Gender, International Affairs, MCN, Uncategorized

မြန်မာ့တပ်မတော်က အမျိုးသမီးတွေရဲ့ တွေးခေါ်မြော်မြင်ရေးကို ကန့်သတ်လိုတာလား

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က နေပြည်တော်တွင် ကျင်းပသည့် ဗိုလ်ရှုသဘင်တွင် စစ်ရေးပြနေသော အမျိုးသမီး စစ်သည်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က နေပြည်တော်တွင် ကျင်းပသည့် ဗိုလ်ရှုသဘင်တွင် စစ်ရေးပြနေသော အမျိုးသမီး စစ်သည်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

နန္ဒာဘုန်းမြင့်

ဒီနှစ် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းတွေ ခေါ်ယူရာမှာ ရရှိထားတဲ့ ဘွဲ့အမျိုးအစား ကန့်သတ်မှုတွေ ပါဝင်နေခြင်းက နောက်ဆက်တွဲ စဉ်းစားဖွယ်ရာများ ရှိလို့နေပါတယ်။ အဓိက အနေနဲ့ အဲဒီ လျှောက်လွှာခေါ်ယူရာမှာ ၀ိဇ္ဇာဘာသာရပ်ထဲက တွေးခေါ် မြော်မြင်ရေးကို အဓိကထား သင်ကြားပေးတဲ့ ဒဿနိကဗေဒပညာရပ် (Philosophy) ဘာသာရပ်နဲ့ ဘွဲ့ရထားသူတွေ မပါဝင်လို့ပဲ ဖြစ်ပါတယ်။

ဒါဟာ တပ်မတော်အနေနဲ့ တွေးခေါ်မြော်မြင်ရေးနဲ့ ပတ်သက်မှုတွေအပေါ် အလေးမထားလိုခြင်းလား၊ အမျိုးသမီး ဘွဲ့ရတွေကို ကန့်သတ်ခွဲခြားလိုခြင်း သဘောလားဆိုတဲ့ စဉ်းစားစရာတွေ ဖြစ်လို့ လာပါတယ်။

အရင်ကလည်း ဘွဲ့ရရှိပြီးသူများသာ လျှောက်ထားခွင့်ရှိတဲ့ အစိုးရ ၀န်ကြီးဌာန အလုပ်အကိုင်တွေမှာ ဒဿနိကဗေဒ ပညာရပ်နဲ့ ဘွဲ့ရသူတွေ အနေနဲ့ ကန့်သတ်မှုတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါပေမယ့် အခု သတင်းစာမှာပါတဲ့ ကြော်ငြာချက်ကတော့ တခြား ၀န်ကြီးဌာနတွေမှာလည်း အလုပ်အကိုင် ရရှိဖို့ အခွင့်အလမ်း နည်းပါးသွားတယ်လို့ သတ်မှတ်လို့ ရပါတယ်။

ဒီလို ကန့်သတ်မှုတွေနဲ့ ပတ်သက်လို့ လက်ရှိ ဒဿနိကဗေဒ ဌာနမှာ ပါမောက္ခဌာနမှူး တာဝန် ထမ်းဆောင်နေတဲ့ ဆရာမကြီးတဦးက “တွေးခေါ်မြော်မြင်ရေးကို အဓိကဦးစားပေး သင်ကြားပို့ချတဲ့ ဒဿနိကဗေဒ ပညာရပ်၏ သဘောတရားကို မသိနားမလည် တာကြောင့် အခုလို ကန့်သတ်တာလား၊ တွေးခေါ်အမြော်မြင်မှုဆိုင်ရာ သဘောတရားကို လက်မခံနိုင်တာ ကြောင့်လား ဆိုတာ နားမလည်နိုင်ပါဘူး” လို့ ဆိုပါတယ်။

Continue reading

Leave a comment

Filed under Article, Education, Gender, Human Rights

သိပ္ပံမောင်ဝပြောသော မြန်မာမိန်းမတို့၏ အခြေအနေ (သို့) ထိုခေတ်က မဝါဒ

သိပ္ပံမောင်ဝ ခေတ်စမ်းသမားမဖြစ်မီ ၁၉၃၆ ခုနှစ်က ရေးခဲ့တဲ့ စာတမ်းတစောင် ဖတ်မိတယ်။ စာတမ်းအမည်က “မြန်မာမိန်းတို့၏ အခြေအနေအကြောင်း” တဲ့။ သိပ္ပံမောင်ဝရဲ့ Feminism နဲ့ Gender အပေါ် အဲဒီခေတ်က အမြင်လို့ ပြောနိုင်မယ့် စာတမ်းပါ။ ပေါင်းသင်းဆက်ဆံရေး၊ ပညာရေး၊ တရားဥပဒေအရေး၊ ဘာသာရေးနဲ့ တိုင်းရေးပြည်ရေးမှာ မိန်းမတို့ အခြေအနေတွေကို အခန်း ၅ ခန်းနဲ့ ရေးပြထားတာမို့ ဒီနေရာက အကျဉ်းသဘော အဲဒီခေတ်ကာလ အမျိုးသမီးများ အခြေအနေကို မြင်သာအောင် ဖော်ပြချင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ

လူမှုဆက်ဆံရေးမှာ မြန်မာအမျိုးသမီးတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံသူများ အိမ်တွင်းပုန်းတာနဲ့ အနောက်နိုင်ငံသူများ ပွင့်လင်းလွန်းတဲ့ အစွန်းနှစ်ဖက်ကြားလို့ သိပ္ပံမောင်ဝက သုံးသပ်ပါတယ်။

“အပျိုဖော် လူပျိုဖော်” ဝင်လာရင် အိုးချင်းထား အိုးချင်ထိ၊ ကြိုးချင်းထား ကြိုးချင်းငြိမယ်ဆိုပြီး ကျား၊မ သတ်သတ်စီ ဖွံ့ဖြိုးစေခဲ့တဲ့ မြန်မာ့အလေ့အထကိုလည်း ဖော်ပြထားပါတယ်။ ဒီကဏ္ဍမှာ ရည်းစားသနာထားတာ၊ စာပေးစာယူလုပ်တာ၊ ခိုးရာလိုက်ပြေးတာ၊ မိဘစီစဉ်ပေးစားတာတွေရဲ့အပေါ် ပြဿနာနဲ့ အကျိုးအပြစ်တွေကို ဆွေးနွေးထားပါတယ်။

မြန်မာ့အိမ်ထောင်မှုစနစ်မှာ မိန်းမက ယောကျာ်းရဲ့ လခငွေကို ကိုင်တွယ်ပြီး စီမံအုပ်ချုပ်မှု သဘောနဲ့ လူမှုရေးများပါ အရေးပါပုံကိုလည်း ရေးထားပါတယ်။ ယောက်ျား၊ မိန်းမ လူမှုဆက်ဆံရေးမှာ အနောက်နိုင်ငံတွေလို ထုံးစံအတည်တကျ မရှိပေမယ့် တဦးနဲ့ တဦးရှေ့ အပြူအမူ၊ အမူအယာ အထူးသတိပြု နေထိုင်ကြတာမျိုးကိုလည်း ဖော်ပြထားပါတယ်။

Continue reading

2 Comments

Filed under Article, Gender

Protected: Gender Relation and Development

This content is password protected. To view it please enter your password below:

Enter your password to view comments.

Filed under Comparative Studies, Essay, Gender