Category Archives: Experience

Para Lawka (1)

ကျွန်ုပ်နှင့် ပရလောက တွေ့ကြုံသိကြားသမျှ (၁)

(ဤ အကြောင်းအရာများထဲ၌ ပါဝင်သူအများစုမှာ သက်ရှိထင်ရှားရှိကြသေး၍ နာမည်များ ဒေသများကို လွှဲ၍၊ ခြုံငုံ၍ ရေးထားပါသည်။)

ကွယ်လွန်သူ စာရေးဆရာမကြီး ကြည်ဦး (ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော ဇာဂနာ၏ မိခင်) ရေးသည့် “ထူးဆန်းအံ့ဖွယ် ပရလောကနယ်” ဆိုသည့် စာအုပ်ကို ဖတ်ရင်း သတိတရဖြစ်လာသော အကြောင်းများ ပေါ်လာပါသည်။ ပရလောကနှင့်ဆိုင်သည့် တွေ့ကြုံကြားမြင်ခဲ့ရသည်များ ဖြစ်ပါသည်။

ထိုထိုဤဤ မရေးမီ တစ္ဆေ သရဲ ဝိဉာဉ်လောကတို့နှင့် ပတ်သက်၍ စကားခံရပါဦးမည်။ လုပ်ဖော်ကိုင်ဘက်နှင့် မိတ်ဆွေများက ကျနော့်ကို ဘာသာအယူဝါဒ မရှိသူဟု သိကြပါသည်။ သို့သော် ပရလောကကို ကျနော် လက်ခံထားပါသည်။ သို့သော် ကိုယ့်ကိုယ်လာပြီး ဖြဲခြောက်မလား၊ ဂုတ်ချိုးမလားဆိုပြီး ရမ်းဆမဲ့ ယုံထားသည်တော့ မဟုတ်ပါ။ သူတို့လည်း သူတို့ အလွှာ (ဘုံ)နဲ့၊ ကိုယ်လည်း ကိုယ့်ဝန်းကျင်နဲ့ ဟု ယူဆလက်ခံထားပါသည်။ (ဤအခြေအနေကို ရူပဗေဗေဒသဘောနှင့် ရှင်းပြသော ဦးဥတ္တမဘွဲ့တော်ရ ဆရာတော်တစ်ပါးရေးသည့် စာအုပ် ရှိသည်။)

ယခုရေးမည်မှာ ကျနော် ရှင်းမပြနိုင်သော၊ ငြင်းမရနိုင်သော ကိုယ်တွေ့ (သို့မဟုတ်) ကိုယ်နှင့် အနီးစပ်ဆုံး ဝန်းကျင်မှ အဖြစ်အပျက်များသာ ဖြစ်ပါသည်။ စိတ်ကူးယဉ် တီထွင်၊ အလှမ်းဝေး တဆင့်ကြားများ မပါပါ။ ကျနော့်အသက်အရွယ်နှင့် ဤသို့ပေါက်ပေါက်ရှာရှာ ကြုံဖူးခြင်းမှာ ဗုဒ္ဓဘာသာရဟန်းဝတ်ဖြင့် မြို့မကျောင်းတိုက်၊ အနောက်တော တောရကျောင်း၊ ဝါဆိုဦး စသည့် ဘာသာရေးနယ်ပယ်များတွင် နှစ်နှင့်ချီ၍ နေဖူးခြင်း၊ ထူးဆန်းသော ဆွေမျိုးသားချင်းများနှင့် နေခဲ့ရခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု သုံးသပ်မိပါသည်။

ရေးမည်ဟု စိတ်ကူးနေသည်မှာ ကြာပြီ။ ဘာတွေရေးမလဲ စဉ်းစားသောအခါ ရေးလတ္တံ့သော အကြောင်းအရာတို့သည် စီကာစဉ်ကာ ပေါ်ထွက်လာလေသည်။

အဖွားအိမ် ဒမြတိုက်ခံရခြင်းနှင့် နာမ်လောက

ကျနော့် မိခင်ဘက်က အဖွားသည် ထူးဆန်းသော မိန်းမကြီးဖြစ်ပေသည်။ ယခုတိုင် သက်ရှိထင်ရှား ရှိနေသေးသည်။ သူစ၍ ထူးဆန်းသည်မှာ သူ့အိမ် ဓားပြတိုက်ခံရစဉ်က စသည်ဟု ကြံကြံဖန်ဖန် ဆိုရပေမည်။

Continue reading

6 Comments

Filed under Article, Experience

+ – x ?

ဦးပဇင်း ဝတ်စဉ်က ကျောင်းမနေဖူးတဲ့ ကိုရင်တွေ စာခေါ်သင်ပေးတယ်။ သုမနဆိုတဲ့ ကိုရင်ကြီးဟာ အသက်သာကြီးတယ်၊ အင်မတန် ထုံတယ်။

ဒီနိုင်ငံမှာ ဘယ်သူ အကြီးဆုံးလဲဆိုခင်ညွှန့်တဲ့၊

ကဘယ်မှာတုန်းဆိုကမ္ဘာထဲမှာတဲ့၊

အဲလို ကိုရင်ကြီး၊ အသက်က ၁၆ နှစ်လောက် ရှိနေပြီ။

စာချကိုယ်တော် ဦးတေဇနိယက သူ့ကိုစုံထောက်လို့ ခေါ်တယ်။ ပြောင်းပြန်ပြန်ကြည့်။

တနေ့ သင်္ချာသင်တယ်။ သင်္ချာမှာ လေးမျိုးရှိတယ်၊ ပေါင်း နှုတ် မြှောက် စား ပေါ့။

ဒါလေးတောင် မနည်းသင်ရတယ်။

သူမှတ်မိအောင် ဆွမ်းဟင်းခွက်တွေ ချပြီး ဒီလို ရောတာ ပေါင်းတာ၊ ဒီလို ခွဲထုတ်တာ နှုတ်တာဆိုတာ ပြရတယ်။

အစားကျတော့ ပြရခက်နေတယ်။

ကဲ ဒါနဲ့ ဆိုရင်းကို နောက်ရှင်းမယ်၊ စားတယ်ဆိုတဲ့ အမူအယာနဲ့ မှတ်ဆိုပြီး ပြရတယ်။

ဒီမြန်မာစကားလုံးလေး ခုကို သူမှာ မေ့မေ့နေတယ်။

နောက်နေ့ ပြန်အံပေါ့။

နောက်နေ့ ရောက်လာတယ်။

ကိုင်းသင်္ချာမှာ ဘယ်နှမျိုးတုန်းဆိုတော့ မျိုးပါဘုရားတဲ့။

ဟုတ်နေပြီ။ကဲ ဘာတွေတုန်းဆိုပြီး ဆက်မေးတယ်။

အပေါင်းတဲ့

အနှုတ်တဲ့

အမြှောက်တဲ့

အဲဒီမှာ သူတစ်နေပြီ။

နောက်တော့ကောဆိုတော့လည်း ဆက်မဖြေနိုင်ဘူး။

ဒါနဲ့ ဘော်ဒီလန်းဂွေ့နဲ့ ပြရတော့မယ်ပေါ့။

စားတဲ့ ဟန်လုပ်ပြတယ်။ ဖြေလိုက်ပုံက ..

အမြည်းတဲ့

ကျုပ်ရော ကုတင်ပေါ်က စာမှောက်ဖတ်နေတဲ့ သိမ်ကျောင်းကိုယ်တော်ပါ ရယ်လိုက်ရတာ အူတွေ နာလို့။

4 Comments

Filed under Experience

Bad Dream

3 Comments

Filed under Experience, Nargis

ယုံကြည်စရာမရှိ၊ အားကိုရာလည်း မရ

ပို့စ်တွေ ဆက်မရေးသေးဘဲ အသာကလေးနေပြီး စာဖက်လှည့်ဦးမယ် ကြံနေတုန်း ရေးဖို့ရာ စေ့ဆော်လာပြန်ပါတယ်။

ခုရက်အတွင်း မြန်မာနိုင်ငံက စိတ်မသက်သာစရာ ကမ္ဘာ့အံ့ဖွယ် တရားစီရင်မှုတွေအကြောင်း ဖတ်နေရလို့ပါပဲ။

ကျနော်ကတော့ ဥပဒေအကြောင်း ဘာတစ်လုံးမှ ပညာရပ်ကျကျ မသိပါဘူး။ Common Sense လောက်ပါပဲ။ ရှေ့နေတွေကို ဖမ်းဆီးတာက စပြီး အတော် ဘဝင်မကျ ဖြစ်မိပါတယ်။ မြန်မာပြည်မှာ မွေးကတည်းကနေလာတာ ဥပဒေတို့ ဘာတို့ဆိုတာ အချင်းချင်းနားလည်မှုနဲ့ တစ်ကွက်လှည့်လို့ရတာ၊ ငွေနဲ့ပေါက်ပြီး လုပ်လို့ရတာဆိုတာတော့ စာတွေ့မဟုတ်ဘဲ ငါတွေ့တွေ ကြုံဖူးလို့ ရိုးနေပါပြီ။

ကျနော်လည်း ဘဝတော်တော်စုံခဲ့ပါတယ်။ ဆန်ဂိုဒေါင်တစ်ခုလုံး ရောင်းစားတဲ့လူက ဘာမှ မဖြစ်ဘဲ ကိုယ်က ကြားထဲက ဆန်အိတ် ရေတွက်ဖို့ တာလီ အပေးမှာ တပတ်ရိုက်ခံရလို့ ဆန်တစ်အိတ်လေး စာရင်းလွဲလို့ ပြည်သူပိုင်ပစ္စည်းအလွဲ သုံးစားမှုနဲ့ ထောင်ကျမလို ကြုံရပါသေးတယ်။

Continue reading

Leave a comment

Filed under Experience, Perspective

ဖွဲ့တည်ရာမဂ္ဂဇင်း၊ ဗော်ဒဂါတစ်ပုလင်းနဲ့ သီချင်းတစ်ပုဒ်

– ၁ –

နောက်တစ်ပတ်ဆို ထွက်ပါပြီ၊ နောက်တစ်ပတ်ဆို တကယ် ထွက်ပါပြီ…ဆိုပြီး မဆုံးနိုင်သော နောက်တစ်ပတ်တွေပြီးသွားတဲ့နောက် မဂ္ဂဇင်း တကယ်ထွက်လာပါပြီ။ ကြန့်ကြာနေရတဲ့ အကြောင်းရင်းတွေကတော့ ဖောမက်အသစ်မှာ အခြေမကျနိုင်ခြင်း၊ သင်ကာ ခရီးရက်ရှည် ခြေရှည်နေခြင်း၊ ဟန်သစ်ငြိမ် ဘန်ကောက်ဒိုးနေရခြင်း၊ အခြားသော မြန်မာကျောင်းသားများရေးရာ၊ စာမူလက်ကျန်တွေ စာစီ၍ မပြီးခြင်း၊ ထွန်းတောက်နေ သင်တန်းတက်နေရခြင်း…စသည်ဖြင့် စုံနေသည်။ ထွက်သင့်သည်ထက် အတော်ကြီးနောက်ကျမှပင် ထွက်တော့သည်ဆိုရမည်။ စောင့်ရတဲ့သူတွေလည်း မျက်နှာပူရသည်။ 

– ၂ –

ဒီတစ်လထုတ်မှာ သုတထက် ရသက ပိုကဲသည်။ မဂ္ဂဇင်းပြင်ဆင်ပုံကို သွက်အောင် လုပ်ထားသည်။ ဇော်ဂျီဖောင့်နဲ့လည်းလုပ်ပေးထားသည်။ ကလောင်အင်အားလည်း အားရပါသည်။ ပါနေကြ အင်အားကြီးကလောင်များဖြစ်သည့် ငြိမ်းဇေဦး၊ ထူးမြတ်၊ လာရာ စသူတို့ အပြင် ပရော်ဖက်ရှင်နယ်တန်းမှ မတူးတူးသာ၊ အယ်ဒီတာမမတစ်ဦးဖြစ်သူ ပိုးတီတို့လည်း ပါလာသည်။ (မမွန်းသက်ပန်ကတော့ လေနဲ့ စာမူပေးထားသည်။ ရအောင် ဓားပြတိုက်ရဦးမည်။) မတူးတူးသာအကြံပြုသဖြင့် ဟံသာဝတီဦးဝင်းတင်၏ ဘာသာပြန်လက်ရာ “ကွိ”ကိုလည်း အခန်းဆက် စတင် ဖော်ပြဖြစ်သည်။ စာအုပ်မူရင်းကို သူ မငှားချင်လည်း အတင်းတောင်းပြီး ငှားထားလိုက်သည်။ “မင်း ဂျာနယ်လစ်လုပ်တော့မယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ဖူးရမယ်” ဟု ဆရာတပိုင်းလည်းဖြစ်၊ သောက်ဖော်သောက်ဖက်လည်းဖြစ်သူ ဆရာမြင့်သူရက ပြောဖူးသည်။ 

– ၃ –

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေမှာ ဟန်သစ်ငြိမ်၊ ထွန်းတောက်နေတို့နှစ်ယောက်နှင့် မဂ္ဂဇင်းကို တွန်းပြီး အချောသတ်ကြသည်။ တခါဖူးမျှ ရေစက်မဆုံဖြစ်သေးသော အရက်ဖြစ်သည့် ဗော်ဒဂါတစ်လုံးရထားသဖြင့် ဗော်ဒဂါကို သံပုရာရည်နဲ့ မျှောချကာ သုံးယောက်စလုံး ဇယ်ဆက်အောင် လုပ်ရသည်။ (ညိမ်းညိုတို့ မင်းကျန်စစ်တို့ပြောတော့ ချဉ်ပြုံးပြုံးဆိုပေမယ့် ပြင်းလိုက်တာ လွန်ပါရော) စနေနေ့ညမှာ မွေးနေ့ပါတီရှိ၍ သုံးယောက်သား သွားပြီး တီးဝိုင်းနဲ့ ဖျော်ဖြေလိုက်ရသေးသည်။ သောက်လိုက်သည်မှာလည်း ဝက်ဝက်ကွဲ။ မနက်ကျတော့ ဘာမှဖြစ်မနေအား။ မဂ္ဂဇင်း ဆက်ကိုင်ကြသည်။ ဗော်ဒဂါလက်ကျန်လေးလည်း ဆက်ဖြိုကြသည်။ တကယ်ဆို လူတွေက ဒေါင်းချင်နေပြီ။ စာတွေကို အပြူးအပြဲစစ်နေရသည်။ ဟိုဟာကျန် ဒီဟာကျန်မဖြစ်အောင် ဂရုစိုက်ရသည်။ (အရင်တလက မပန်ဒိုရာ၏ စာမူကျန်ခဲ့၍ အယ်ဒီတာများမူးနေ၍ ကျန်ခဲ့လေသည်ဟု ကြေညာမောင်းထုခြင်း ခံရသတတ်။) ဒီတော့ အရေးကြီးတဲ့လူ စာမူတွေ ပါအောင်စစ်ရသည်။ 

ပြီးသွားတော့လည်း PDF ပြောင်းတော့ MS Publisher မှာ ဇော်ဂျီဖောင့်က ဇာတိပြသည်။ “အ”အက္ခရာတွေ “A”ပြောင်းပြီး၊ “ဥ”တွေက “U”ဖြစ်ကုန်သည်။ သေဟဲ့ နန္ဒိယ ဆိုပြီး အမောဆို့ရသည်။ ဒါတောင် အကြိမ်ကြိမ်စမ်းသပ်ပြီးသား။ အမေက Aမေ ဖြစ်ကုန်ပြီး ကိုလင်းဦး နာမည်က လင်uးီး ဖြစ်သွားသည်။ ဒါပေမယ့် ဘာရမလဲ သုံးယောက်သား ကြံလိုက်တာ ပြေလည်သွားသည်။ (ပြေလည်အောင် လုပ်နည်းကို ဟန်သစ်ငြိမ်နဲ့ ထွန်းတောက်နေတို့က ပို့စ်ရေးပါလိမ့်မည်။) 

ပြီးပြန်တော့ ဗိုင်းရပ်စ်နာကျနေတဲ့ ကျုပ်တို့ လက်ပ်တော့ပ်တွေမှာ ဖိုင် Upload တင်တာ တစ်နေပြန်သည်။ ဒီတစ်လ စာမျက်နှာ အများဆုံးဖြစ်သလို ဖိုင်ဆိုဒ်လည်း ယခင်ကထက်ကြီးသည်။ တော်တော်ကြီးလုပ်ယူမှ Upload ရသည်။ 

– ၄ –

ကိုင်း…ကိုင်း…ဘ
ီယာဝယ်ကြ။ ပြီးပြန်တော့ ကျုပ်က အလုပ်မရှိ အလုပ်ရှာပြန်သည်။ “ဖွဲ့တည်ရာ”အကြောင်း သီချင်းစပ်ဖို့။ သူတို့နှစ်ယောက် Dinner ထွက်စားတုန်း ကောက်ရေးလိုက်တာ စာသားရသည်။ သူတို့ ပြန်ရောက်တော့ သံစဉ်ရှာမယ်လုပ်တုန်း ပျောက်နေသည့်မောင်အန့်ကြီး ပေါက်ချလာသည်။ Rocker မောင်အန့် ကူတော့ သီချင်းလည်း ကီးတွေ တက်လာသည်။ သံစဉ်ညှိကြသည်။ (ပြီးသွားရင် အဲဒီသီချင်း တင်ပေးမည်။)

ထွန်းတောက်နေက ညဉ်းသည်။ “ဒီလောက်ပင်ပန်းတာတောင် မနားချင်ကြသေးဘူးကိုး”တဲ့။ 

ဖောမက် အသစ်ချတာကြောင့် ဒီတစ်လ ကြာရခြင်းဖြစ်သည်။ နောက်လများအတွက် Procedure ကိုလည်း ပြောင်းကြဖို့ ညှိထားသည်။ ကျနော်တို့ကတော့ တစ်ခုခုပေးလိုက်ပါပြီ။ စာဖတ်သူတွေပဲ တော်၏ ရှော်၏ ဆုံးဖြတ်ကြပါကုန်။

Leave a comment

Filed under Announcement, Experience