ကာလကြာမြင့်စွာ တမေးတည်း မေးခဲ့ကြသော ဖွဲ့တည်ရာ တစ်နှစ်ပြည့် နှစ်ပတ်လည် မဂ္ဂဇင်း ထွက်ပါပြီ။ စာနယ်ဇင်း လောကတွင် `အထူးထုတ်´များကို `အထူထုတ်´ဟု သရော်သည်များရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် စာပိုကောင်းမလာဘဲ ကြော်ငြာတွေ များလွန်း၍ ဖြစ်သည်။ ကျွန်ုပ်တို့ မဂ္ဂဇင်းမှာလည်း နှစ်ပတ်လည် ဖြစ်သည့်အားလျော်စွာ စာမူ အများအပြား ပေးပို့လာကြပါသည်။ ကျနော်တို့လည်း `အထူးထုတ်´ရော `အထူထုတ်´ပါ ဖြစ်သွားပါသည်။ သို့သော် စာပေ သုတ၊ ရသ သက်သက်ဖြင့် `အထူး၊ အထူထုတ်´ဖြစ်သောကြောင့် အားပါးတရ ဖတ်ရှု ကျေနပ်လိမ့်ကြမည်ဟု မျှော်လင့်ပါသည်။
ထုတ်ဝေနေကြထက် နှစ်ဆ ရှိသော ဖွဲ့တည်ရာ တစ်နှစ်ပတ်လည် မဂ္ဂဇင်းကို စောင့်မျှော်ရကျိုး နပ်မည်ဟု ယုံကြည်ပါသည်။ ဗိုလ်ချုပ်မွေးနေ့နှင့် ဖေဖော်ဝါရီ ဗယ်လင်တိုင်း ပေါ်ပင်ယဉ်ကျေးမှု နှစ်ခုဖြင့် တစ်နှစ်ပြည့် အဖြစ် ကျွန်ုပ်တို့က တစ်စုံတစ်ခု ပေးဖို့ ကြိုးပမ်းထားပါသည်။ ထိုတစ်စုံတစ်ခုအတွက် ကျေနပ်ကြလျှင် ကျွန်ုပ်တို့ ပင်ပန်းရကျိုး၊ ဖန်တီးရကျိုး နပ်ပါပြီ ဟူ၍။
Vol.1, Issue.6
PDF Format
File Size: 14.66 MB
Click Following Links to Download
ဤလင့်ခ်ဖြင့် WordPress မှ တိုက်ရိုက် Download လုပ်နိုင်ပါသည်။
This is the link to download directly from WordPress.
(Upload Soon/ Connection Error)
ဤလင့်ခ်ဖြင့် MediaFire မှလည်း Download ရယူနိုင်ပါသည်။
This is the link to download from MediaFire.
http://www.mediafire.com/?ikzmo2dmjkm
ဝေဖန်အကြံပြုချက်များကို existence.magazine@gamil.com (or) admin@existencemediagroup.com တွင် ဖြစ်စေ ဤဘလော့ဂ်တွင်ဖြစ်စေ ပေးပို့နိုင်၊ ရေးသားနိုင်ကြပါသည်။
You can leave your comments at existence.magazine@gamil.com or admin@existencemediagroup.com even in this blog.
အားပေးသူ၊ ဝေဖန်အကြံပြုသူအားလုံးကို ကျေးဇူးတင်လျက်…
Your comments and suggestions are greatly appreciated…
EMGroup