13 comments on “Para Lawka (3) – Possession

  1. ဒီပို့စ်ကို စိတ်ဝင်စားလို့ ဖတ်ချင်ပေမဲ့ ဖောင့်မတူလို့ ဖတ်မရပါဘူး။ ဘလော့ဂ်ဂါတွေအားလုံး Unicode တစ်မျိုးတည်းကို သုံးဖို့ဝိုင်းဝန်းကြရင်ကောင်းမယ်။ ကျွန်တော်ကိုယ်တိုင်လဲ Unicode ကို သုံးချင်ပေမဲ့ အဆင်မပြေနိုင်သေးဘူး။

    ခင်မင်စွာဖြင့်
    မောင်မိုး

  2. Everyone has the “right” to choose as they like.🙂
    I use many fonts ZG, Win and all Unicode fonts with various browsers: Firefox, Chrome, IE and Opera.
    😀

  3. ကိုမောင်မောင် သင်ကာ
    ရောက်ပါတယ်
    Unicode ကို သုံးချင်ပေမဲ့ အဆင်မပြေနိုင်သေးဘူး။
    ပျော်ရွှင်ပါစေ

  4. ယေဘုယျအားဖြင့် ပူးနိုင်တယ်ဆိုပါစို့။ ဒါပေမဲ့ House MD ထဲ ကြည့်ရတာ ပြောရဦးမယ်။ ဦးနှောက်ထဲမှာ Berry’s aneurysm လို့ခေါ်တဲ့ သွေးကြောထုံးကလေး ရှိတယ်ဗျာ။ ဒင်းက (ဦးနှောက်ရဲ့ အသည်းကွဲနေရာ ဆိုပါစို့ဗျာ လွယ်လွယ်ပြောရရင်) အဲဒီနေရာကို ဖိထားတော့ အဲဒီလူနာက မင်းသမီးကို မြင်တိုင်း အကြောင်းမဲ့ အသည်းကွဲနေတယ်ဗျ။ နောက်ဆုံး နှလုံးခုန်တာပါ ရပ်သွားလို့ အကြောင်းရင်းကို ရှာရင်းရှာရင်း တိုတိုပြောရရင် အဲဒီသွေးကြောထုံးကလေးကို ခွဲလိုက်မှ ပျောက်သွားတယ်။ (ကျုပ်တော့ မယုံပါဘူး။) ဒါပေမဲ့ စိတ်ဖိစီးမှုများပြီး အသည်းကွဲလို့ နှလုံးကြွက်သားတွေ သေတဲ့ (Broken heart syndrome) လို ရောဂါတစ်မျိုးလည်း ရှိသေးတယ်။ စိတ်ရယ်၊ နှလုံးရယ်၊ ဦးနှောက်ရယ် ဒါတွေကို ကျုပ်တို့ ကောင်းကေင်း မသိသေးဘူးဗျ။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့ ကာယကံရှင်ရဲ့ စိတ်နေသဘောထားကို မူတည်ပြီး စစ်မှန်တဲ့ ပူးကပ်ခြင်း ရှိသလို pseudo ပူးကပ်ခြင်းတွေ ရှိကောင်းရှိမှာပဲ ထင်တယ်ဗျ။ ဥပမာအားဖြင့် crowd psychology လိုမျိုးပေါ့ဗျာ။ ပြဿနာကို ရောင်မီးထွန်းရှာတယ်ပဲ ဆိုဆိုပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဘာမှမပြောနဲ့ ဒီတိုင်း ဖတ်ကြည့်ဆိုလည်း စိတ်ဝင်စားပါတယ်။ (Ahlataya)

  5. အလှတရားရှင်းပြတာ စိတ်ဝင်စားစရာပါပဲ။ ဒေါက်တာမင်းတင်မွန်ရဲ့ ရှေ့ဘဝ နောက်ဘဝ အထောက်အထားများစာအုပ်မှာ အဲဒီသဘောကို ဆွေးနွေးထားတာ ဖတ်မိပါတယ်။ စိတ်ဟာ ဦးနှောက်ဖြစ်တယ် ဆိုတဲ့ အယူအဆဘက်က လာတယ် ထင်ပါတယ်။

    အဲဒီစာအုပ်ထဲမှာပဲ အဂ္ဂါကေစီဆိုတဲ့ အမေရိကန်တစ်ယောက်အကြောင်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခု အဂ္ဂါကေစီအင်စတီကျု (http://www.edgarcayce.org/) နဲ့ အတ္တလန်တစ်တက္ကသိုလ်ဆိုပြီး သုတေသန ပြုနေကြပါတယ်။

    ဒေါက်တာမင်းတင်မွန်အပြင် ဦးအေးမောင်လည်း ဒီပူးကပ်ခြင်းနဲ့ ပုဏ္ဏတိုက်ခြင်းဆိုတဲ့ ကိစ္စတွေကို သုတေသနချဉ်းကပ်မှုက တင်ပြတာတွေကို မိတ်ဆက်ပေးထားတာ ဖတ်ရဖူးပါတယ်။

    ခုနက ဦးနှောက်က အစိတ်အပိုင်းတစ်ခုခုနဲ့ ဆိုင်တယ် ဆိုရာမှာ မသိဘူးသော ဘာသာစကားများကို ပြောဆိုခြင်း၊ မရောက်ဖူးသော အရပ်ဒေသများကို တိကျမှန်ကန်စွာပြောနိုင်ခြင်းနဲ့ အနာဂတ်ကို မြင်နိုင်ခြင်းတို့ကိုကျတော့ ဘယ်လို ရှင်းပြနိုင်မလဲဆိုတာ သိချင်ပါတယ်။

  6. ပို့စ်ကို ဖတ်လို့မရဘူး စိတ်ဝင်စားတယ်။ ဘာဖြစ်လို့ ဇော်ဂျီမသုံးတာလဲ။ ကျွန်မကတော့ တခြား Font ပြောင်းရိုက်ရမယ်ဆိုရင် လက်က အကျင့်ရအောင် မနည်းပြန်လုပ်ရလိမ့်မယ်။ အစက Win-Burmese ပဲ ရိုက်ပြီး ဇော်ဂျီကို ပြောင်းတုန်းကတော့ ဇော်ဂျီက ပိုလွယ်လို့ သိပ်မခက်ခဲဘူး။ အခုက ဇော်ဂျီကို အကျင့်ရနေပြီ။

  7. ကျေးဇူးပြု၍ ဖတ်ရန် သက်သက်အတွက်ကတော့ မြန်မာသရီးဖောင့် လိုပါလိမ့်မယ်။

    မြန်မာ ယူနီကုဒ်ဖောင့်အကြောင်း သိလိုပါက ဂူဂယ်မှာ ရိုက်ရှာလျှင် မြန်မာလို အများအပြား ရှိပါကြောင်း။

  8. လတ်တလောမဖြေသေးတော့လည်း ဖြေတဲ့အခါကို စောင့်မျှော်ဖတ်ရှုရတော့မှာပေါ့ဗျာ။ ဖတ်ခွင့် ကြုံရင်ပေါ့🙂 အသက်ကြီးတဲ့အခါကြတော့ အယူဝါဒမရှိသူကနေ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့သူဖြစ်ချင်လည်းဖြစ်သွားနိုင်တာပဲ။ မဟုတ်ဘူးလား? အခြားဘာသာကို ကိုးကွယ်တဲ့သူလည်း ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဦးဆန်းလွင်ရေးတဲ့ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်းစာအုပ်ကို ဖတ်ပြီးသွားပြီလားလို့ တစ်ခုလောက် ထပ်မေးချင်ပါသေးတယ်…. (ဖတ်ပြီးသားလည်း ဖြစ်နိုင်ပါတယ်။) (စေတနာဖြင့် ညွှန်းတာပါခင်ဗျာ)

    ကျွန်တော့်စိတ်ထင် ကိုသင်ကာတစ်ယောက် ဘုရားရဲ့တရားလမ်းစဉ်တွေအတိုင်းကျင့်ခဲ့ပေမယ့် ခရီးမရောက် (သို့မဟုတ်) စိတ်ပျက်စရာ တွေ့ခဲ့လို့ စွန့်လွှတ်ခဲ့ပုံပါပဲ။ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုသင်ကာလိုလူတစ်ယောက်က ဗုဒ္ဓအယူဝါဒစွန့်လွှတ်လိုက်တာကို ကျွန်တော့်အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။

    ဘာပဲဖြစ်ဖြစ် ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  9. @komyintmyat
    အကြိုက်ဆုံး ဘာသာရေးနဲ့ အတွေးအခေါ် စာရေးသူများထဲမှာ ဦးအေးမောင်နဲ့ ဦးဆန်းလွင်က ထိပ်ကပါ။ ရေးရေးသမျှ အကုန် ဖတ်ဖူးပါတယ်။
    ကျနော် ပြောခဲ့သလိုပဲ၊ အရမ်းကာရော ဘာသာလွတ်ဖြစ်တာတော့ မဟုတ်ပါဘူး၊ မကောင်းဘူးလည်း မဆိုပါဘူး။
    ဒါပေမယ့် အများသူငါ ရေလိုက်ငါးလိုက်တော့ လက်မခံထားပါဘူး။
    ကိုယ့်ယူဆချက် ဘာမှားတယ် ဘာမှန်တယ် လေ့လာဆဲပါပဲ။
    လေ့လာဆဲမှာ နောက်ကို ခြေလှမ်းများစွာ ဆုတ်ထားပါတယ် (တနည်း) ဘာသာရေး အရိပ်အောက်က လွတ်အောင် နေပါတယ်။

    မေးမြန်းဆွေးနွေးတာ ကျေးဇူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s