Tag Archives: Joke
တစိန်တည်း ရှိတယ်
#ThinkerBhoneMyint
မနက်က ငယ်သူငယ်ချင်းတွေကို ထူးထူးခြားခြား သတိရမိတယ်။ အဆက်အသွယ်တွေလည်း ပြတ်တောက်။ သူတို့လည်း လွန်ခဲ့ အနှစ် ၂၀ က နေရာတွေမှာလည်း ရှိမနေတော့။ ကိုယ်လည်း ရှိမှ မရှိဘဲ။
ကိုးတန်းတုန်းက စိုးသီဟကိုလည်း သတိရမိ။ သချင်္ာသင်တဲ့ ဆရာမ ဒေါ်ကြည်ကြည်စိန်ဆိုတာ အတော် ရိုက်တာ။ ကျုပ်တို့ကလည်း ခပ်ပေပေ။
တရက်ကျတော့ ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က စိတ်တွေဆိုးပြီး ပြောတယ်။
“ဟေ့ ကြည်ကြည်စိန်တဲ့ တစိန်တည်း ရှိတယ်” တဲ့။
မျက်နှာ အင်မတန်ပြောင်တဲ့ စိုးသီဟရဲ့ အသံက တိတ်ဆိတ်နေတဲ့ အတန်းထဲမှာ မတိုးမကျယ် ပေါ်လာတယ်။
“စိန်က တစိန်တည်းပေမယ့် ကြည်ကတော့ နှစ်ကြည်ပါ” တဲ့။
ခေါင်းငုံ့ ခေါင်းကုတ်ပြီး ပြောလိုက်တော့ ခပ်အုပ်အုပ် ရယ်ကြ။ ဆရာမ ဒေါ်ကြည်ကြည်စိန်လည်း ဒေါသ ထွက်နေရာကနေ ရယ်ချင်လာတော့ တော်ပြီဆိုပြီး စာဆက်သင်ပါရောလား။
Leave a comment
Filed under Joke
ဆွမ်းမမီ၊ စာမေးပွဲ မမီ ဖြစ်တော့မယ်
ဆော်လမွန်ငါးတို့ အိမ်အပြန်လည်း အပြန်ပေါ့လေ … တစ်ခု သတိရလို့ မျှဦးမယ် …။
တခါက မအဲရှိရာ အထက်ပြည်ကို သွားဖို့ ကားစီးလာရော … လမ်းခုလတ်မှာ ရပ်၊ စားကြ သွားကြပေါ့ …။ ပြီးတော့ ကားက ဆက်ထွက်လာရော …။
တော်တော်လေး မောင်းပြီးတော့ စားသောက်ဆိုင်က ဖုန်းဝင်လာတယ် … လူတစ်ယောက် ဆိုင်မှာ အိမ်သာထိုင်ရင်း ကျန်နေခဲ့တယ်တဲ့ …။
နောက်ကားနဲ့ တင်ပေးလိုက်မယ်ဆိုတော့ ရောက်ရာအရပ်ကနေ စောင့်ရတာ နာရီဝက်သာသာပဲ …။
Continue reading
Leave a comment
Filed under Joke
အတိုကောက်
တနေ့က ကာရာအိုကေ သွားဆိုတယ် … စားပွဲထိုးက တက်ဘလက်တစ်ခုပေးတယ် … ကိုယ်ဟာကိုယ် ရိုက်ရှာတဲ့ … ရိုက်တာပေါ့ … စိုးလွင်လွင် … လွှမ်းမိုး …
လှမ်းမြင်တဲ့ စားပွဲထိုးလေးက ပြောတယ် … အဲလို မလိုဘူးလေ အစ်ကို … စိုးလွင်လွင်ဆို စလလ … လွှမ်းမိုးဆို လမ … ရပြီတဲ့ … အဲဒါနဲ့ ခမတ ဆိုတော့ ဆိုးဘူးဟ … ခင်မောင်တိုး လာပြတယ် …
ကိုင်း ဒါနဲ့ ဘော်ဒါကို ခင်ဗျား ဘာဆိုမလဲဆိုတော့ … စိုးပိုင်တဲ့ …
Leave a comment
Filed under Joke
Har Tha on Bus
“အသည်းမခြောက်လို့ အမြဲသောက်နေတာ … ဟင်း … ဟင်း …”
(ကြက်ဘဲဈေး မရောက်ခင် မှတ်တိုင်တွင် ကျောက်ချကာ ကားအတက်အဆင်း စာရင်းမှတ်သည့် မ.ထ.သ ဟောင်း အသက် ၇၀ အဖိုးကြီးက ဒီမနက်က ၃၈ ကားစပယ်ယာကို ပြောသည့်စကား)
****
“ဟေ့ … ဧရာဝတီ တိုင်းသားကွ၊ ရေတခါငုပ်ရင် ၁ နာရီပဲ”
၃၈ ကားဆရာ၏ ဘော်ဒါတယောက်က ခရီးကြုံစီးရင်း ပြော၏။
စပယ်ယာက တခွန်းထပ်ဖြည့်၏။
“ဟုတ်တယ် ဆရာ … ရေငုပ်လိုက်တာများ ကန်တော့ပွဲပေးမှ ပေါ်တော့တာ …”
****
တရက်တွင် ၃၈ ကားလိုင်းမှာ စပယ်ယာအသစ် ပါလာသည် … အော်သမျှ မှတ်တိုင် တခုမှ အဆီအငေါ်မတည့် …
တနေရာအရောက်တွင် သူအော်လိုက်ပုံက … “ပုဇွန်ဆီ … ပုဇွန်ဆီ” …
ကားဆရာက ကမန်းကတမ်း လှမ်းဟန့်လိုက်ရ၏ …။
“အေဘေး … အေဘီစီ … ပုဇွန်တောင်ဟ … နင့်မေလင် ပုဇွန်ဆီ …”
သူလည်း အေဘီစီနှင့် ပုဇွန်တောင်ကို ရောအော်မိပုံ ရပေသတတ် …။
grin emoticon
(ဘာရယ်ဟုတ်ဘူး … ၃၈ ကားလိုင်း မနက်တိုင်းစီးရင်း ကြုံရတာ တချို့)
Leave a comment
Filed under Joke
Gov joke
ကကကြေးမုံ သတင်းစာ ဟာသက အစိုးရရဲ့ တလွဲတချော်တွေကို ပြန်သရော်တာ ပထမဆုံးမြင်ဖူးခြင်းပဲ …။ ဒါဟာ အပြုသဘောဆောင် တိုးတက်တဲ့ လက္ခဏာပဲ …။
Leave a comment
Filed under Joke
Ancient Chinese Humor (5)
Translated by Lao Kyin Sein (Han Thit Nyeim), From Existence Magazine, Vol. 1, Issue. 2, April, 2008
Continue reading
Leave a comment
Filed under Joke
Ancient Chinese Humor (4)
Translated by Lao Kyin Sein (Han Thit Nyeim), From Existence Magazine, Vol. 1, Issue. 2, April, 2008
Continue reading
Leave a comment
Filed under Joke