Tag Archives: Media

MOI ရဲ့ သမ္မတသစ် သတင်း

ဦးဝင်းမြင့် သမ္မတ ရွေးကောက်ခံရခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက လျင်မြန်စွာ လွန်ခဲ့သည့် ၁ နာရီခန့်တွင် ခမ်းနားစွာ ss ရိုက်ပြီး သေသပ်စွာ ရေးသားတင်ဆက်ထားစဉ် …

Advertisements

Leave a comment

Filed under Facebook, Journalism, Media

အစိုးရ မီဒီယာ

ရခိုင်ပြည်နယ်အရေးမှာ ပြန်ကြားရေးက အခု စန္ဒယား ဦးတင်ဝင်းလှိုင်ကြီးကို တုံ့ပြန်သလို တက်ကြွခဲ့ကြရင် ကောင်းမယ် … ဝန်ကြီးဌာန တစ်ခုလုံးပေါင်းတာတောင် ဒါကာ ထရီဗျူး တစ်စောင်ရဲ့ ခြေဖျားမမီဘူး … ဘယ်လောက် သောက်သုံးမကျတယ် ဆိုတာ မြင်ရတာပေါ့ …

Leave a comment

Filed under Media

မုသားနဲ့ အမှန်တရား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မြိုတိုင်းရင်းသား တစ်ဦး မိုင်းနင်းမိတဲ့ကိစ္စ …။ သတိထားမိလို့ ဖတ်လိုက်ရတာတွေ ပြောဦးမယ်။

Continue reading

Leave a comment

Filed under Journalism, Media, Politics

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ နိုင်ငံတကာ မီဒီယာ

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုတွေမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာသလဲ၊ သတင်းထုတ်ပြန်မှုတွေနဲ့ ပတ်သက်လို့ အစိုးရက ဘယ်လို ထိရောက်အောင် လုပ်ဆောင်သင့်သလဲဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ MCN ရုပ်သံ သတင်းဌာနရဲ့ နိုင်ငံတကာရေးရာ သတင်းအယ်ဒီတာ ကိုသင်ကာ နဲ့ နိုင်ငံခြားရုပ်သံ သတင်းထောက် တစ်ဦးဖြစ်တဲ့ ကိုသီဟသွေးတို့ကို ဖိတ်ခေါ် ဆွေးနွေး တင်ဆက်ပေးထား ပါတယ်။

Leave a comment

Filed under MCN, Media, Politics

Media and IT

မီဒီယာနဲ့ အိုင်တီ

တခါလာလည်း အင်တာနက်အကြောင်းကနေ မထွက်တော့ဘူးလို့ မပြောပါနဲ့။ ဒီတခါလည်း အင်တာနက်၊ အွန်လိုင်းနဲ့ ပတ်သက်တာပဲ ပြောဦးမလို့ပါ။ တို့တွေက အင်တာနက်ကြီးဆိုတာ လိပ်လိုနှေးနဲ့ ခေတ်နဲ့ ဖြတ်သန်းခဲ့ရတော့ အင်တာနက်နဲ့ ထိတွေ့မှုဆိုတာလည်း အထနှေးခဲ့ကြတယ်။ ခုခေတ်မှာတော့ အီးမေးလ်၊ ဘလော့ဂ်၊ ဝက်ဘ်ဆိုဒ်၊ လူမှုကွန်ရက် ဆိုတာတွေကို မြန်မာ လူကြီးလူငယ် အသိုင်းအဝိုင်းတွေကြား ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါပြီ။

ဒီဘက်နှစ်တွေမှာ ပြည်တွင်းက နာမည်ကြီး မီဒီယာတချို့လည်း ဝက်ဘ်ဆိုဒ် လွှင့်တင်တာတွေ၊ ဖေ့စ်ဘုတ်လို့ လူမှုကွန်ရက်ကနေ အချိန်နဲ့တပြေးညီ သတင်းတင်ပေးနေတာတွေ၊ အီးမေးလ်ကတဆင့်ပို့တဲ့ သတင်းစဉ် (News Letter) တွေ လုပ်လာတာ တွေ့ရတယ်။ ဒါပေမယ့် အရှေ့တောင်အာရှ ဒေသတွင်း အတိုင်းအတာ၊ နိုင်ငံတကာအတိုင်းအတာနဲ့ဆိုရင် အင်မတန်မှ အရေအတွက် နည်းနေသေးတယ်။ ဆိုတော့ အွန်လိုင်းမီဒီယာက ဂျာနယ်လက်ပွေ့ရောင်းသလို အကျိုးအမြတ် မရဘူးလို့ ထင်မြင်လို့လား၊ သို့မဟုတ် စာနယ်ဇင်းသမားတွေကပဲ အိုင်တီနဲ့ စိမ်းနေသေးလားဆိုတဲ့ မေးခွန်းနှစ်ခု ထုတ်စရာရှိနေတယ်။

Continue reading

Leave a comment

Filed under Article, Media

Copy & Paste Media

Copy & Paste Media
ကူးတင် မီဒီယာများ

သတင်းတွေကို ပြည်တွင်း ပြည်ပ မီဒီယာအသီးသီးနဲ့ ဆိုဒ်တွေကနေ ကူးတင်တဲ့ ဝက်ဘ်ဆိုဒ်တွေကို သတိထားမိနေတာ ကြာပါပြီ။ မြန်မာ ဘလော့ဂ်တွေလည်း ခရက်ဒစ်ပေးပြီးတော့ပဲ ဖြစ်ဖြစ်၊ ပေးရကောင်းမှန်း မသိလို့ဘဲ ဖြစ်ဖြစ်၊ တမင် မပေးချင်လို့ပဲဖြစ်ဖြစ် သတင်းတွေ၊ ဆောင်းပါးတွေ၊ စာစုတွေကို ကူးတင်နေကြတာကတော့ ကြာပါပြီ။ ဒီလို ကူးတင်ကြပေမယ့် ဘယ် သတင်း၊ မီဒီယာ ဌာနကမှ အပြစ်တင် ပြောဆိုတာမျိုးမှလည်း မကြားဖူးပါဘူး။ ကျော်လို့ ခွလို့ မရသူတွေ၊ သတင်းဆိုဒ်တွေကို မရောက်ဖြစ်သူတွေ ဖတ်ဖြစ်သွားတာပေါ့ ဆိုပြီး မုဒိတာ ထားကြလိမ့်မယ် ထင်ပါတယ်။

ဒါပေမယ့် ဝက်ဘ်ဆိုဒ်ထောင်ပြီး ရှိသမျှ သတင်းတွေ အကုန်သိမ်းကြုံးတင်၊ ခရက်ဒစ်ကို မထင်မရှားပေး၊ နာမည်ကို ထင်ယောင်ထင်မှား ဖြစ်စရာ တပ်ပြီး “မီဒီယာ” အမည်ခံသူတွေကိုတော့ ဘလော့ဂ်လို အမျိုးအစားထဲ ထည့်ပြီး ခွင့်လွှတ်ဖို့ ခက်ပါလိမ့်မယ်။ ရှိသမျှ ၏သည် မရွေး ကူးတင်ပြီးတော့ အယ်ဒီတာ အမည်ဝင်ပြီး ဂုဏ်ခံသေးတာကလည်း သာပြီး ဆိုးရွားလှပါသေးတယ်။ ဒါကြောင့် ကူးတင် မီဒီယာ (Copy & Paste Media) လို့ အမည် သညာ တပ်လိုက်ပါတယ်။

Continue reading

1 Comment

Filed under IT & Blogging, Journalism, Media

Media and Journalism

ဦးကျော်ဇံသာနှင့် အင်တာဗျူးမှ မီဒီယာ ကောက်နှုတ်ချက်များ

မီဒီယာတွေဟာ မြန်မာနိုင်ငံမှာ Politicization Waves လို့ ခေါ်တဲ့ နိုင်ငံရေး နိုးကြားမှု အပိုင်းသုံးပိုင်း ရှိတယ်လို့ ကျနော် သုံးသပ်ခဲ့ပါတယ်။ နိုင်ငံရေး နိုးကြားမှု ဆိုတာက နိုင်ငံရေး ရင့်ကျက်ခြင်းနဲ့ တခြားစီပါ။ အဲဒီနိုးကြားမှု လှိုင်းသုံးလှိုင်းမှာ ပထမ ဦးဆုံး နိုးကြားမှု ကတော့ ၂၀ ရာစု အစပိုင်း ၁၉၀၆ ခုနှစ် YMBA ပေါ်ပေါက်လာတယ်၊ အဲဒီအခါမှာ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ ဟာနဲ့ နိုင်ငံရေး နိုးကြားလာကြတယ်။ မီဒီယာဟာ ဒီကိစ္စကို ဝေဖန်ရေးသားခြင်း မတွေ့ရဘူး။ ဝေဖန်ရေးသား သင့်တာ ဘာရှိသလဲလို့ မေးရင် အဲဒီ အမျိုး၊ ဘာသာ၊ သာသနာမှာ အမျိုးဆိုတာက Race ပေါ့၊ ဘာသာ သာသနာက Buddhism ပေါ့။ ဗုဒ္ဓဘာသာဆိုတဲ့ ဘောင်ထက် ချဲ့ဖို့ မကြိုးစားဘူး။ အဲဒီတုန်းက ချဲ့သင့်တယ်၊ တိုင်းရင်းသားတွေ အများကြီး နေတယ်၊ လူမျိုးစုံ နေတယ်၊ ဘာသာစုံ ရှိနေတယ် ဆိုတာ မီဒီယာတွေက ဘယ်သူမှ မပြောခဲ့ကြဘူး။

ဒုတိယလှိုင်း ဖြစ်တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှာလည်း အဲဒီနောက်ကပဲ လိုက်လာတယ်။ လွတ်လပ်ရေး ယူကြမယ်၊ ချကြမယ် လို့ပဲ ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က လွတ်လပ်ရေးကို တန်းမယူဘဲနဲ့ ဒိုမီနီယံ အဆင့်အတန်းနဲ့ ဗြိတိသျှ အင်ပါယာထဲမှာ ခဏနေမယ်လို့ ပြောတယ်၊ အဲဒါကို ဖဆပလ ထဲမှာလည်း အကြိတ်အနယ် ဆွေးနွေးတယ်လို့ အတွေ့ အကြုံ ရှိသူတွေက ပြောတယ်၊ စာထဲမှာတော့ မတွေ့ရဘူး။ အဲဒီလို ဆွေးနွေးတဲ့ အခါမှာ ဒါ ကောင်းတယ်၊ သို့သော်လည်းပဲ ပြည်သူတွေ လက်ခံမှာ မဟုတ်ဘူး ဆိုပြီးတော့ လွတ်လပ်ရေး ယူဖို့သာ ဆုံးဖြတ်လိုက်တယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက Arthur Bottomley ဆီ ရေးတဲ့စာမှာ အထောက်အထား တွေ့ရတယ်၊ ငါတို့ကတော့ မင်းတို့နဲ့ တွဲနေလို့ မဖြစ်ဘူး၊ ဓနသဟာယ ထဲမှာလည်း နေလို့ မဖြစ်တော့ဘူး၊ ထွက်ရတော့မယ်၊ သို့သော်လည်းပဲ အင်္ဂလိပ်နဲ့ မြန်မာဟာ ဆက်လက် မိတ်ဆွေဖြစ်နေမယ်။ ဗိုလ်ချုပ်အောင်ဆန်းက စိတ်မကောင်းဟန်နဲ့ ဆုံးဖြတ်ခဲ့ရတဲ့ သဘော ရှိတယ်။

………..

Continue reading

Leave a comment

Filed under Journalism, Journalist, Media