Tag Archives: International
နိုင်ငံတကာ ဂျော့ဂှ် ဖလွိုက် ဆန္ဒပြပွဲ တချိုက
ကမ္ဘာတလွှားက ဂျော့ဂျ် ဖလွိုက်အရေး ဆန္ဒပြချီတက်ပွဲတွေ မြင်တော့ လူတွေ ကိုဗစ်ကိုပဲ မကြောက်တော့တာလား … တားမြစ်ချက်တွေ အသက်ဝင်အောင် အစိုးရတွေကပဲ မလုပ်နိုင်တော့တာလား မတွေးတတ်တော့ဘူး …။ ပြီးမှ ဘာသံတွေ ဆက်ကြားရမလဲ မသိ …။ (ဓာတ်ပုံတွေက ဒိန်းမတ်၊ ကနေဒါ၊ ဂျာမနီနဲ့ ဂရိက ပုံတချို့)
********************
Leave a comment
Filed under International, Politics
အကြည်ညို
#ThinkerBhoneMyint
ကမ္ဘာနဲ့ချီတဲ့ အဖြစ်မှန်တရပ်ကို နိုင်ငံအစိုးရတခုက လိမ်ဖို့ ကြိုးစားရင် သူတို့ကို အရင်ဆုံး အကြည်ညိုပျက်၊ စိတ်ပျက်သွားတာက အဲဒီနိုင်ငံက ပြည်သူတွေပဲ … ဥပမာ – အီရန်က ယူကရိန်း လေယာဉ် ပစ်ချမိမှု
Leave a comment
Filed under International
Charlie Hebdo Attack 5 Years Later
ချာလီ ဟက်ဘ်ဒို မီဒီယာတိုက် တိုက်ခိုက်ခံရမှုကို မှတ်မိကြဦးမလား မသိဘူး … ၅ နှစ် ကြာခဲ့ပြီ …။
by Engin Seluk
Leave a comment
Filed under Cartoon, International
မလှတဲ့ နှစ်သစ်အဖွင့်
နှစ်သစ်အဖွင့်က တယ်တော့ မလှဘူး …။ သြစတြေးလျ တောမီး အကြီးအကျယ် ဆက်လောင် …။ ထိုင်ဝမ် စစ်ဦးစီးချုပ် စီးလာတဲ့ ဘလက်ဟော့ခ် ရဟတ်ယာဉ် ပျက်ကျ …။ သမ္မတ ထရမ့်ရဲ့ တိုက်ရိုက် အမိန့်နဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ အီရန်က အာဏာ မသေးလှတဲ့ ဗိုလ်ချုပ်ကို ဒဲ့ထိပြီး သေ …။
မြောက်ကိုရီးယားက အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ပစ်မယ်လုပ်တော့ တတိယ ကမ္ဘာစစ် ဖြစ်တော့မလား ဆိုတဲ့အသံ အခုလည်း ထပ်ကြားရပြန်ပြီ …။
ကမ္ဘာနဲ့ချီတဲ့ ဂယက်တွေကြားမှာ ပျောက်နေရတဲ့ အဖြစ်ဆိုးတွေလည်း ရှိသေးတယ် …။
၂၀၂၀ ပြည့်နှစ်မှာ ဘာတွေ စောင့်ကြည့်ရမလဲဆိုပြီး အနာဂတ္တိ ဝီရှီဝါရှီ ရေးမလို့ဟာ လောလောဆယ်တော့ အီရန်နဲ့ အမေရိကန်ဘက် အရင်လှည့်ရတော့မှာပဲ …။
Leave a comment
Filed under International, News
သီရိလင်္ကာ အီစတာ ဗုံးကွဲမှု နောက်ဆက်တွဲ
-သီရိလင်္ကာနိုင်ငံ၊ အီစတာ ဗုံးခွဲမှုတွေကြောင့် သေဆုံးသူက ၃၁၀ ဖြစ်လာတယ် …။ (ခုန မယ်ရာက ၃၂၁ ဦးလို့ update လုပ်ထားတာ တွေ့တယ်)
-ဘယ်သူကို မဆို ဖမ်းဆီးခွင့်၊ စစ်ဆေးမေးမြန်းခွင့် ပါဝါကို သီရိလင်္ကာ စစ်တပ်က လွှဲယူလိုက်တယ် …။
-သံသယရှိသူ ၄၀ ကို ဖမ်းစစ်ပြီးနောက် ဆီးရီးယား နိုင်ငံသားတစ်ဦးကို ဖမ်းလိုက်တယ် …။
-ကိုလံဘိုမြို့က ခရစ်ယာန် ဘုရားကျောင်းအနီး ဗုံးတစ်လုံးကို လုံခြုံရေးတပ်ဖွဲ့တွေက သက်မဲ့လုပ်ဖို့ ကြိုးပမ်းနေတုန်း ပေါက်ကွဲသွားတယ် …။ ဘီဘီစီမှာ ဗီဒီိယိုဖိုင် ကြည့်လိုက်ရတာ အတော် ပြင်းထန်ပုံပဲ …။ လုံခြုံရေးတပ်ဖွဲ့ဝင် ဘယ်နှယောက် ထိလဲဆိုတာ မတွေ့မိသေး။
-ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ ပြီးခဲ့တဲ့လက နယူးဇီလန်၊ ခရစ္စချာ့ခ်ျရှိ ဗလီနှစ်ခုမှာ ပစ်ခတ်မှုကို လက်တုံ့ပြန်တာလို့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး ဝိဇေဝရဒေနေက ပြောတယ် …။ (ခုဖတ်မိတဲ့အထိတော့ စပွန်းနစ်နဲ့ မယ်ရာမှာပဲ ဖတ်မိသေးတယ်) (https://www.facebook.com/photo.php?fbid=10218488630304847&set=a.3997956545132&type=3&theater)
-ဗုံးခွဲမှုတွေ မလုပ်ခင် နှစ်ပတ်အလိုက တိုက်ခိုက်မှု ရှိနိုင်တယ်လို့ သတိပေးချက် သီရိလင်္ကာ ရဲတပ်ဖွဲ့က ရရှိခဲ့တယ်ဆိုတဲ့အပေါ် မေးခွန်း ထုတ်နေကြတယ် …။
-လက်စားချေမှုနဲ့ သံသရာ တစ်ပတ်လည် …။
သင်ကာ
Leave a comment
Filed under International, Politics