Tag Archives: MOE

The Most Visted Pages in MOE

Most viewed pages

http://www.wikimyanmar.co.cc


ဗဟိုစာမျက်နှာ 108380
Category:သမိုင်း 13656
Category:အတ္ထုပ္ပတ္တိ 12751
Wikipedian:ပြောရေးဆိုရာ 10663
Help:Contents 9095
Category:မြန်မာပြည် 8188
Wikipedian:လက်ရှိလုပ်ငန်းများ 7396
ကွန်ပျူတာ 6367
Myanmar Online Encyclopedia:Site support 5217
မိန်းမ မျိုးပွားအင်္ဂါ 4204

*Source: Statistics, wikmyanmar (Myanmar Online Encyclopeida)

Advertisements

2 Comments

Filed under MOE, Wikipedia

MOE (ခေါ်) ဝီကီမြန်မာနှင့် စပ်လျဉ်း၍

(ရန်ကုန်တွင် ပြုလုပ်သည့် ဝီကီမြန်မာ @ MOE ဆိုင်ရာ အလုပ်ခွင်ဆွေးနွေးပွဲ (Workshop) အတွက် စည်သူအောင် (ဝီကီတည်ထောင်သူ) ထံမှ တဆင့် ပေးပို့သော ကျနော်၏ အကြံပြုလွှာ)

ကိုသင်ကာ (MMWikipedian)

http://www.mmthinker.net

ကျနော် ကိုသင်ကာမှ နှုတ်ခွန်းဆက်ပါတယ်။ ကိုယ်တိုင်မလာရောက်နိုင်လို့ စာနဲ့ပဲ ပို့လိုက်ပါတယ်။ စတင်ခဲ့တဲ့ သုံးလတာအတွင်းမှာ ပုဒ်အဖွင့်တစ်ထောင်ကျော်နဲ့ ရုရှား-မြန်မာ/မြန်မာ-ရုရှား အဘိဓာန် Project တစ်ခုအထိ ခရီးပေါက်နေပြီဖြစ်တဲ့ ဝီကီမြန်မာနဲ့ ပတ်သက်လို့ ကျနော် အကြံပြုချင်၊ မေတ္တာရပ်ချင်တာလေးတွေကတော့…

(၁) ဝီကီမြန်မာဟာ မြန်မာသောတုဇနတွေ၊ ဗဟုသုတရှာမှီးသူတွေအတွက် ကောင်းကင်ပေါ်က ဖွင့်ထားတဲ့ စာအုပ်ကြီးပါ။ ပညာရှင်တွေအတွက် ပညာဒါနပြုရာ၊ မိမိတို့ရဲ့ အတတ်ပညာတွေကို ဖြန့်ဖြူး ဖလှယ်ရာ နေရာကြီးပါ။ ဒါကို ပြည်တွင်း က Mass Media တွေက လူငယ်ထုကြား၊ ပညာရှင်များကြားမှာ Information ချပေးပြီး ဝိုင်းဝန်းကြဖို့ အရေးကြီးတယ်လို့ မြင်မိပါတယ်။ (ဖွဲ့ဖြိုးဆဲ နိုင်ငံအချို့တောင် သူတို့ ဘာသာစကားနဲ့ ဝီကီပီဒီးယား ရှိနေကြပါပြီ။)

(၂) နောက်တစ်ခု (ဒီပွဲမှာ စာနယ်ဇင်းဆရာတွေ ပါမယ်ဆိုတော့ မေတ္တာရပ်ခံ အကြံပြုချင်တာက) ပုံနှိပ်မီဒီယာဖြစ်စေ၊ အီလက်ထရွန်းနစ် မီဒီယာဖြစ်စေ စာတွေ၊ ဆောင်းပါးတွေဟာ Digital Format (ကွန်ပျူတာထဲမှာ စာစီ စာရိုက်ပြီးသား) ရှိနေကြပါတယ်။ အားလုံးသော စာနယ်ဇင်းမီဒီယာတွေဟာ လေဆာဓာတ်ပြားတွေနဲ့ သိမ်းဆည်းထားကြပါတယ်။ အဲဒီအထဲက သင့်လျော်မယ့် သမိုင်းဆိုင်ရာများ၊ ဘာသာပြန်စာစုများ၊ အတ္ထုပ္ပတ္တိမှတ်တမ်းများ၊ သုတစာပေများ၊ ရသစာပေလက်ရာများ၊ ရှားပါစာစုများ စတာတွေကို ဝီကီမြန်မာပေါ်မှာ တင်ပေးစေချင်ပါတယ်။ စာအသင့်ရိုက်ပြီးသားရှိတာမို့ လေဆာဓာတ်ပြားထဲမှာ ကိန်းအောင်းနေမယ့် အစား အင်တာနက်ပေါ်မှာ ရှိနေရင် အကျိုးများစေမယ့် အကိုးအကားတွေ ဖြစ်လာပါလိမ့်မယ်။

ဒါမှမဟုတ် လာရောက်ကူးယူပါ၊ ကိုယ့်ဖာသာ တင်ပါဆိုရင်လည်း (အခု ဒီအကြံပြုချက်ကို ဖတ်ကြားနေတဲ့ ကိုစည်သူအောင်တို့က) ဆောင်ရွက်ပေးဖို့ ဝန်မလေးကြောင်းလည်း အသိပေးပါရစေ။

(၃) အင်တာနက်၊ စာအုပ်စာပေတွေနဲ့ ထိတွေ့နေတဲ့ မီဒီယာစာနယ်ဇင်းတွေ အနေနဲ့ရော၊ သက်ဆိုင်ရာ ပညာရှင်တွေ အနေနဲ့ပါ မိမိတို့ မီဒီယာတိုက်အကြောင်း၊ မိမိလေ့လာသော ဘာသာရပ်အကြောင်းကို အနည်းဆုံးအားဖြင့် စာမျက်နှာသစ်ဖွင့်ပြီး ရေးကြမယ်ဆိုရင် တစ်ယောက်က တစ်ရာ အများကြီး ဒေတာတွေ စုံလာနိုင်မှာပါ။

(၄) မြန်မာဘာသာနဲ့ မြန်မာလို အလွယ်တကူ ဖတ်ရှုကိုးကားဖို့ ကြိုးပမ်းနေတဲ့ ဝီကီမြန်မာကို “မြန်မာ တိုင်းရင်းသား လူမျိုး အားလုံးအတွက်၊ နောက်မျိုးဆက်များအတွက်”လို့ တူညီတဲ့ ဘုံသဘောထားတစ်ရပ် ပေါ်ထွက်အောင် ကြိုးပမ်းကြဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်နဲ့ စေတနာ၊ ကြိုးပမ်းအားထုတ်မှုတွေကို ပုံပေးထားသော်လည်း ကျနော်တို့မှာ ဆာဗာဝယ်ယူရေး အသေးအဖွဲငွေကြေးကအစ နောက်ဆုံး စာလုံးပေါင်းသတ်ပုံမှန်ကန်ရေးအထိ အကုန်လိုအပ်နေဆဲပါ။

အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ကိုသင်ကာ

ချင်းမိုင်တက္ကသိုလ်

ထိုင်းနိုင်ငံ

Leave a comment

Filed under MOE, Wikipedia

လှုပ်လှုပ်ရှားရှား၊ ဆူဆူညံညံ MOE

လတ်တလော ဝီကီနဲ့ ပတ်သက်ပြီး ဆူပွက်သံများ ကြားနေရပါတယ်။ ဝီကီလုပ်နေကြတဲ့ ညီအစ်ကိုတွေ စေတနာချင်းတူပေမယ့် တချို့နေရာတွေမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်နေရပါတယ်။

ကျနော်ကတော့ MM IT Pro မှာ ကော်မန့် ပေးခဲ့သလိုပဲ ရေးစရာရှိတာရေးမယ်။ လုပ်စရာရှိတာ ဖြေးဖြေးမှန်မှန် လုပ်နေမယ်။ ဝီကီမှာ စလုပ်တုန်းကလည်း ဘယ်သူ့ကိုမှ မသိခဲ့ပါ။ စိတ်သန့်သန့်ဖြင့် အားကြိုးမာန်တက် လုပ်ခဲ့ပါသည်။ အက်ဒမင်အဖြစ်ကိုလည်း လက်ရှိလုပ်နေသူတွေက လုပ်စေချင်၍ စိတ်ပါလက်ပါပင် လက်ခံခဲ့ပါသည်။ အမနာပ ပြောသည်ကို အောက်ပါ ပို့စ်များထဲမှ Going Wrong With Wikimyanmar.org တွင် ကြည့်ကြပါ။ အကောင်းပြောသည်များလည်း ဖတ်နိုင်ပါသည်။ စုဆောင်းမိသမျှ ဝီကီနှင့် ပတ်သက်သည်များကို လင့်ခ်ပေးထားပါသည်။

ပို့စ်များ

ဘယ်ကိုသွားမလဲ မြန်မာဝီကီ – စည်သူအောင် Click Here

Going Wrong With Wikimyanmar.org – အိမောင် Click Here

ဝီကီမြန်မာအကြောင်း ဘလူးဖီးနစ်နှင့် လောကအလှတို့ အင်တာဗျူး

(လောကအလှ) Click Here /(ဘလူးဖီးနစ်) Click Here

မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း – မင်းကျန်စစ် Click Here

မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း – အညာသား Click Here

(ခေါင်းစဉ်ပေးမထား) – Brain and Beauty Click Here

မြန်မာဝီကီပီဒီးယား – စည်သူ Click Here

မြန်မာဝီကီလမ်းညွှန် – ဘလူးဖီးနစ် Click Here

မြန်မာဝီကီဆောင်းပါးများအပေါ် မှတ်ချက်တောင်းခံခြင်း – ဘလူဖီးနစ် Click Here

မြန်မာဝီကီမှ မြန်မာ့အွန်လိုင်း စွယ်စုံကျမ်းဆီသို့ – ဘလူးဖီးနစ် Click Here

မြန်မာဝီကီချစ်သူများအတွက် မြန်မာဝီကီလာပြီ – ဘလူးဖီးနစ် Click Here

မြန်မာဝီကီအကြောင်း သိကောင်းစရာများ – ဘလူးဖီးနစ် Click Here


ဝီကီနှင့် ပတ်သက်သည့် လူပုဂ္ဂိုလ်များ

ကိုငွေထွန်း Click Here

စည်သူအောင် Click Here

ဘလူးဖီးနစ်၏ Open Engineering for Myanmar Click Here

အိုကိစံ Click Here

စိုးမင်း Click Here

လဂွန်းအိန် Click Here

ဧရာမေ Click Here

မောင်လူအေး Click Here

အမ်.အမ်.သင်ကာ Click Here

Leave a comment

Filed under MOE, Wikipedia

MOE (WikiMyanmar) ရေးသားခြင်းဆိုင်ရာ ဆွေးနွေးချက်များ (အပိုင်း – ၂)

(၃) ရေးသားမှုစနစ်

ရေးသားမှုစနစ်အပိုင်းတွင် ခေါင်းစဉ်ခွဲခြင်း၊ သတ်ပုံသတ်ညွှန်း၊ စကားလုံးဖလှယ်ခြင်း၊ ကိန်းဂဏန်းဆိုင်ရာ ရေးထုံး၊ တည်းဖြတ်ခြင်း၊ ရည်ညွှန်းကိုးကားချက်ထည့်ခြင်း၊ အမျိုးအစားခွဲခြင်းစသည်တို့ကို ဆွေးနွေးပါမည်။

(၃.၁) ခေါင်းစဉ်ခွဲခြင်း

ခေါင်းစဉ်ခွဲပုံခွဲနည်းဟူ၍ သီးသန့်မရှိပါ။ စာရေးသူ၊ ဖြည့်စွက်ပြင်ဆင်သူ၊ အက်ဒမင်စသူတို့၏ လိမ္မာပါးနပ်မှုအရသာ ဖြစ်ပါသည်။ အချို့အကြောင်းအရာများမှာ အစီအစဉ်တကျမရှိသဖြင့် ခေါင်းစဉ်ခွဲရန် ခက်သည်ကို တွေ့ရပါမည်။ ထိုအခါမျိုးတွင် တူရာစုပေးခြင်း၊ သို့မဟုတ် ပြန်ရေးပေးခြင်း (Rewrite) လိုအပ်ပါသည်။ ခေါင်းစဉ်ခွဲရာတွင်လည်း ပုံသေကားကျမရှိပါ။ “ပညာရေး”ဟူ၍လည်း ဖြစ်ချင်ဖြစ်မည်။ “ပညာရှင်ဘဝ”ဟုလည်း ပါကောင်းပါမည်။ “စာပေလောကတွင် ကျင်လည်ခြင်း”ဟု ခွဲသင့်ခွဲရမည်။ “ရရှိခဲ့သော ဘွဲ့ထူး ဂုဏ်ထူးများ”ဟု သီးသန့်ရေးလျှင်လည်း ရေးရမည်ဖြစ်ပါသည်။ ရေးထားနှင့်ပြီးဖြစ်သော အကြောင်းအရာအရ ဖတ်ရှုချင်စဖွယ်ဖြစ်အောင်၊ အစီအစဉ်ကျအောင် ပြုလုပ်ပေးရန်သာဖြစ်သည်။



(၃.၂) သတ်ပုံသတ်ညွှန်း

လူပေါင်းများစွာကြည့်ရှုကြမည့် စွယ်စုံကျမ်းဖြစ်သဖြင့် သတ်ပုံသတ်ညွှန်းမှာ စံသတ်မှတ်ချက်နှင့် အညီ အားကိုးယုံကြည်ရဖွယ် ဖြစ်သင့်ပါသည်။ မြန်မာစာအဖွဲ့ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော သတ်ပုံ၊ ခွဲထား၊ အဘိဓာန်နှင့် သဒ္ဒါကျမ်းများကို လက်ကိုင်ထားသင့်ပါသည်။ ယခု MOE တွင် ဇော်ဂျီဖောင့်ကို သုံးနေကြသည်ဖြစ်ရာ လက်ကွက်ကိုသေချာစွာ လေ့လာ၍ အပင့်အရစ် အတိုအရှည် တိတိကျကျသုံးသင့်ပါသည်။ (ကျနော်ကိုယ်တိုင် အားနည်းနေသေးကြောင်း ဝန်ခံလိုပါသည်။)

သတ်ပုံသတ်ညွှန်းသည် ဖတ်ရှုသူအတွက်သာမက၊ နည်းပညာပိုင်း တာဝန်ယူသူ အက်ဒမင်များအတွက်လည်း အလွန်အရေးကြီးပါသည်။ ကျနော် MOE တွင် ပို့စ်များ စတင်ရေးသောအခါ အက်ဒမင်တစ်ဦးဖြစ်သူ ကိုစည်သူအောင်က ကျနော်သည် ဇော်ဂျီဖောင့်၌ “ဝလုံး”နှင့် “သုည”ကို မှားယွင်းစွာ သုံးစွဲနေကြောင်း ထောက်ပြပါသည်။ (ဝလုံးသည် Shift+< ဖြစ်ပြီး၊ သုညမှာ ဂဏန်းစဉ်ထဲမှ ၀ ဖြစ်ပါသည်။) မှားယွင်းစွာ သုံးစွဲနေခြင်းသည် ဤ MOE ကို Standard အဖြစ် ကုဒ်ပြောင်းလဲရေး ကြိုးပမ်းနေသူများအဖို့ အခက်အခဲများ ပေါ်ပေါက်စေမည်ဖြစ်သည်။

သတ်ပုံသတ်ညွှန်းနှင့် စပ်လျဉ်း၍ သတိပေးလို သောအခြားအချက်မှာ “ခေါင်းစဉ်” တင်ရာတွင် ဖြစ်သည်။ “သုတေသန သရုပ်ပြအဘိဓာန်ကျမ်း”အကြောင်းအရာ ရေးသားချက်ကိုပင် ထပ်မံ ဥပမာပေးပါမည်။ ဤခေါင်းစဉ်တွင် ပြနာမှာ “ရကောက်”ဖြစ်သည်။ ကျနော်သည် ထိုကျမ်းအကြောင်းရေးစဉ်က “သရုပ်”တွင် ရကောက်ကို အရှည်ဖြင့် “ရ”(Shift+7)ဟုသုံးခဲ့သည်။ ယခုပြန်ရှာရာတွင် ရကောက်ခြေတို “ရ”(Ctrl+Alt+7) ဖြင့် ရှာသောအခါ ယင်းအကြောင်းအရာ“မရှိ”ဟု ပြနေပြန်တော့သည်။ ဤသည်ပင် ဇော်ဂျီဖောင့်၏ ပြနာ၊ ဇော်ဂျီဖောင့်၏ အားနည်းချက် ဖြစ်ဖွယ်ရှိပါသည်။ ဤသို့ဆိုလျှင် အကြောင်းအရာတစ်ခုကို စတင်ရေးသား ခေါင်းစဉ်တင်တော့မည်ဆိုလျှင် သတ်ပုံသတ်ညွှန်းနှင့် ကီးဘုတ်လက်ကွက်သည် အလွန်အရေးပါနေသည်ဟု သတိပြုမိလောက်ပေပြီ။ ရေရှည်တွင် အဆက်ပြေရေးအတွက် အလွန်သတိထားထိုက်သောကိစ္စဖြစ်ပါသည်။ ဇော်ဂျီလက်ကွက်နှင့် မြန်မာစာ၏ ရေးထုံးကို ဟန်သစ်ငြိမ်၏ ရေးသားဆွေးနွေးထားချက် ဤနေရာ တွင်ကြည့်ပါ။

(၃.၃) စကားလုံးဖလှယ်ခြင်း

အကြောင်းအရာများကို ရေးသားရာတွင် အခြားဘာသာများ၏ စကားလုံးများကို သုံးစွဲရန် မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် စနစ်တကျဖြစ်ရန် သတ်မှတ်ချက်ကလေးရှိလျှင် ကောင်းမည်ဖြစ်သည်။ ဥပမာ အင်္ဂလိပ်စကားကို ထည့်သွင်းရမည်ဆိုပါက ယင်းစာလုံးကို မြန်မာဘာသာဖြင့် ရှိလျှင် မြန်မာ+အင်္ဂလိပ် တွဲ၍ ထည့်သင့်ပါသည်။ ကိုယ့်ဘာသာ တီထွင် ဘာသာပြန်၍ အင်္ဂလိပ်လိုတွဲ၍လည်း ထည့်နိုင်ပါသည်။ ဥပမာ “ရိုဘော့”ဟု ရေးမည့်အစား “စက်ရုပ် (Robot)”ဟု ရေးသင့်ပါသည်။ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကိုမှု မြန်မာလို ရှိစေကာမူ အင်္ဂလိပ်လိုပါ တွဲထည့်ပေးခြင်းဖြင့် ရှာဖွေဖတ်ရှုသူအတွက် ကျေးဇူးများစေမည်ဖြစ်သည်။ ဥပမာ – ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး (Sustainable Development)။

(ဆက်လက်ရေးသားပါမည်။ ဆွေးနွေးလာမှုများအပေါ် မူတည်၍ ဆက်လက်ဖြည့်စွက်သွားပါမည်။ ပြီးလျှင် MOE သို့ လိုအပ်သလို သုံးရန် ပေးအပ်မည်ဖြစ်ပါသည်။ အမ်.အမ်.သင်ကာ)

Leave a comment

Filed under MOE, Wikipedia

MOE (WikiMyanmar) ရေးသားခြင်းဆိုင်ရာ ဆွေးနွေးချက်များ (အပိုင်း – ၁)

Mmthinker ဘလော့ဂ် တစ်နှစ်ပြည့် အထူးပို့စ်

(အောက်ပါအကြောင်းအရာများသည် သိပြီးသူအဖို့ အလွန်လွယ်ပါမည်။ သို့သော် အစိမ်းသက်သက်ဖြစ်နေသူများနှင့် စွယ်စုံကျမ်းဆိုသည်နှင့် လန့်ပြီး ကိုယ်နှင့် မဆိုင်ဟု ထင်နေသူများအတွက်မှု ပေါင်းကူးတစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။ နည်းပညာပိုင်း အသေးစိတ်ကို Myanmar Online Encyclopedia – MOE မှ နည်းပညာကျွမ်းကျင်သူများက ရေးသားထားပြီး၊ ဖြည့်စွက်ရေးသားဆဲ ဖြစ်ပါသည်။ ကျနော်က ဤနေရာတွင် ဖြစ်တတ်သော အထစ်အငေါ့ကလေးများကို ဆွေးနွေးဖြေရှင်းလိုခြင်းဖြစ်ပါသည်။ မြန်မာများအတွက် ရှိသင့်သော ဝီကီပီဒီးယားသဖွယ် စွယ်စုံကျမ်းကို လူငယ်များက ကြိုးပမ်းနေပါသည်။ အထောက်အပံ့ဖြစ်စေရးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် တိုက်တွန်းအပ်ပါသည်။)

MOE ပေါ်ပေါက်လာပုံ

မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း (MOE) ဖြစ်ပေါ်တိုးတက်လာပုံကို ဤနေရာ တွင် ကြည့်ဖတ်ရှုနိုင်ပါသည်။


(၁) ရှာဖွေဖတ်ရှုခြင်းနှင့် ဖြည့်စွက်ရေးသားခြင်းဆိုင်ရာ

မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း (Myanmar Online Encyclopedia – MOE) သည် မြန်မာဘာသာနှင့် ရေးသည့် ဝီကီပီဒီယားဟု ဆိုနိုင်ပါသည်။ www.wikimyanmar.org ကို ဝင်လိုက်လျှင် ဗဟိုစာမျက်နှာ (Main Page)သို့ ရောက်ပါမည်။ ဗဟိုစာမျက်နှာတွင် လျှပ်တပြက်လိုအပ်မည့် အကြောင်းအရာများကို အလွယ်တကူတွေ့ရှိရန် Link ချိတ်၍ ညွှန်းထားပါသည်။ ဗဟိုစာမျက်နှာကို ကြည့်လျှင်ပင် လာရောက်ဖတ်ရှုသူတစ်ယောက်သည် ပရိသတ်သက်သက်မျှမဟုတ်ဘဲ၊ မိမိတတ်သိ ကျွမ်းကျင်သည်များကိုလည်း ရေးသားနိုင်ရန် လမ်းဖွင့်ပေးထားသည်ကို တွေ့ရပါမည်။ အကြောင်းအရာတစ်ခုကို “ရှာဖွေရေး”နှင့် “ဖြည့်စွက်ရေးသားရေး”သည် အညမည ဆက်စပ်နေပါသည်။

(၁.၁) ရှာဖွေခြင်း

မိမိသိလိုသောအကြောင်းအရာတစ်ခုကို သော့ချက်စကားလုံး (Key Word) ဖြင့် ညာဘက်ကော်လံတွင်ရှိသော “ရှာရန်”ဆိုသည့် နေရာတွင် ရိုက်၍ ရှာကြည့်ပါ။ မြန်မာစကာလုံးဖြင့် ရှာဖွေရေးတွင် သတိပြုရမည့် အချက်တချို့ကို ပြောလိုပါသည်။ မြန်မာစကားလုံးသည် အပင့်၊ အရစ်၊ အသတ်၊ အရေအတွက်တွင်လည်း ဂဏန်းဖြင့်၊ စာဖြင့်၊ စကားလုံး ပွခြင်း၊ ကျစ်ခြင်းများရှိပါသည်။ ထို့ကြောင့် သော့ချက်စကားလုံးကို စဉ်းစားရာတွင် အမျိုးမျိုးရှိနိုင်သည်။

(၁.၂) သွယ်ဝိုက်ရောက်ရှိရေး (Redirect)

“အဒမ်စမစ်”အကြောင်း MOE တွင် ရှာမည်ဆိုပါစို့။ မြန်မာကျောင်းသုံးစာအုပ်က “အဒမ်စမစ်”ဟု ပေါင်းသည်။ ဦးကြည်မြင့်၏ “စီးပွားရေးပညာကျော်များ”စာအုပ်တွင် “အာဒမ်စမစ်”ဟု ရေးပြန်သည်။ အချို့ကလည်း “Adam Smith”ဟု အင်္ဂလိပ်လိုပဲ ရေးသည်။ ထို့ကြောင့် မြန်မာတစ်ယောက်အနေဖြင့် ဤအကြောင်းအရာအတွက် မြန်မာ့အွန်လိုင်းစွယ်စုံကျမ်းတွင် သော့ချက်စကားလုံး သုံးမျိုးဖြင့် ရှာရန် တာဝန်ရှိနေလေသည်။ MOE တွင် အဒမ်စမစ်အကြောင်း အဦးအစရေးသူကဖြစ်စေ၊ MOE အက်ဒမင်တစ်ဦးဦးကဖြစ်စေ သုံးမျိုးစလုံးအနက် မည်သည့်ဟာဖြင့် ရှာရှာ တစ်ခုတည်းသော အကြောင်းအရာသို့ ရောက်ရှိအောင် သွယ်ဝိုက်ရောက်ရှိစေခြင်း (Redirect) လုပ်ထားလျှင်မူ အဆင်ပြေစွာဖြင့် တစ်ချက်တည်း ရောက်ရှိသွားမည်ဖြစ်သည်။ (လုပ်နည်းကို ဤနေရာ တွင် ကြည့်ပါ်။) သို့သော် ဤသို့ စကားလုံးထွေပြားဖွယ်ရှိသော အကြောင်းအရာတိုင်းသည် လတ်တလော MOE အခြေအနေနှင့် မြန်မာဘာသာစကား၏ သဘာဝအရ အဆင်ပြေပြေနှင့် အကြောင်းအရာမှန်သို့ ရောက်သွားမည်ဟု အခါခပ်သိမ်း မမျှော်လင့်အပ်ပေ။

အတွေ့အကြုံတစ်ခုနှင့် ဥပမာပေးရလျှင် ကျွန်ုပ်သည် “သုတေသနသရုပ်ပြအဘိဓာန်” အကြောင်းကို MOE ၌ ရေးခဲ့သည်။ များမကြာမီ ကျမ်းညွှန်းတစ်ခု၌ ယင်းအကြောင်းအရာကို “MOE အတွင်း အချိတ်အဆက်” (Internal Link) ပြန်ပေးသောအခါ “မရှိ”ဟု ပြနေပါသည်။ ဘာမှားသနည်းဟု ဆန်းစစ်သောအခါ ကျွန်ုပ်သည် ထိုကျမ်းအကြောင်းရေးပြီး ခေါင်းစဉ်တင်သောအခါက “သုတေသနသရုပ်ပြအဘိဓာန်ကျမ်း”ဟု အဘိဓာန်နောက်၌ “ကျမ်း”တစ်လုံးအပိုထည့်ကာ တင်ခဲ့ပါသည်။ ထို့ကြောင့် ရှာမတွေ့ခြင်းဖြစ်ပါသည်။ သို့နှင့် နှစ်မျိုးလုံး ဘယ်လိုရှာရှာ ရောက်နိုင်အောင် သွယ်ဝိုက်ရောက်ရှိစေခြင်း (Redirect) လုပ်ထားလိုက်ရပါသည်။

(၁.၃) ပေါင်းစပ်ရခြင်း

အထက်တွင်ဆိုခဲ့သည့်အတိုင်း စကားလုံးအပိုအလိုကြောင့် အကြောင်းအရာ မတွေ့သည့်အတွက် တစ်စုံတစ်ယောက်က ထိုအကြောင်းအရာကို ဝင်ပြီး ထပ်ရေးလိုက်သည် ဆိုပါစို့။ ထိုအခါ အကြောင်းအရာ တစ်ခုတည်းအတွက် ခေါင်းစဉ်နှစ်မျိုးဖြင့် စွယ်စုံကျမ်းထဲတွင် နှစ်ပုဒ်ဖြစ်နေပေတော့သည်။ ထိုအခါ အက်ဒမင်က ထိုနှစ်ပုဒ်ကို ပေါင်းစပ်ပေးရန် လိုအပ်လာသည်။ ထိုသို့ လုပ်ပေးရခြင်းကို “ပေါင်းစပ်ခြင်း”ဟု ခေါ်သည်။

(၂) စတင်ရေးသားခြင်းဆိုင်ရာ

စတင်ရေးသားဖို့အတွက် ကိုယ်ရေးမယ့် အကြောင်းအရာသည် ရှိပြီးဖြစ်မဖြစ် ရှာရန်ထဲမှာ ရိုက်ရှာပြီး ကြည့်နိုင်ပါသည်။ ထိုသို့ ကြည့်ရာတွင်လည်း အထက်တွင် ဆိုခဲ့သည့်အတိုင်း ဖြစ်နိုင်ချေ သော့ချက်စကားလုံးဖြင့် စစ်ဆေးကြည့်သင့်ပါသည်။ ရေးပြီးဖြစ်လျှင်လည်း ထပ်မံဖြည့်စွက်နိုင်ပါသည်။ မရေးရသေးလျှင်လည်း စတင်ရေးသားနိုင်ပါပြီ။

(၂.၁) မှတ်ပုံတင် (Account) ပြုလုပ်ခြင်း

အမှန်တကယ်တွင် MOE ၌ မှတ်ပုံမတင်ထားသော်လည်း ဝင်ရောက် ပြင်ဆင်ရေးသားခွင့်ရှိပါသည်။ မှတ်ပုံတင်ခြင်းမှာ မခက်ခဲပါ။ အလွယ်တကူပင် ပြီးစီးနိုင်ပါသည်။ မှတ်ပုံတင်ခြင်းအားဖြင့် ရနိုင်မည့် အကျိုးကျေးဇူးကို ဤနေရာ တွင် ဖတ်နိုင်ပါသည်။

(၂.၂) ရေးသားခြင်း

မိမိရေးလိုသည့် အကြောင်းအရာ ဥပမာ “အချစ်”ဆိုပါစို့။ ရှာရန်ထဲတွင် ရိုက်ထည့်လိုက်ပါ။ (There is no page titled “အချစ်“. You can create this page.) ဟု တွေ့ရပေလိမ့်မည်။ အောက်ဖက်တွင် “ခေါင်းစဉ်ဆက်စပ်မှု” (Title Matches) နှင့် “စာသားဆက်စပ်မှု” (Text Matches) ကိုလည်း တွေ့ရပါလိမ့်မည်။ လတ်တလောရေးနေချိန်တွင် စာသားဆက်စပ်မှု၌ စာရေးဆရာများ၏ အချိတ်အဆက် (Link) ကို တွေ့နေရပါသည်။ အချစ်အကြောင်းကို စတင်ရေးသားရန်အတွက် “create this page”ဆိုသည်ကို နှိပ်လိုက်ပါ။ ရေးသားရန် စာမျက်နှာတစ်ခု ကျလာပေလိမ့်မည်။ ထိုအထဲတွင် စ၍ရေးနိုင်ပါပြီ။ ရေးသားရာတွင် အသုံးပြုရမည့် ကုဒ်များ၊ ခေါင်းစဉ်ခွဲပုံ၊ ပုံထည့်သွင်းပုံ၊ စာလုံးအမည်း၊ အစောင်းပြုလုပ်ပုံ၊ ဇယားပြုလုပ်ပုံ၊ Info Box ခေါ် နောက်ခံအချက်အလက်ဇယားထည့်သွင်းပုံတို့ကို ဤနေရာ တွင် ကြည့်ရှုလေ့လာပါ။

(၃) ရေးသားမှုစနစ်

ရေးသားမှုစနစ်အပိုင်းတွင် အပိုဒ်ခွဲခြင်း၊ သတ်ပုံသတ်ညွှန်း၊ စကားလုံးဖလှယ်ခြင်း၊ တည်းဖြတ်ခြင်း၊ ရည်ညွှန်းကိုကားချက်ထည့်ခြင်း၊ အမျိုးအစားခွဲခြင်းစသည်တို့ကို ဆွေးနွေးပါမည်။

(ဆက်လက်ရေးသားပါမည်။ ဆွေးနွေးလာမှုများအပေါ် မူတည်၍ ဆက်လက်ဖြည့်စွက်သွားပါမည်။ ပြီးလျှင် MOE သို့ လိုအပ်သလို သုံးရန် ပေးအပ်မည်ဖြစ်ပါသည်။ အမ်.အမ်.သင်ကာ)

Leave a comment

Filed under MOE, Wikipedia

မြန်မာဝီကီပီဒီယားအရေး

မြန်မာဝီကီပီဒီယားနဲ့ ပတ်သက်လို့ ၀မ်းသာ ၀မ်းနည်းရော၊ အားရ အားမရရော၊ နားလည် မလည်ရော ဖြစ်နေတုန်း ဘလူးဖီးနစ်ရဲ့ အဖိုးတန်ရှင်းပြချက်တွေ ထွက်ပေါ်လာပါတယ်။ မြန်မာဝီကီပီဒီယား တခန်းသစ်ဦးမယ်လို့ မြင်မိပါတယ်။ ပို့စ်နှစ်ခုကို မဖတ်ရသေးတဲ့သူတွေအတွက် လက်တို့ချင်ပါတယ်။

မြန်မာဝီကီအကြောင်းသိကောင်းစရာများ – ဘလူးဖီးနစ်

ဇော်ဂျီချစ်သူများအတွက် မြန်မာဝီကီလာပြီ – ဘလူးဖီးနစ်

Leave a comment

Filed under MOE, Sharing, Wikipedia