လက်ပံတောင်း ဋီကာ …
၁) သံဃာများ ထိခိုက် နစ်နာရခြင်းအပေါ် စိတ်နှလုံး မသာယာ၊ ညှိုးနွမ်းကြသော ပြည်သူအများ။ ထိုခံစားချက်ကို ဖော်ထုတ်သူလည်း ဖော်၊ မြိုသိပ်၍ ကူညီသူလည်း ကူညီ။ မမြင်ဝံ့ဝံ့ မြင်ဝံ့ဝံ့ ဖြစ်သဖြင့် ဖေ့စ်ဘုတ်မှာ ငါ့ဝေါလ်ပေါ် ဘယ်သူများ လာ tag မတုန်းဟု ရင်တထိတ်ထိတ်ဖြင့် စိတ်လက် မချမ်းသာသည့် အခြေ ခံစားနေရသူများ (ဒါကတော့ အများစုပေါ့၊ ကိုယ်တောင် မကြည့်ရက်တော့လို့ တကွက်ကျော်ကျော်ပြီး ကြည့်နေမိတယ်)
၂) အမိန့်ပေးလို့ လုပ်ရတာ၊ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိ၊ “ချစ်သမျှကို မဟုတ်ဘဲ” … “ပစ်သမျှကို ပတ်ပျိုး” နဲ့ “သမုတိအတွက် ငဝက်က ဒဏ်ခံ” နေရသော ပုလိပ်အဖွဲ့ (သူတို့ကလည်း ဗြဟ္မာကြီး ဦးခေါင်း ပိုက်မိသလို အီလည်လည်)