လူက ပိန်ပေမယ့် ကျနော်တို့က ‘ဗလ’ လို့ တမင်ခေါ်တဲ့ စာရေးဆရာ ဒီနိုင်းခတော့ သွားနှင့်ပြီ။
Tag Archives: Obituary
ဗလ (ခ) ဒီနိုင်းခတော့ သွားနှင့်ပြီ
Filed under Obituary
ဝဿန်မိုး (ခ) အောင်နိုင်ဝင်း ပြောတဲ့ ကျော်သာဒွန်း
ဇုံးတလေ ဇုံးတလေနဲ့
အပြုံးတွေ ဆင်ခဲ့သူ …။
ကျဉ်းမြောင်းလှတဲ့ အခန်းတွင်းမှာ
အနုပညာ ဇောတွေနဲ့
အမောက်တွေ ဖောက်နေသူ …။
အရပ်ရှည်သလောက်
အနုပညာပေါ် စိတ်ရှည်သူ
ခုတော့ကွာ
အသက်ရှည်မသွားဘူး …။
တောက် …။
“အောင်နိုင်ဝင်း Watthan Moe Anw”
(*ဇုံးတလေ – ဇေတလုံး)
ပန်းချီ ကေမိုးကို ပြောတဲ့ ကျော်သာဒွန်း
ဟယောင် မြစ်ခြေသား
အပြစ်တွေ မပွားတော့ဘူး
အချစ်တွေနဲ့ စကားပြောမယ် …။
ခင်ဗျား နေလို့ရရဲ့သားနဲ့
ခင်ဗျား ပေလို့ သေရပြီ …။
ဆန်းတော့ မဆန်းဘူး
ခု ခင်ဗျား သွားလို့ရာသွားပါ
နေလိုက ကျနော့် အခန်းဟာ
ခင်ဗျားအတွက် တံခါးမရှိ … ဓားမရှိ
ဝီစကီ အပြည့်ရှိနေတယ် …။
ဒါပဲ …။
“ကေမိုးမို Kay Moe Ko”
ပန်းချီ ပိုးဒီလွန်ပြောတဲ့ ကျော်သာဒွန်း
အရှည်ကြီး
မင်းကွာ … ငါပြောခဲ့ပါလျက်နဲ့
အရက်က လူတွေ သောက်ဖို့ …။
ဒါပေမယ့် …
အရက်က … ငါတို့ကို ပြန်မသောက်စေနဲ့
အဲဒီလို ပြောပါလျက်နဲ့ …။
မင်းက … အာဇာနည်နေ့
ဥသြဆွဲသံနဲ့ အတူ
အလံထူသွားတာလား
အေး … မပြောတော့ဘူးကွာ
မင်းက ခမ်းနားတယ် …။
“ပိုးဒီလွန် Poe Delon”