Tag Archives: Review

“မုဒြာရဲ့ ခေါ်သံ” – သွားကြည့်ပြီးတော့ ရေးပါတယ်

“မုဒြာရဲ့ ခေါ်သံ” ကို မြန်မာရုပ်ရှင် ကားကောင်းတွေ တကျော့ပြန်စဖို့ တွန်းအားစရပ်လို့ မြင်ပါတယ်။

တင်ကြို ဖတ်ထားရတဲ့ ဝေဖန်သုံးသပ်ချက် … ကောင်းခြင်း ဆိုးခြင်းတွေ ဘာမှ ခေါင်းထဲမထည့်ဘဲ သွားကြည့်ပြီးနောက် ရုပ်ရှင်ကောင်းကောင်း ကြိုက်တတ်သူ တစ်ယောက်အနေနဲ့ မောလိဝုဒ်အတွက် “မုဒြာရဲ့ ခေါ်သံ” ကို အားရပါတယ်။

အဝေးပြေးကားပေါ်မှာ မကြည့်ချင်ဘဲ ကြားနေရတဲ့ ပေါကားတွေ … မိတ်ဆွေ တစ်ယောက် မွေးနေ့မှာ မလိုက်ချင်ဘဲ လိုက်ကြည့်မိတဲ့ ပေါကား တစ်ကားတို့နဲ့ ယှဉ်ရင် အနီးကပ်ရိုက်ချက် များတာနဲ့ ဟန်းရှိတ်ဝင်တာတွေ သတိပြုမိပေမယ့် ကိုယ်ပေးကြည့်ရတဲ့ ငွေနဲ့ အချိန် တန်တယ်လို့ပဲ ပြောချင်ပါတယ်။

Continue reading

Leave a comment

Filed under Movie, Review

အကောင်းမြင် ၂၀၁၇

ကိုသင်ကာ

၂၀၁၇ ခုနှစ် နှစ်ချုပ်ကို အမျိုးမျိုး အများအပြား ရေးကြတာ တွေ့ရပါတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ အစွန်းရောက်တွေရဲ့ ဗုံးခွဲမှုတွေ၊ မတော်တဆမှုတွေအပြင် ဟောလိဝုဒ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတဲ့ ကိစ္စတွေအထိ စိတ်မသက်သာစရာတွေ ရက်စွဲစဉ်အလိုက် အများအပြားတွေ့ရပါတယ်။ အဲဒီလိုဖြစ်စဉ်တွေထဲကမှ အကောင်းဘက် အပြုသဘောဆောင်တဲ့ ကိစ္စတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးဆိုင်ရာ ၂၀၁၅ ခုနှစ် ပဲရစ် သဘောတူညီချက်

ပဲရစ် သဘောတူညီချက်မှာ ဆီးရီးယားနဲ့ နီကာရာဂွာတို့က လက်မှတ်ရေးထိုးလိုက်တာကြောင့် တစ်ကမ္ဘာလုံးမှာ နိုင်ငံတိုင်းက ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးမှာ ပါဝင်လာပြီလို့ ဆိုနိုင်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့် တက်လာပြီးနောက် ပဲရစ် သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပေမယ့် စည်းမျဉ်း စည်းကမ်းအရ ၂၀၂၀ နိုဝင်ဘာ ၄ ရက်နေ့အထိ အပြီးအပိုင် ကျောခိုင်းလို့ မရသေးပါဘူး။ အကောင်းမြင်ရတဲ့ အကြောင်းကတော့ နောက်လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့မှာ ဖြစ်လို့ပါပဲ။
ကမ္ဘာ့ဘဏ်ကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေအတွက် ချေးငွေတွေကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာထားပါတယ်။

Continue reading

Leave a comment

Filed under Article, Ecology, Environment, Health, Poverty, Review

၂၀၁၇ သမင်လည်ပြန်

(Time)

၂၀၁၇ သမင်လည်ပြန်

သင်ကာ

ဇန်နဝါရီ
ဇန်နဝါရီ ၁ – တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ရှိ နိုက်ကလပ်တစ်ခုကို သေနတ်နဲ့ ဝင်ပစ်လို့ ၃၉ ဦး သေဆုံးပြီး အများစုက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ ပစ်ခတ်မှု ဖြစ်ပြီး ၁၆ ရက်အကြာမှာ ရဲက သေနတ်သမားကို ဖမ်းမိခဲ့ပါတယ်။
ဇန်နဝါရီ ၅ – အမေရိကန် ဖလော်ရီဒါ လေဆိပ်မှာ အီရတ်စစ်ပြန် အက်စတီဘန် ဆန်တီယာဂိုက သေနတ်နဲ့ ပစ်ခတ်လို့ ငါးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရပါတယ်။ သူ့ကိုလည်း ဖမ်းမိခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ – သန်းကြွယ်သူဌေးကြီး ဒေါ်နယ်ထရမ့် ၄၅ ဦးမြောက် အမေရိကန် သမ္မတ ဖြစ်လာပါတယ်။ သူတက်လာပြီးနောက် မွတ်စလင်နိုင်ငံတွေကနေ လာမယ့်သူတွေကို ပိတ်ပင်မှု မျိုးစုံ စတင်ချမှတ်ပါတယ်။

ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၈ – နည်းပညာကုမ္ပဏီ HP က အိုင်ယာလန်နိုင်ငံ၊ ကီလ်ဒရယ်၊ လိဇက်လစ်ပ်ရှိ စက်ရုံတစ်ခုကို ပိတ်သိမ်းလိုက်တဲ့အတွက် လူ ၅၀၀ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။

Continue reading

Leave a comment

Filed under Article, Review

ရခိုင်ပြည်နယ် ပဋိပက္ခ ဆင်ခြင်ချက်များ

 

ရခိုင်ပြည်နယ် ပဋိပက္ခ ဆင်ခြင်ချက်များ

(၁) ဒီအမြင်နဲ့ သုံးသပ်ချက်တွေက ကျနော့်ရဲ့ ဖြတ်သန်းမှု၊ ဖတ်ရှုလေ့လာသလောက်နဲ့ ရရှိနေတဲ့ သတင်းအချက်များအပေါ် ဆင်ခြင်သုံးသပ်မှုသာ ဖြစ်ပါတယ်။ အတ္တနောမတိကို အခြေခံပြီး ပုဂ္ဂလိက ဆင်ခြင်သုံးသပ်ချက် ဖြစ်လို့ မှန်တယ်/မှားတယ်၊ ပိုတယ်/လိုတယ်၊ ဘက်လိုက်တယ်/မလိုက်ဘူး၊ အဂတိ ကင်းတယ်/မကင်းဘူး ဆိုတာတွေဟာ ကိုယ့် အဓိပ္ပာယ် ကောက်ယူမှုနဲ့ ကိုယ်၊ တသီးပုဂ္ဂလ တုံ့ပြန်ချက်လို့ပဲ မြင်ပါမယ်။

(၂) ပြဿနာ ရင်းမြစ်များ – ပြဿနာတွေကို အကြောင်းရှာတဲ့အခါ အထွေထွေ အပေါ်ယံသမိုင်း၊ ပထဝီဝင် အချက်အလက်များ အောက်မှာ “အုပ်ချုပ်သူ အာဏာပိုင်တွေ” နဲ့ “ပြည်သူလူထု ကိုယ်တိုင်” လို့ ရှုပ်ထွေးတဲ့ ရှည်လျားတဲ့ သမိုင်းမြစ်ဖျားခံ ရင်းမြစ် နှစ်ခုကို တွေ့တယ်။

(၂-က) အုပ်ချုပ်သူ အာဏာပိုင်ဆိုရာမှာ ဟိုး ပါလီမန်ခေတ်က နိုင်ငံရေးအတွက် ရိုဟင်ဂျာကို ထည့်ကစားခဲ့တာတွေ၊ ရိုဟင်ဂျာ ဘာသာနဲ့ ရေဒီယို အသံလွှင့်ခွင့်ပြုတာတွေကနေ နောက်ပိုင်း စစ်အစိုးရရဲ့ အထီးကျန် အုပ်ချုပ်မှုအောက်မှာ ဒီ မွတ်စလင် (အသုံးအနှုန်း ပြဿနာမှာ ရှု) တွေကို ရခိုင်ပြည်နယ်ထဲမှာပဲ ချောင်ပိတ်ထားခဲ့တာ၊ နယ်စပ်ခြံစည်းရိုးမှာ အာဏာပိုင်တွေ လာဘ်စားပြီး တရားဥပဒေစိုးမိုးရေး မရှိခဲ့တာကနေ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ မွတ်စလင်များကို အသုံးချခဲ့တာတွေအထိ တဆစ်စီ ပြန်လှန်ရလိမ့်မယ်။

Continue reading

Leave a comment

Filed under History, Politics, Review

ထို ၂ ပုဒ်

(၁)

ဘလော်ဂါဒေးအတွက် အင်တာဗျူးတစ်ခု လာလုပ်သည်။ “ဘလော့ဂ်တွေကို မီဒီယာအဖြစ် သတ်မှတ်နိုင်မလား” ဟု မေးသည်။  မဆိုင်းမတွပင် သတ်မှတ်နိုင်ကြောင်း၊ New Media အဖြစ်ရော Citizen Journalist အဖြစ်ပါ အကျုံးဝင်ပါကြောင်း ဖြေလိုက်သည်။ မြန်မာမီဒီယာလောကတွင် ဘလော့ဂ် အသိုင်းအဝိုင်းသည်လည်း စိတ်အဆာမပြေသည့် လူငယ်များ၊ ပြည်ပရောက် အသိုင်းအဝိုင်းများအတွက် အရှိန်ကောင်းနေသော၊ ကြီးထွားနေသော အင်အားစုတစ်ခုအဖြစ် မြင်မိသည်။

(၂)

လစဉ်ထုတ် မဂ္ဂဇင်းများသာမက၊ ဂျာနယ်များပါ အဆန်းဆက် ဝတ္တု၊ ဆောင်းပါး ဖော်ပြသည့် ယဉ်ကျေးမှု ရှိသည်။ အချို့ဝတ္တုများမှာ တစ်လတစ်ခါ မျှော်ကာ မျှော်ကာ ဖတ်ရသည်။ ဆရာသိန်းဖေမြင့်၏ အရှေ့က နေဝန်းထွက်သည့်ပမာသည် နှစ်နှင့်ချီ၍ အခန်းဆက် ဖော်ပြခဲ့သော ဝတ္တုကြီးဖြစ်သည်။

ဤနှစ်အတွင်း ဘလော့ဂ်လောကတွင်လည်း လှုပ်သွားသော၊ လှုပ်နေဆဲသော အခန်းဆက် ကိုယ်တွေ့ဝတ္တုရှည် နှစ်ပုဒ် ရှိသည်။ မေငြိမ်း၏ “မြသီလာအလွမ်းပြေ” နှင့် မင်းဒင်၏ “မင်ဒင်ရဲ့ သက်ခိုင်” တို့ ဖြစ်သည်။ ဆရာမမေငြိမ်းက သူ့ဝတ္တုကို “ကျောင်းအမှတ်တရ”ဟု အညွှန်းထိုးသလို ကိုမင်းဒင်ကလည်း “မင်းဒင်ရဲ့ သက်ခိုင်”ဟုသာ အရှင်း အညွှန်းထိုးသည်။ နှစ်ခုစလုံးသည် ဝတ္တု၏သဘော ရသမြောက်သည်။ အထူခြားဆုံးမှာ သူတို့ နှစ်ဦးလုံး ခေတ်ပြိုင်သမိုင်းပေါ် ပြန်ထင်ဟပ်ထားခြင်း ဖြစ်ပြီး ထိုဟပ်ထင် မှုက ထိုခေတ်ကာလက ဖြတ်သန်းခဲ့သူများ၏ အတွေ့အကြုံများကို ပြန်နှိုးဆွပေးသလို မသိနိုးနားဖြတ်သန်းခဲ့ရသည့် မျိုးဆက်သစ်အတွက်လည်း အဖိုးတန် သင်ခန်းစာနှင့် ခေတ်၏ စပ်ကူးမတ်ကူးကို မျက်ခြေမပြတ်စေရန် ထောက်ကူပေးနိုင်ခဲ့သည်။ ထိုအချက်များထဲတွင် စာပေအရေးအသား နိုင်နင်းမှုကို အထွဋ်တင်လိုက်သောအခါ ခေတ်ပြိုင် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးကို မပြတ်စူးစမ်းနေသော၊ ပိုတိတိကျကျဆိုရလျှင် သိချင်မှု ဆာလောင်နေသူများ အဖို့ ပို့စ်တစ်ခုပြီး တစ်ခု စောင့်ကြည့်ရမည့် လက်ရာကောင်းများ ဖြစ်လာတော့သည် ဆိုချင်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် လက်တို့ပြီး စောင့်ကြည့်ရမည့် ပို့စ်များဖြစ်လာသည်။ ဟုတ်နိုးနိုးတို့သည်လည်း ထိုဝတ္တု နှစ်ခု၏ ကျေးဇူးဖြင့် ရှင်းတန်သလောက် ရှင်းသွားသည်။ (ပြည်တွင်းတွင် ဤလိုစာပေမျိုး ဖတ်ခွင့် မရနိုင်သေး။ တီးခေါက်ကြည့်သရွေ့ ပြည်တွင်းက စောင့်ဖတ်နေသည့် ပရိသတ်လည်း မနည်းမနောရှိသည်။)

Continue reading

3 Comments

Filed under Review