Tag Archives: Announcement

You are so frustrating!

Hay Marlala!
This is not the countries like you live, you born! Don’t be a big mouth without knowing anything about Burma! Do your own business! Go study in your classroom! Don’t use ur noble peace prize as a tool to bully all citizens in Burma! You’re not totally impressed! What a shame!
You are so frustrating!

(Credit: Kyaw Hsu Mon )

Advertisements

Leave a comment

Filed under Announcement

MM Blog Academy Award 2009

People Media Voice မှ သတင်း Click Here

Registration and Vote Click Here

Leave a comment

Filed under Announcement, Blogging

2009 Review by Myself

၂၀၀၉ ကိုယ့်ဖာသာ ဆန်းစစ်ချက်

မပြီးနိုင် မစီးနိုင် ပေရှည်နေသော ဘွဲ့လွန် သီးဇစ် ပြီးသွားသည်။ မပြီးခြင်းအတွက် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်ဆိုင်ကလုန်းနှင့် ကျမ်းကြပ်ဆရာကြီးအလုပ်များမှုကို အကြောင်းပြပါသည်။ ပြသည့်အတိုင်းလည်း မှန်ပါသည်။ (ကိုယ့်ဖာသာ မှန်တာ)

ဝီကီပီဒီးယား နှစ်ခုနှင့်စပ်လျဉ်း၍ အလုပ်အတော် လုပ်ဖြစ်သည်။ ရှိသင့်ရှိထိုက်တာ တစ်ခုအတွက် အတတ်နိုင်ဆုံး ကိုယ်လုပ်ပေးနေရတာကို ဂုဏ်ယူသည်၊ အားလည်းရသည်၊ ကုသိုလ်ဆိုတာ ဘုရားသွား ကျောင်းတက်မှ ရတာမဟုတ်ပါ။ မြန်မာအွန်လိုင်းစွယ်စုံကျမ်းမှာ ဝီကီသူကြီးအဖြစ် ဝင်ပါခဲ့ပြီး၊ မြန်မာအတွက် တရားဝင် ဝီကီပီဒီယား လိုကယ် အက်ဒမင်အဖြစ် မကြာခင်က ဝင်ရောက်ကူညီခွင့်ရပါသည်။ အချိန်ကုန် ငွေပွန်းဟု မကောင်းမြင်ကြသည့်တိုင် အင်မတန် အကျိုးကျေးဇူးများသော အလုပ်ဖြစ်၍ ဂုဏ်ယူလှပါသည်။

Continue reading

9 Comments

Filed under Announcement, Blogging

Need Help !!!

The Sketch of of Skies (2008) DOWNLOAD HERE

Ko Yin Nyein CLICK HERE

2 Comments

Filed under Announcement

Announcement

အသိပေးခြင်း

ဤနေရာတွင် ဘလော့ဂ်စာမျက်နှာရော၊ လာရောက်လည်ပတ်သူ မိတ်ဆွေများ၏ အချိန်ပါမဖြုန်းလို၍ ပေယျာလကံထားထားသော ကိစ္စတစ်ခုကို အချိန်အပုပ်ခံပြီး နည်းနည်းတော့ ပြောရပါဦးမည်။

ပုဂ္ဂိုလ်ရေးသက်သက် အကြောရယူလိုခြင်း၊ အနိုင်ပိုင်းလိုခြင်းဟူသော ကျဉ်းမြောင်း၍ ကလေးဆန်သည့် စိတ်တစ်ခုကို အကြောင်းပြုကာ ကျနော့်အပေါ် တိုက်ခိုက်နေမှုများကို မိတ်ဆွေရင်း တော်တော်များများတော့ သိထားကြပြီး ဖြစ်ပါသည်။

လောကအလှမှ စာမူများကို သင်ကာက ရောင်းစားပါသည်ဟု မေးလ်များပို့၍ စွပ်စွဲသောအခါ အတော်ပင်ရယ်ရပါသည်။ လေဖမ်းဝါးတန်းချည် စွပ်စွဲမနေဘဲ သက်သေအထောက်အထားနှင့်ပြပါဟု ပြောသောအခါ ဟိုလိုလို ဒီလိုလိုနဲ့ ရူးချင်ယောင် ဆောင်နေ၏။ အခုထိလည်း အထောက်အထားစုသလိုလို၊ ထောက်လှမ်းနေသလိုလို အိယောင်ဝါးလုပ်နေသည်။

ကျနော်၏ ဖြေရှင်းတောင်းဆိုချက်များကို ဖယ်ထားကာ တဖက်သတ်ပြောဆိုချက်များကိုချည်း မေးလ်ဖြင့်ဖြန့်ကာ အချိန်ကုန် ကီးဘုတ်စားခံနေသည်ကိုလည်း တွေ့ရချေသေး၏။

ကျနော် သူများနိုင်ငံရောက်နေသည့် သုံးနှစ်တာအတွင်း တစ်ခါမှ စာရေးမပျက်ခဲ့ဘူးပါ။ ရေးဖြစ်သမျှစာမူများကို (၁) ပြည်တွင်းမီဒီယာ၊ (၂) ပြည်ပမီဒီယာနှင့် (၃) အွန်လိုင်းမီဒီယာများသို့ သင့်သလို၊ နီးစပ်သလို ပို့လိုက် ပေးလိုက်ပါသည်။

ပြည်တွင်းမီဒီယာများတွင် ရေးသမျှအတွက် စာမူခ ရပါသည်။ တချို့ကို အိမ်ကိုလွှဲလိုက်ပြီး မိတ်ဆွေ လူနိုင်များကဆင့် ရသမျှစာမူခကတော့ သူတို့ အရက်ဖိုးဖြစ်သွားသည်က များပါသည်။ ကျနော်ကလည်း “အေးကွာ စာမူပါရင် မင်းတို့ သွားသာ မော့လိုက်ကြတော့”ဟု အလှူပေးထားလိုက်ပါသည်။

ပြည်ပမီဒီယာများအတွက် စာသီးသန့် မရေးသော်လည်း နာဂစ်မှတ်တမ်းလို ဆောင်းပါးမျိုးကို သူတို့က ကြိုက်၍ သုံးတာမျိုးရှိပါသည်။ တိုင်းရင်းသားလူနည်းစုတစ်ခုက ထုတ်သော သတင်းစာ (အမည်မဖော်ပြလို) တွင်လည်း ကျနော် လိုအပ်သလို ရေးပေးပါသည်။ နာမည်ကြီးမီဒီယာကြီးတစ်ခုတွင် ပါဖူးသော သတင်းနည်းပညာသစ်ဆောင်းပါးတစ်ပုဒ် (အတိအကျ တစ်ပုဒ်ထဲသာ) မှ လွဲ၍ မည်သည့် စာမူခ၊ ဉာဏ်ပူဇော်ခကိုမှ တောင်းယူခြင်း၊ ရယူခြင်း မရှိခဲ့ပါ။ အချို့က ပေးသော်လည်း လက်မခံခဲ့ပါ။

အွန်လိုင်းမီဒီယာဆိုရာတွင် ဘလော့ဂ်မှသည် ကိုယ်သန်သလို လုပ်ကြသော အွန်လိုင်းမဂ္ဂဇင်းများအထိ ဆိုလိုပါသည်။ အများအားဖြင့် ဝါသနာပါရာ စုပြီးလုပ်ကြခြင်းကြောင့် ငွေကြေးအတွက်ဟူ၍ တခါတရံမှ ရည်စူးရေးသား၊ လုပ်ကိုင်ခဲ့ခြင်း မရှိဖူးပါ။ ဖွဲ့တည်ရာမဂ္ဂဇင်းမှာ စာမူ ၂ ပုဒ်ကို ပြည်တွင်းစာစောင်တစ်ခုက ကမ်းလှမ်းဝယ်ယူစဉ်ကလည်း ကာယကံရှင်စာရေးသူနှင့်သာ တိုက်ရိုက် ချိတ်ဆက်ပေးလိုက်ပါသည်။ ဘာမှ စွက်ဖက်ခဲ့ဖူးခြင်းမရှိပါ။

လောကအလှက စာမူကို ပိုက်ဆံပေးဝယ်သည်ဟု မူထားကြောင်းသိသော်လည်း ကျနော်အပါအဝင် ကျနော်နှင့် ပတ်သက်၍ ခင်ရာမင်ရာစာမူပေးကြဖူးသူများသည် ငွေကြေးအတွက် မဟုတ်ဟု ကြိုတင်အသိပေးပြီး စေတနာရိဖြင့်သာ ပေးခဲ့ပါသည်။

ဤအခြေအနေတွင် သူတပါးစာမူကို ရောင်းစားသည်ဟု ရှေ့နောက် မသင့် အထောက်အထားမရှိ စွပ်စွဲသည်ကိုတော့ ဖြေရှင်းပြနေရန် မလိုအပ်ဟု ထင်၍ ဘာမှ မပြောခဲ့ပါ။ သို့ သော် ကိုယ်နှင့် ရင်းနှီးသူများက တစ်စုံတရာ သံသယမရှိသော်လည်း သိပ်ပြီးမသိသေးသူများဟု ဇဝေဇဝါဖြစ်ကြကြောင်း သိရ၍ ချရေးလိုက်ပါသည်။ မိတ်ဆွေတချို့ကလည်း နည်းနည်းပြောပါဟု တိုက်တွန်း၍ ရေးပါသည်။

(၁) ပြည်တွင်းဂျာနယ်အချို့အတွက် စာမူများကို စာမူခဖြင့် (လတ်တလောတွင် ပင်တိုင်ကဏ္ဍတစ်ခုရေးရန် ဂျာနယ်တစ်စောင်နှင့် သဘောတူထားပြီး)၊ (၂) ပြည်ပမီဒီယာများတွင် ရေးဖြစ်လျှင် အဆင်သင့်သလို စာမူခ (သို့မဟုတ်) အခမဲ့ဖြင့်၊ (၃) အွန်လိုင်းမီဒီယာအတွက် လုံးဝ အခမဲ့ဖြင့် ဝါသနာအလျောက်စာများ ရေးနေဦးမည်ဖြစ်ကြောင်း အသိပေးချင်ပါသည်။

သိက္ခာချချင်ရုံ၊ သင်ကာဆိုတဲ့ကောင်ကို ချိုးချင်ရုံ ဟူသော စိတ်ဓာတ်ဖြင့် သွားပုပ်လေလွင့်ပြောဆိုမှုများကို ဘယ်လောက်အထိ အချိန်ကုန်ခံ၊ ဖုန်းဖိုးအကုန်ခံ၊ အိန္ဒြေအပွန်းခံ၊ ကီးဘုတ်အပါးခံပြီး လုပ်ဆောင်နေနိုင်မည်လဲ စောင့်ကြည့်ချင်ပါကြောင်း …။ လောကအလှဟု အမည်တပ်ပြောဆိုသေည်လည်း မဂ္ဂဇင်းကို ငွေစိုက်ထောင်ထားသည့် အယ်ချုပ်အမည်ခံ တစ်ဦးတည်းကိုသာ ရည်ညွှန်းပါသည်။ အယ်ဒီတာအဖွဲ့ဝင်ဟု ဖော်ပြထားသူများ၊ အခြား ပတ်သက်နေသူများနှင့် ကတောက်ကဆလည်းမဖြစ်ဖူး၊ ရည်လည်း မရည်ရွယ်ပါကြောင်း …။

ရည်ညွှန်းအွန်လိုင်းမဂ္ဂဇင်း http://www.lawka-ahla.com

ရည်ညွှန်းသူ၏ ပါစင်နယ်ဘလော့ဂ် Click Here

ရည်ညွှန်းသူ၏ မေးလ် Click Here

6 Comments

Filed under Announcement

Greeting

မြန်မာ့ရိုးရာ မင်္ဂလာ နှစ်သစ်ပါ။

ကျနော်ကတော့ သင်္ကြန်တတွင်းလုံး လက်ပ်တော့တစ်လုံးရှေ့ချ၊ တီဗီဖွင့်ထားပြီး ထိုင်းနိုင်ငံရေးကို (ဘာသာစကား နားမလည်ဘဲ ပုံတွေ) နဲ့ ကမ္ဘာ့အရေးတွေကြည့်၊ ပုလင်းကိုထောင်ပြီး နေလိုက်တာ တစ်ရက်မှကို ထွက်မလည်ဖြစ်ပါဘူး။ ဖေ့စ်ဘုတ်မှာလည်း ရှိနေဖြစ်ပါတယ်။ ဟန်သစ်ငြိမ်တို့ ထွန်းတောက်နေတို့ကတော့ ဝပ်ဆိုင်မွန် ဘုန်ကြီးကျောင်းကို နေ့တိုင်းလိုလို သွားကြပါတယ်။ (ဥပုသ်သွားစောင့်တာ မဟုတ်တာတော့ သေချာသည်။)

တစ်နှစ်ကူးပြန်ပြီပေါ့။ လတ်တလော စာရေးစာဖတ်လုပ်ပြီး လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကင်းနေချင်တယ်။ နေဖြစ်အောင်လည်း နောက်ပြန်ဆုတ်နေတယ်။ မဟုတ်ရင် မလိုအပ်တဲ့ စိတ်ရှုပ်စရာတွေ ရှင်းနေရတာ၊ အထင်လွဲခံရတာ၊ စွပ်စွဲခံရတာ၊ ကြားဝင်မိတာ၊ ကန့်လန့်ကန့်လန့်ပါနေတာ၊ အဲဒါတွေနဲ့ ထွေးလုံးရစ်ပတ် ဖြစ်လာတယ်။ ခုမှ သိလာ ခင်လာသူ တချို့တွေကလည်း ဒီလို အရှုပ်တွေ ချာလပတ်လည်နေတာကို သင်ကာ့စရိုက်လို့ ထင်လိုက်ပြန်သေးတယ်။

ဝီကီ (နှစ်ခု 1 and 2)၊ ညီလင်းဆက်စထားတဲ့ စာအုပ်ကတ်တလောက်၊ ဆောင်းပါးရေးတာ၊ စာဖတ်ချိန်ပိုပေးတာ၊ အသောက်လျှော့တာတွေတော့ လုပ်မယ်လို့ စိတ်ကူးထားပါရဲ့။ ကိုမင်းကျော်လုပ်နေတဲ့ ဆိုဒ်ပရောဂျက်တွေလည်း အနာဂတ်အတွက် ကောင်းတာမို့ တတ်နိုင်တာလေး ကူမယ် ပြောထားပါတယ်။

ပညာရေးနဲ့ အလုပ်အကိုင်ကတော့ ဝေဝါးဝါးဖြစ်နေတုန်းပါပဲ။ ဒါပေမယ့် သေချာတာကတော့ ကျနော် ထမင်းငတ် မသေနိုင်တာပါ။

နှစ်သစ်မှစ၍ တနှစ်တာလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ မြင်လိုပါတယ်ဗျာ

သင်ကာ

ဧပြီ ၂၀၀၉

Leave a comment

Filed under Announcement

My Content and its Context

Knowledge

(၁) ကျနော့်ဘလော့ဂ်တွင် ရေးသားသော သုတဆိုင်ရာ ဆောင်းပါးများသည် ကျနော်၏ စိတ်ဝင်စားမှု၊ အတွေးအခေါ်နှင့် လေ့လာနေသော ပညာရပ်များနှင့် ပတ်သက်ပါသည်။ ထင်ဟပ်ပါသည်။

Art and Creativity

(၂) အနုပညာဆိုင်ရာ ရေးသားဖွဲ့ချက်များမှာမူ ခံစားချက် အနုပညာသက်သက်သာဖြစ်ပါသည်။ မည်သူ့ကိုမှ ရည်ညွှန်းခြင်းမရှိသဖြင့် အနုပညာအဖြစ်သာ ခံစားကြပါရန်။

2 Comments

Filed under Announcement