Tag Archives: Wikipedia

Myanmar Wikipedia

ရေး – ဇော်သက်အောင်

မနက်ဖြန် စက်တင်ဘာ ၃၀ ဆိုရင် ကျွန်တော်တို့ မြန်မာ ဝီကီပီးဒီးယားအတွက် ဘန်ကောက်မှာ ပထမဆုံးအကြိမ် ဆုံခဲ့ကြတာ ၉ နှစ်ပြည့်ပြီ။

အဲဒီတုန်းက ယူနီကုဒ်နဲ့ ရေးတဲ့ မြန်မာဝီကီ နဲ့ ဇော်ဂျီနဲ့ ရေးတဲ့ ဝီကီမြန်မာ ဆိုပြီး နှစ်ခု ကွဲနေတယ်။ အများအားဖြင့် ကျွန်တော် တစ်ယောက်တည်းပဲ မြန်မာဝီကီမှာ ပင်တိုင်ရေးနေတာ။ ကျန်တဲ့ သူတွေက ဝီကီမြန်မာမှာပဲ ဇော်ဂျီနဲ့တွယ်နေကြတာ။ ယူနီကုဒ်နဲ့ မြန်မာဝီကီမှာ ကျွန်တော် ရေးတာအပြင် တခြား ပြင်ဆင်တာဆိုလို့ ဝီကီက အော်တို အလုပ်လုပ်နေတဲ့ ဘော့ လို့ခေါ်တဲ့ ပရိုဂရမ်တွေပဲ ရှိတယ်။ အဲဒါကြောင့် ဝီကီမြန်မာဘက်က လူတွေက ကျွန်တော့်ကို ကိုဇော်သက်နှင့် ဘော့များသာ ရေးနေသော မြန်မာဝီကီဆိုပြီး စ ကြတယ်။

အဲဒီတုန်းက ဝီကီပီးဒီးယား ရေးနေတဲ့ သူတွေထဲက လာကြတာ ကျွန်တော်၊ ကိုမောင်ဆန်း၊ ကိုမေယာ (ကိုမြတ်သွင်)၊ ကိုသင်ကာ၊ ကိုမင်းသိမ်း (ကိုဒင်္ဂါး ခေါ် လဂွန်းအိမ်)နဲ့ မင်းယွန်းသစ် (ဘုန်းမြင့်ခိုင်)။ သတင်းစာဆရာ အနေနဲ့ လာကြတာ ကိုမြင့်ကျော်နဲ့ ကိုဟန်ဇော်၊ ယူနီကုဒ်အတွက် လာကြတာ ကိုငွေထွန်း၊ ကိုဇော်ထွဋ်၊ ကိုရာဗီ၊ ကိုအောင်ကျော်မျိုး (မဇ္ဈိမ BIT Font)၊ Keith Stribley (ပိတောက်ဖောင့်) နဲ့ Michael Everson။ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ကိုယ်စားပြုလာတာက ဂျရတ်။

Continue reading

Leave a comment

Filed under Wikipedia

မြန်မာဝီကီ အစပျိုးစဉ်က ဆွေးနွေးမှု မှတ်တမ်းတစ်ခု

ဝီကီပီဒီးယား စလုပ်ကြတော့ ဆွေးနွေးတာတွေကို မှတ်တမ်းတင်ထားတာ တစ်ခု သွားတွေ့မိပါတယ်။ အမှတ်တရ ပြန်တင်ထားလိုက်ပါတယ်။

http://myanmarwiki.blogspot.com/2009/11/blog-post.html

ဆက်လက် ဆွေးနွေးနိုင်သော အရင် ဆွေးနွေးချက်များ
1. Before Oct 2008

ဤပြောရေးဆိုရာ ကဏ္ဍသည် ဝီကီ နှင့် ပတ်သက်၍ ယေဘုယျဆန်ဆန် ပြောဆို
ဆွေးနွေးခြင်းဖြစ်သည်။ ထို့အပြင် ဤဝီကီကို ဝေဖန် ဆွေးနွေးရန်
လည်းဖြစ်သည်။ ဤပြောရေးဆိုရာသည် ဆွေးနွေးခြင်းများတွင် အရေးကြီးဆုံး
နေရာဖြစ်ပြီး ဝီကီသူကြီးများ နှင့် ဝီကီ ဝိုင်းတော်သား ပုံမှန်
ဖက်ရှုရာဖြစ်သည်။ အကြံဉာဏ်များကို ဝီကီသူကြီး ဖြစ်စေ၊ ဝီကီ ဝိုင်းတော်သား
ဖြစ်စေ၊ လူသစ်ဖြစ်စေ တန်းတူ မှတ်ယူရမည်။ ဆွေးနွေး ပြောဆိုခြင်း နှင့်
အများသဘော လက်ခံကျင့်သုံးခြင်းသည် ဤဝီကီ ရေရှည် တည်တံ့ရေးအတွက်
အရေးအပါဆုံးပင်ဖြစ်သည်။

စွယ်စုံကျမ်း အကြောင်းအရာအတွက်ကိုမူ စာမျက်နှာအလိုက် ၄င်း၏ ပြောရန်
စာမျက်နှာများတွင် သီးသန့် ဆွေးနွေး ကြရန်ဖြစ်သည်။ နည်းပညာနှင့်
ပတ်သက်သည်များကို နည်းပညာဆိုင်ရာ ဆွေးနွေးခန်း တွင် ဆွေးနွေးပါ။
မိမိကိုယ်ပိုင် အတွေးများကို ဆွေးနွေးရန် ဖြစ်ပြီး မသိသည်များကို
မေးမြန်ခြင်း ကဏ္ဍတွင် မေးပါ။ ဆွေးနွေးခြင်း မလုပ်လိုပါက အကြံပေး ထားခဲ့ပါ။
အကယ်၍ ဤဝီကီ နှင့် တိုက်ရိုက် မသက်ဆိုင်လျှင် ပြောချင်ရာသာ ပြော ကဏ္ဍတွင်
ရေးပါ။

Logo ပြင်ဖို့

မူရင်း လိုဂို Psd ဖိုင်ကို မလိုချင်တဲ့ နေရာတွေမှာ Alpha
ဖောက်ထားလိုက်ပါ။ ပြီးရင် Png Format နဲ့ Save လိုက်ပါ။ ပိတ်နေတဲ့
အဖြူသားတွေ ပျောက်သွားပါလိမ့်မယ်။–Lionslayer 17:03, 28 ဩ​ဂုတ်​ 2009
(UTC)
[ပြင်ဆင်ရန်​] အဖြူရောင်သံစဉ်မိသားစု၏ စုပေါင်း ရှင်ပြုရဟန်းခံ အလှူတော်မင်္ဂလာ

Continue reading

Leave a comment

Filed under Unicode, Wikipedia

Dr Hla Myint (1920-2017)


ကျောင်းတက်နေတုန်းက စာအုပ်တွေ မွှေရင်း လန်ဒန် စီးပွားရေး တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ လှမြင့် ဆိုတဲ့အမည် သွားတွေ့တော့ သူ့အကြောင်း လိုက်ရှာကြည့်ဖူးတယ်။

အတ္ထုပ္ပတ္တိ အချက်အလက် သိပ်ရှာမတွေ့ဘူး … ရသလောက် စာ ၂ ကြောင်းနဲ့ သူ့စာအုပ်စာရင်းကို ၂၀၁၀ မှာ မြန်မာဝီကီပီဒီးယား ပေါ်မှာ ရေးတင်ပေးခဲ့ပါတယ်။

မနေ့ညက ဆရာကြီး ဒေါက်တာ လှမြင့် ကွယ်လွန်သွားပါပြီ။ ခနနေရင် မြန်မာ ဝီကီမှာ ကွယ်လွန်သွားကြောင့် ဝမ်းနည်းစွာ ထပ်ဖြည့် လိုက်ပါမယ်။

Continue reading

Leave a comment

Filed under Economics, Myanmar, Wikipedia

Me and WiKi

ကိုယ်က ပရောဂျက် ၁၉ ခုမှာ Active ဖြစ်နေမှန်း ခုမှသိတယ် 😀

🙂

Leave a comment

Filed under Unicode, Wikipedia

WikiLeaks: History

ဝီကီလိ (ခ်) သည် ၂၀ဝ၆ ဒီဇင်ဘာတွင် စတင်ပေါ်ပေါက်လာသည်။ တောင်အာဖရိက၊ ဥရောပ၊ ထိုင်ဝမ်၊ အမေရိကန် နှင့် သြစတြေးလျတို့ရှိ နည်းပညာရှင်များနှင့် စာနယ်ဇင်းသမား၊ သင်္ချာပညာရှင် တရုတ်အတိုက်အခံများက စ၍ ထူထောင်သည်ဟု ဖော်ပြခဲ့ဖူးသည်။ ဝီကီလိခ်ကို စတင်ဖန်တီးသူအား ခြေရာမခံနိုင်ခဲ့ပေ။ ၂၀ဝ၇ ဇန်နဝါရီလမှစ၍ ဂျူလီယန် အက်စ်ဆန်း နှင့် အခြားသူများ ပရိသတ်ရှေ့မှောက်တွင် ပေါ်လာသည်။ အက်စ်ဆန်းက သူ့ကိုယ်သူ ဝီကီလိ (ခ်) အကြံပေးဘုတ်အဖွဲ့ဝင်ဟု ဆိုသည်။ The Australian သတင်းတပုဒ်တွင် အက်စ်ဆန်းကို ဝီကီလိ (ခ်) ကိုတည်ထောင်သူဟု ဖော်ပြထားသည်။ Wierd မဂ္ဂဇင်းကမူ အက်စ်ဆန်းနှင့် စကားပြောဆိုဖူးသည် ဆိုသည့် ကူညီရေးသားတဦး၏ အဆိုကို ကိုးကား၍ အက်စ်ဆန်းကို “ဝီကီလိ (ခ်) ၏ ဝိဉာဉ်နှင့် အသက်၊ တည်ထောင်သူ၊ အတွေးအခေါ် ချမှတ်သူ၊ ပြောခွင့်ရှိသူ၊ လက်ရင်း ကုဒ်ဖန်တီးသူ၊ ဆော်သြသူ၊ ငွေကြေး မ တည်သူနှင့် အားလုံးတွင် တာဝန်ရှိသူ” ဟု ဖော်ပြထားသည်။ ၂၀ဝ၉ ခုနှစ် တွင် ဝီကီလိ (ခ်) ၌ ကူညီရေးသားသူပေါင်း ၁၂,ဝ၀ မှတ်ပုံတင်ထားသည်။ အကြံပေးဘုတ်အဖွဲ့တွင် အက်စ်ဆန်း၊ ဖိလစ် အဒမ်၊ ဝန်ဒန်၊ စီ.ဂျေ.ဟင့်ခ်၊ ဘင် လော်ရေး၊ တာရှီ နမ်ဂျယ် ခမ်ဆစ်ဆန်၊ ရှောင်ကင်၊ ချီကို ဝှစ်တက်ကာနှင့် ဝန် ယုကိုင်တို့ ပါဝင်သည်။ ၂၀၁၀ ပြည့်နှစ်အတွင်း Mother Jones မဂ္ဂဇင်းက ဆက်သွယ်မေးမြန်းခန်းတွင်မူ မစ္စတာ ခမ်ဆစ်ဆန်က သူ့အနေဖြင့် ဝီကီလိ (ခ်) မှ အီးမေးလ် လက်ခံရရှိခဲ့သော်လည်း အကြံပေးဖြစ်ရန် သဘောမတူခဲ့ပါဟု ငြင်းဆိုထားသည်။

Continue reading

Leave a comment

Filed under Article, WikiLeaks, Wikipedia