Tag Archives: Blogging

အနစ်နာခံကြရင်းပဲ လွဲကုန်တာ

corn_husk_570xxxx

တချို့ကိစ္စတွေက အနစ်နာခံတယ်လို့ တဖက်က အမြင် …။ ဒါပေသိ တခြား တဖက်ကလည်း ပြောရခက်ကြီး … နာပြန်တယ်လို့ ထင်တာကလား …။

ကျနော်နဲ့ ကျနော့်ဦးလေး ပြောင်းဖူး ဝယ်စားတာကြည့် …

ကိုယ်က ရှေ့သွား နာနေလို့ ပြောင်းဖူးကို စားချင်လှချည့်ဆိုပြီး … တခြားသူတွေ အတွက်ပါ ပိုဝယ်လာ …

ရှေ့သွားနဲ့ ကိုက်မရတော့ … လက်နဲ့ ဖဲ့ပြီး မြောင်းကေးလဖော် … ကျန်တာ အတွဲလိုက် ခြွေမယ်ပေါ့ ..

ပြောင်းဖူး ထက်ပိုင်းချိုး … မြောင်းဖော်လေး ထားခဲ့ပြီး ရေချိုးဖို့ ဝင်သွား …

ဦးလေးကလည်း အနစ်နာခံသူအနေနဲ့ ပြောင်းဖူးကို အသစ်မစားဘဲ ကိုယ်မြောင်းဖော်ထားတဲ့ ပြောင်းဖူးကို ကောက်စား …

သူက ချိုးထားတဲ့ စားပြီးသားကလေး စားလိုက်တယ်ပြောပြီး ပြန်သွား …

ကဲ … ဘယ့်နှယ့်ရှိစ …

သူ့အထင် သူကလည်း ပြောင်းဖူးစားပြီးသားလေး စားတယ်ပေါ့ … ကိုယ့်မလည်း ပြောင်းဖူး မြောင်းဖော်ပြီး လက်နဲ့ ဖဲ့ဖို့က ဝန်လေး … မြောင်းဖော်နေရင် စာဘယ်နှယ့် ရိုက်မတုန်းဗျ …

တခါတခါတော့လည်း ဖြစ်တတ်ပါတယ် … အနစ်နာခံကြရင်းပဲ လွဲကုန်တာ …

Advertisements

Leave a comment

Filed under Blogging, Thought

ဖိနပ် ကုသိုလ်

myanmar-2134739__340xxx

လွန်ခဲ့တဲ့ နှစ်များစွာတုန်းကပါ …။

မြေနီကုန်းထိပ်မှာ ဖိနပ်ပြတ်လို့ဆိုပြီး ဖိနပ်ဖိုး အလှူခံခံနေရတဲ့ သင်္ကန်းဝတ်တပါးကို သတိထားမိကြောင်း ရုံးက ဘော်ဒါတယောက်နဲ့ စကားစပ်မိတယ်။ ကိုယ့်ရုံးနားဆိုတော့ အခေါက်ခေါက် ဖြတ်နေရတာမို့ သူ့ဆီလည်း အလှူခံဖူးတယ်၊ ကျနော့်ဆီလည်း အလှူခံဖူးတယ်ဆိုတာ ပေါ်လာတယ်။ ဒီကိုယ်တော်ကတော့ အတူတူပဲ၊ တပါးတည်းပဲ။ ပြောရရင် ဖိနပ်ပြတ်တယ်ဆိုပြီး ဖိနပ်ဖိုးကို လိမ်တောင်းနေတာပဲ။

တနေ့တော့ ရုံးမှာ ရုံးက ဘရားသားကြီးက ဖိနပ်ပြတ်နေတဲ့ ကိုယ်တော်ကို ဖိနပ်ဖိုးလှူခဲ့ရလို့ သူအတိုင်းမသိ ဝမ်းသာကြောင်း ကုသိုလ်မျှတယ်။ “မြေနီကုန်း ထိပ်ကလား” ဆိုတော့ “ဟုတ်တယ်” တဲ့။ ကိုယ့်ဘော်ဒါကို အသာလက်ကုတ်ပြီး မပြောဖို့ အချက်ပြလိုက်တယ်။ ကွယ်ရာကျတော့ သူလည်း အလိမ်ထိလာပြီးဆိုတော့ ရယ်မိကြပေမယ့် မပြောပြဖို့ သဘောတူလိုက်တယ်

ပြောလိုက်ရင် သူ့စိတ်သဏ္ဍန်မှာ ရှိပြီးသား ကုသိုလ်တွေ ပျက်ပြယ်မယ်၊ ပြီးတော့ ဒေါသဖြစ်ရင် အကုသိုလ်က အဆစ်ဖြစ်ဦးမယ်။ မပြောဘဲ နှုတ်ဆိတ်နေလိုက်တော့ သူ့ကုသိုလ် တကယ်ရတယ်ပဲ ခုထိ သူထင်နေတယ်။

Leave a comment

Filed under Blogging, Religion

for Blog Day

(၁) တဂျ

ကိုအောင် (ပျူနိုင်ငံ) က Tag (တဂ်) ထားတယ်လို့ အကြောင်းကြားပါတယ်။ သူရေးထားတဲ့ ဘလော့ဂ်ဒေးအတွက် အမှတ်တရများ အပိုင်း ၃ ပိုင်းကိုလည်း သေချာဖတ်ကြည့်တယ်။ လွမ်းစရာ ဘလော့ဂ် လောကကြီးကို ပြန်တွေ့တယ်။

ဟိုတုန်းက (၂၀၀၈၊ ၂၀၀၉ လောက်က) တယောက်နဲ့တယောက် တဂ်တဲ့ ယဉ်ကျေးမှု အတော်ကြီး ထွန်းကားခဲ့ဖူးပါတယ်။ (တဂ်ထားတယ်ဗျို့ဆိုပြီး ကိုပီကေက ဘလော့ဂ်တခုတောင် ထောင်ပေးထားခဲ့ပါတယ်။ ခုတော့ ကိုပီကေကြီးလည်း ဘုန်းကြီးဝတ်သွားတယ်ဆိုလား၊ ဆိုင်းမဆင့် ဗုံမဆင့် ပျောက်သွားသလို တဂ်ဘလော့ဂ်လည်း အသက်မဝင်တော့တာ ကြာပါပြီ။) တကြိမ်မှာတော့ တဂ်တိုင်းမရေးနိုင်လို့ မတဂ်ပါနဲ့လို့ ထပြောသူပြော စိတ်မကောင်းဖြစ်သူဖြစ်ကြရာကနေ အထင်လွဲအခင်လွဲတွေ ဖြစ်ကြရဖူးပါတယ်။

(၂) မြန်မာဘလော့ဂ်လောက

မြန်မာဘလော့ဂ်လောက ဝုန်းကနဲ ကြီးထွားသွားတာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလနဲ့ ၂၀၀၈ ဆိုင်ကလုန်းနာဂစ် ကာလတွေမှာပါ။ အခုတော့ မှန်တန်း တိုးတက်နေတယ်လို့ ထင်ပါတယ်။

ကျနော်က ၂၀၀၅ ကတည်းက ဘလော့ဂ်ကို ကလိနေပါပြီ။ ဒါပေမယ့် အဖြစ်မရှိ။ ၂၀၀၆ မှာ ရေးပြန်သည်။ ဒါပေမယ့် မြန်မာစာ မရိုက်တတ်သေး။ ၂၀၀၇ မှာမှ စိတ်က ဇောသန်လွန်းတာနှင့် မြန်မာစာလည်း ရိုက်တတ်သွားပြီး ဘလော်ဂါ စစ်စစ်ဖြစ်လာပါတယ်။

ဘလော့ဂ်လုပ်နည်းတွေ ရေးနည်းတွေ ကိုညီလင်းဆက်၊ ကိုမောင်လှတို့လို ပိုင်အိုးနီးယားကြီးတွေဆီက သွားသွားဖတ်၊ ကလိပေါ့။

အဲဒီတုန်းက ဘလော့ဂ်လောကဟာ ပျော်စရာကြီး။ အသိုင်းအဝိုင်းတွေ အချိတ်အဆက်တွေလည်း ကျယ်လာကြ။ လူတွေလည်း မနည်းဘူး။ စာရေးကောင်းတဲ့သူတွေ၊ စာဖတ်နာတဲ့သူတွေ၊ ခေသူမဟုတ်တွေ အများကြီး ထွက်ခဲ့တာပေါ့။

အဲဒီတုန်းက တည့်လိုက်ကြ တပြုံးပြုံး ရန်ဖြစ်ကြ တဝုန်းဝုန်းပေါ့။ နိုင်ငံရေးဘလော့ဂ်တွေရဲ့ ဘလော့ဂ် စစ်ထိုးပွဲတွေကလည်း ပရိသတ် တရုန်ရုန်းနဲ့ပါပဲ။

အများစုက ဘလော့ဂ်လောကကနေ အသံမပေးဘဲ ခြေရာပျောက်သွားကြတယ်။ တချို့က အနားယူသွားကြတယ်။ အနည်းစုလောက်ပဲ ပုံမှန်ဆက်ရေးကြပေမယ့် သိပ်မသွက်နိုင်ကြတော့ဘူး။

Continue reading

5 Comments

Filed under Blogging

SEA Globe က ရွေးတဲ့ ဘလော်ဂါ ၅ ဦး

5 Bxx

Southeast Asia Globe မှာ အရှေ့တောင်အာရှက ထိပ်တန်း အွန်လိုင်း တက်ကြွလှုပ်ရှားသူ ငါးဦး စာရင်းကို ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာအနေနဲ့ ဒေါက်တာ ဇာနည် အပါအဝင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားတို့က ဘလော်ဂါ တက်ကြွလှုပ်ရှားသူတွေပါ။

(၁) Chap Sopheap (ကမ္ဘောဒီးယား)
တရားမမျှတမှု၊ လူ့အခွင့်အရေးနဲ့ ခြစားမှုတွေ ဖော်ထုတ်ရေးသားပါတယ်။ သူ့ရဲ့ ရဲရဲရင့်ရင့် ဝေဖန်ပြောကြားချက်တွေကြောင့် သူ့ကို အောင်ဆန်းစုကြည် အသေးစားလို့တောင် အမည်ပေးကြပါသတဲ့။ (သူ့ကို ဘန်ကောက်မှာ တွေ့စဉ်က သူ့ဘလော့ဂ်ကို ၂၀၀၇ စက်တင်ဘာမှာ စရေးကြောင်း၊ ရွှေဝါရောင်တော်လှန်းအကြောင်းကို သူရေးခဲ့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မေးမြန်းပါတယ်။ သွက်သွက်လက်လက် ပြောရဲဆိုရဲ ပွဲတိုးတဲ့ ကမ္ဘောဒီးယားသူ ဖြစ်ပါတယ်။) sapheapfocus.com

Continue reading

Leave a comment

Filed under Article, Blogging, Politics

My Nest

ကျွန်ုပ်၏ အသိုက်

Continue reading

Leave a comment

Filed under Blogging, IT & Blogging

NPL

နေဘုန်းလတ် PEN ကပေးတဲ့ ရွှေကလောင်ဆုရတော့ သတင်းရေးဖို့ မှတ်ချက်တွေ တောင်းခဲ့တယ်။ တချို့က မပေးတာလည်း ရှိတယ်။ တချို့ကပေးပေမယ့် နောက်ကျနေတယ်။ သတင်းကတော့ အချိန်နဲ့ အမီဆိုတော့ ရသလောက်နဲ့ ပေးလိုက်တယ်။ ကျန်ခဲ့တဲ့ မှတ်ချက်တွေကို ဒီမှာ စုပြီး တင်ပေးလိုက်ပါတယ်။

ထောင်ဒဏ် ၁၂ နှစ် ချခံထားရသော အသက် ၂၉ နှစ် အရွယ်ရှိ ကိုနေဘုန်းလတ် (ခေါ်) ကိုနေမျိုးကျော်ကို လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် အတွက် ကြိုးပမ်းခဲ့ သောကြောင့်၂၀၁၀ ရွှေကလောင်ဆု (2010 PEN/Barbara Goldsmith Freedom to Write Award) ကို ပေးအပ်ခြင်း ဖြစ်ကြောင်း အမေရိကန် အခြေစိုက် PEN American Center ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ (from Irrawaddy)

Continue reading

Leave a comment

Filed under Blogging, News, Politics

MM Blog Academy Award 2009

People Media Voice မှ သတင်း Click Here

Registration and Vote Click Here

Leave a comment

Filed under Announcement, Blogging