Credit to ဓမ္မစာအုပ်များစုစည်းရာ Facebook
=======
Credit to ဓမ္မစာအုပ်များစုစည်းရာ Facebook
=======
ကိုယ်တွေ့ ရဟန်းကောင်း (၁)
လှအောင်
ကျနော်နဲ့ မောင်ဘုန်းဟာ ငယ်ကတည်းက ပေါင်းခဲ့တာမဟုတ် ပေမယ့် တကယ့်ငယ်ပေါင်းလိုပဲ။ သူတက္ကသိုလ်ပြန်မဆက်ခင်ဆုံရတော့ ငယ်ပေါင်းပဲပြောကြတာပေါ့။သူနဲ့သိရ တာကမကြာခင်ကဆုံးသွားတဲ့ ပန်းချီ ကျော်သာဒွန်းခေါ်လာလို့ပါ။ တခါက ကျနော်အဲ့အကြောင်းရေးဖူးပါတယ်။ မောင်ဘုန်းက ရဟန်း ကျနော်က ရဟန်းလူထွက် စမ်းချောင်းက မနောရမ္မက ပညာဒါန သင်တန်းတက် ကြတယ်။အပါတ်စဉ် ၂။ အဲ့မှာ မောင်ဘုန်းက ကိုရင်ကြီးတပါးနဲ့ ရင်းနှီးလာတယ်။ ကျနော့်စာအုပ်ဆိုင်လေးကို ပင့်လာတယ်။ ဘွဲ့က ဓမ္မသာရတဲ့။ နောက်အတော်ရင်းနှီးသွားကြတယ်။ ရင်ဘတ်ချင်းနီးကြတာကိုး။
ကိုရင်ကြီးက အဲ့ကတည်းက ထက်တာ ဗုဒ္ဓစာပေနဲ့ပါတ်သတ်တဲ့ ဆောင်းပါးတွေကို အင်္ဂလိပ်လို ရေးတာ အမေရိကန် ဗုဒ္ဓအဖွဲ့အစည်းတချို့က ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာ ဖေါ်ပြခံနေရပြီ။ နောက်သူနဲ့ ပြန်ကွဲကွာ သွားကြတယ်။ မောင်ဘုန်းနဲ့ ကျနော်နဲ့ တော့ ယနေ့ထိ အဆက်အသွယ်မပြတ် တမြို့တည်းနေတာကိုး။ ဦးဇင်းဓမ္မသာရ ကတော့ ကျနော်နဲ့ မောင်ဘုန်းရှိရာကြွလာရှာပါတယ်။ သူဖြတ်သန်းမှု့က ကြမ်းပါတယ်။ ကျမ်းတစောင် ပေတဖွဲ့ဖြစ်လောက်ပါတယ်။
Filed under Buddhism, Diary, Essay, Ko Hla Aung
အောက်စ်ဖို့ဒ် ဆရာတော်ရဲ့ ပါရဂူ (D.Phil) ဘွဲ့ယူ ကျမ်းပါ …
Between Idealism and Pragmatism:
A Study of Monastic Education in Burma and Thailand
from the Seventeenth Century to the Present
ဒေါင်းလုဒ်ယူရန် Click Here
Buddhism As A Religion (Part-8)
ဘာသာရေး ဝေါဟာရ အသုံးအနှုန်း (Religious Terminology)
ဗုဒ္ဓဘူရားရှင်သည် ဒေသနာတော်ကို ဟောကြားဖြန့်ချိရာတွင် ထိုခေတ်အိန္ဒိယ၌ လူများသိနားလည်ပြီးဖြစ်သော ဘာသာရေးဆိုင်ရာ ဝေါဟာရစကားများကို ယူငင်သုံးစွဲမှု ပြုပေသည်။ အကြောင်းကား ဗုဒ္ဓရှင်တော်သည် ဤနည်းအားဖြင့် ဒေသနာတော်ကို ကြားနာသူများနှင့် ရင်းနှီးကျွမ်းဝင်မှု အခံ ရှိမည်ဖြစ်သည်။ နားထောင်သူ ပရိတ်သတ်တို့သည် ဗုဒ္ဓရှင်တော်၏ ဆိုလိုချက်ကို သိမြင်နားလည်နိုင်ပြီး၊ ဤသို့အားဖြင့် နှစ်ဦးနှစ်ဘက် အပြန်အလှန် ဝေမျှဖလှယ်နိုင်မည့် အယူအဆများမှတစ်ဆင့် အခြေခံ လက်ရိုးတရားတော်များကို ပြန့်ပွားစေမည်ဖြစ်သည်။
“ဓမ္မ၊ ကမ္မ၊ နိဗ္ဗာန၊ မောက္ခ၊ နိရယ၊ သံသာရ၊ အတ္တ”စသည်တို့ကား ဗုဒ္ဓခေတ် ဘာသာရေးဂိုဏ်းတိုင်းနှင့် ရင်းနှီးကျွမ်းဝင်ပြီးသော ဘာသာရေး စကားလုံးများပင် ဖြစ်သည်။ သို့ရာတွင် ဗုဒ္ဓရှင်တော်သည် သူ၏တရားတော်တွင် အဆိုပါ ဘာသာရေးဆိုင်ရာ ဝေါဟာရတို့အား အလွန်ကျိုးကြောင်းဆီလျော်ပြီး ပို၍ ထူးခြားသာလွန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ပြန်ဆိုချက်များကို ပေးခဲ့လေသည်။
ဓမ္မ (Dharma)
ဥပမာအားဖြင့် “ဓမ္မ’’ဟူသောစကားလုံးကို ဆန်းစစ်ကြည့်လျှင် သိနိုင်သည်။ ရှေးဟောင်း ကျမ်းစာတို့က ဓမ္မဟူသော ဝေါဟာရကို ထာဝရဘုရားသခင် ပြဋ္ဌာန်းတော်မူသော စည်းမျဉ်းဥပဒေဟု ဖွင့်ဆိုပေသည်။ ရှေးအယုံအကြည်အရ ထာဝရဘုရားသခင်သည် ဤ “ဓမ္မ”ကို စောင့်ရှောက်ခြင်းအလို့ငှာ မကြာခဏဆိုသလို လူဝင်စားမှုပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာရန် ကတိပေးခဲ့သည်ဟုဆို၏။ ဘာသာရေးစည်းမျဉ်းဥပဒေများ၊ ကျမ်းဂန်များနှင့် ပညတ်ချက်များအား ထာဝရဘုရားသခင်တစ်ပါးပါး ချမှတ်ခဲ့သည် ဆိုခြင်းကို ဗုဒ္ဓရှင်တော်သည် လက်ခံတော်မမူပေ။ ဗုဒ္ဓဘုရားရှင်သည် သူ၏ တရား ဒေသနာတစ်ခုလုံးအား ကိုယ်စားပြုဖော်ပြရန် “ဓမ္မ”စကားလုံးကို အသုံးပြုပေသည်။ ဓမ္မဟူသည် ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းနှင့် ထောက်ပံ့ခြင်းသဘော အဓိပ္ပာယ် ဖော်ဆောင်၏။
ဗုဒ္ဓရှင်တော်သည် ကျွန်ုပ်တို့အား ဘ၀ဖြစ်တည်မှုဇာတိသဘောရ ဖြစ်ပေါ်သော ဆင်းရဲတွင်းမှ လွတ်မြောက်စေခြင်းငှာလည်းကောင်း၊ လူ့ဂုဏ်သိက္ခာတန်ဖိုးတရားများ ပျက်စီးနိမ့်ကျ မသွားစေရန်လည်းကောင်း၊ ငရဲ၊ တိရစ္ဆာန်၊ အသူရကာယ်သို့ ယုတ်ညံ့နိမ့်ကျသော အခြေအနေများသို့ သက်ခြင်းမှ တားဆီးရန်လည်းကောင်း ဓမ္မဒေသနာတော်ကို ဟောကြားပြသတော်မူသည်။ ဗုဒ္ဓ ဓမ္မသည် ကျွန်ုပ်တို့ကို ကူညီ ထောက်ပံ့ပေးရုံမျှမကဘဲ ဤအပါယ်ဘုံများ၏ ဆင်းတောင့်ဆင်းရဲလှသော ဒုက္ခတရားမှ လွတ်မြောက်မှုကိုလည်း ရရှိစေ၏။ တစ်နည်းအားဖြင့် ဆိုလိုသည်ကား ဗုဒ္ဓဘုရားရှင် ထောက်ခံညွှန်ပြသော နည်းလမ်းများကို လိုက်နာဆောင်ရွက်မှုပြုလျှင် ကျွန်ုပ်တို့သည် မျက်ကန်းမွေးဖွားခြင်း၊ ကိုယ်လက်အင်္ဂါချို့ယွင်းစွာ မွေးဖွားလာခြင်း၊ နားလေးထုံထိုင်းခြင်း၊ ဆွံ့အခြင်းနှင့် ရူးသွပ်ခြင်းတို့ကဲ့သို့ စိတ်မချမ်းမြေ့ဖွယ်ရာ ကံဆိုးမိုးမှောင်ကျသော လောကဓံတရားများကို တွေ့ကြုံခံစားရရန် အကြောင်းမရှိပေ။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်၏အသုံးအနှုန်းအရ “ဓမ္မ”ဟူသည် ကျွန်ုပ်တို့၏ လူသားတန်ဖိုးများကို မြှင်တင်ရန်နှင့် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် ကြိုးပမ်းအားထုတ်မှု၌ အားပေးကူညီရန် သြ၀ါဒတရားတော်ပင် ဖြစ်သည်။ အနောက်တိုင်းအတွေးအခေါ်ပညာရှင်တို့သည် ဗုဒ္ဓ၏ တရားတော်ကို မြင့်မြတ်သော ဘ၀နေထိုင်ပုံနေထိုင်နည်းတစ်ရပ် သို့မဟုတ် ကျိုးကြောင်းဆီလျှော်ပြီး လွတ်လပ်သောဘာသာတရားဟု ခေါ်ဆိုသမုတ်ကြပေသည်။
“ဓမ္မ”သည် တစ်စုံတစ်ယောက်သောသူက ပြုပြင်ဖန်ဆင်းပေးထားသည့် တစ်မူထူး ခြားသော ဥပဒေစည်းမျဉ်းတစ်ရပ် မဟုတ်ပေ။ ကျွန်ုပ်တို့ ရုပ်ခန္ဓာကိုယ်တိုင်သည်ပင် ဓမ္မ ဖြစ်ပေသည်။ ကျွန်ုပ်တို့၏ စိတ်ကိုယ်တိုင်သည်ပင် ဓမ္မဖြစ်၏။ တစ်နည်းအားဖြင့် စကြ၀ဠာတစ်ခုလုံးသည်ပင် ဓမ္မဖြစ်ပေသည်။ လောကအဖြစ်သနစ်များနှင့် ရုပ်နာမ် သဘာဝတို့ကို ယထာဘူတကျကျနားလည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ဓမ္မကို သိမြင်ခံစား နိုင်ပေ၏။ ဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့ကို မိမိတို့ဘ၀ဖြစ်တည်မှု၏ သဘောသဘာဝအပေါ် ကျိုးကြောင်းဆီလျော်စွာ ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နားလည်နိုင်ရန် ဟောကြားသင်ပြခဲ့သည်။ ဤသည်လည်း ပုဂ္ဂိုလ်သတ္တ၀ါတစ်ဦး၏ ယခု မျက်မှောက်ဘ၀သာမကဘဲ အဆက်အစပ် အားဖြင့် သံသရာတစ်လျှောက် ဘ၀ဖြစ်တည် မှုအားလုံးနှင့် သက်ဆိုင်ပေသည်။
လူတို့သည် ဘာသာတရားနှင့်စပ်လျဉ်း၍ စကားစမြည်ပြောဆိုကြသောအခါ အမြဲဆိုသလို “သင်၏အယူသည် ဘာလဲ”ဟု မေးမြန်းတတ်ကြပေ၏။ သူတို့သည် ဘာသာယုံကြည်မှု (Faith) ဟူသော စကားလုံးကို သုံးနှုန်းကြသည်။ ဗုဒ္ဓ၏ အမြင်တွင် အယူဘာသာ သို့မဟုတ် ယုံကြည်မှုဟူသည် တစ်ယောက်သောသူ၏ ဘာသာရေးရာ သဒ္ဓါတရားပျိုး ထောင်မှု အစကနေဦးပိုင်းအဆင့်များတွင် အသုံးဝင်ကောင်း ၀င်နိုင်သော်လည်း ရင့်ကျက် တိုးတက်မှုအမြင့်ဆုံး ပရမတ်သဘောအနေဖြင့် ဘာသာယုံကြည်မှု၏ တိုးတက်ခိုင်မာမှုကို စိတ်ဝင်စားတော်မမူပေ။ မိမိ၏ ပညာဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာစိစစ်ကြည့်တတ်သော အသိ တရားမရှိဘဲ ဘာသာယုံကြည်မှုပေါ်တွင်သာ မှီခိုအားထားခြင်း၏ အန္တရာယ်ကား ယင်း သည် ကျွန်ုပ်တို့ကို ဘာသာရေး၌ စိတ်ထားသေးသိမ်သော အစွန်းရောက်အယူသည်းသူ များအဖြစ်သို့ အသွင်းပြောင်းတတ်မှုပင် ဖြစ်၏။ သူတို့၏ စိတ်သန္တာန်ဝယ် ယုံကြည်မှုအစွဲ အားကြီးသူတို့သည် အခြားသူတို့၏ သဘောအမြင်များကို လက်ခံစိစစ်နိုင်စွမ်း မရှိတော့ ပေ။ အကြောင်းကား သူတို့လက်ခံကျင့်သုံးသော ယုံကြည်ချက်သည်သာ တစ်ခုတည်း သော အမှန်တရားဟု လက်မွန်မဆွ ထင်မှတ်ထားကြပြီးသောကြောင့် ဖြစ်သည်။
ဗုဒ္ဓရှင်တော်သည် မိမိ၏ တရားဒေသနာတော်များကိုပင် ဘာသာယုံကြည်ချက်တစ်ခုတည်း တွင်သာ အခြေတည်သောအားဖြင့် လက်ခံမှုမပြုရန် ထပ်တလဲလဲ တိုက်တွန်းမိန့်ဆိုခဲ့လေ သည်။ ကျွန်ုပ်တို့သည် ဦးစွာဗဟုသုတရှာမှီးစုဆောင်းရမည်ဖြစ်ပြီး လေ့လာစူးစမ်းခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ ဝေဖန်သုံးသပ်ခြင်းနှင့် နောက်ဆုံး ဆင်ခြင်းပွားများခြင်းဖြင့် သိမြင် နားလည်မှုကို ပျိုးထောင်ရမည် ဖြစ်သည်။ တတ်သိလိမ္မာမှု အသိပညာတရား (Knowledge) နှင့် သဘောပေါက်နားလည်မှု အသိတရား (Understanding) တို့သည် တစ်မျိုးတစ်ဘာသာစီ ဖြစ်ကြ၏။ သဘောပေါက်သိမြင်နားလည်မှု အသိတရားသာရှိလျှင် ကျွန်ုပ်တို့သည် အခြေအနေများ ပြောင်းလဲမှုအလျောက် မိမိတို့၏ အသိပညာပေါ်မူတည်ပြီး ပြုပြင်နေထိုင်တတ်မည် ဖြစ်၏။ အလွန်တရာမှ အသိအမြင်နှံ့စပ်ကြွယ်ဝသော်လည်း အမှန် ကို အမှန်အတိုင်း သဘာဝကျကျ လက်မခံနိုင်သော ပညာရှင်ပုဂ္ဂိုလ်တို့ကို ကျွန်ုပ်တို့ တွေ့ဖူးကြပေမည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အတ္တမာနတရားနှင့် ဒေါသ ဗျာပါဒ တရားတို့သည် မျှတသင့်မြတ်မှန်ကန်သော ဓိတ်ဓာတ်စရိုက်များနှင့် စိတ်ငြိမ်းချမ်းသာမှု အား ရရှိခံစားနိုင်ခြင်းကို ပိတ်ဆို့တားဆီးထားမှုကြောင့်ဖြစ်၏။ ကျွန်ုပ်တို့သည် လိုက်လျော ညီထွေစွာ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သောအခါများတွင် လိုက်လျောညီထွေစွာ ပြုကျင့် နိုင်ရမည်။ သည်းခံခွင့်လွှတ်ရန် လိုအပ်ပါက သည်းခံခွင့်လွှတ်တတ်ရပေမည်။ မြဲမြံစွာရပ် တည်ရန် လိုအပ်သောအခါများတွင် ဂုဏ်သိက္ခာရှိရှိ မြဲမြံစွာ ရပ်တည်ရပေမည်။
(ဆက်လက်ဖော်ပြပါမည်)
မူရင်း – Buddhism As A Religion by K Sri Dhamananda
ဘာသာပြန်သူ – အရှင်ဓမ္မသာရ
တည်းဖြတ် – အရှင်က၀ိဿရနှင့် သင်ကာ
စာစီစာရိုက် – ထွန်းတောက်နေ
Filed under Philosophy, Religion
ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဖြစ်တည်မှုပဓာန၀ါဒ (Early Buddhism and Sartre’s Existentialism) ကို လေ့လာရန် ချဉ်းကပ်ခြင်း
ကာလသမနိရှည်ကြာခဲ့ပြီး လာလှည့်၊ ကျင့်သုံးလျည့်ဟု စိန်ခေါ် အစမ်းသပ်ခံနိုင်သော ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ယနေ့ခေတ် စာပေသဘောတရား၊ လူ့ဘ၀၊ ဒဿနလောကတို့ကိုပါ ကိုင်လှုပ်ထားသော ဖြစ်တည်မှုပဓာန၀ါဒ (Existentialism) တို့ကို နှိုင်းယှဉ်လေ့လာ တရားကိုယ်ရှာရန်မှာ များစွာလက်တွန့်ဖွယ်ရာဖြစ်ပါသည်။ အနောက်တိုင်းတက္ကသိုလ်များတွင် စတင်လေ့လာသုံးသပ်ကာ ကျမ်းကြီးကျမ်းခိုင်များပင် ပေါ်ထွက်လာသည်ကို တွေ့နေရပါသည်။ ယခုဆောင်းပါး (ပို့စ်) မှာ ယင်းဝါဒကြီးနှစ်ရပ် နှိုင်းယှဉ် လေ့လာရေးကို ချဉ်းကပ်နည်းအား မိတ်ဆက်ပေးရန်ဖြစ်ပါသည်။
Filed under Knowledge, Philosophy