Tag Archives: Philosophy

Glossary of Philosophical and Foreign Words (3)

ဝဲလ် ဒူးရန့်၏ ဒဿနဆိုင်ရာနှင့် စကားလုံးစိမ်းများ ခက်ဆစ် (၃)
A Will Durant Glossary of Philosophical and Foreign Words (3)

(အတိုကောက် – L=လက်တင်၊ F=ပြင်သစ်၊ G=ဂျာမန်၊ S=စပိန်၊ A=အာရဗီ၊ R=ရုရှ)

ဝယ်လ် ဒူးရန့်၏ နာမည်ကျော် The Story of Philosophy: the Lives and Opinions of the Greater Philosophers စာအုပ်ကို မြန်မာဒဿနဆရာများ မိတ်ဆက်စဉ်ကပင် စိတ်ဝင်စားခဲ့သည်။ ဒဿနရေးရာများကို အနှစ်ချုပ်ရေးကြရာတွင် ဝယ်လ် ဒူးရန့်၏ စာအုပ်ကိုပင် ကိုးကားကြသည်ကို တွေ့ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပန်းဆိုးတန်းအဟောင်းဆိုင်တွင် ထိုစာအုပ် အဟောင်းလေးကို တွေ့၍ ဝယ်ခဲ့သည်။ မြတ်နိုး၍သာ ဝယ်ရသည်၊ ဖတ်နိုင်သည်ကား မဟုတ်။

တလောက အွန်လိုင်းတွင် ဝယ်လ် ဒူးရန့် အမှတ်တရ ဝက်ဘ်ဆိုဒ်တွင် သူရေးခဲ့သော စာအုပ်များထဲမှ စကားလုံး ခက်ဆစ်များ ဖော်ပြထားသည်ကို တွေ့ရသည်။ ပါဠိစာအုပ်ကလေးတွေ ဖတ်ကြည့်ပြီးနောက် အနောက်တိုင်း ဒဿနစကားလုံးများကို မြန်မာလို ကျစ်ကျစ်လစ်လစ် လက်ကလိလိုခြင်းက တကြောင်း အားသည့်အချိန်တွင် ရေးဖြစ်ခြင်းဖြစ်ပါသည်။ မှားယွင်းလျှင်သော်လည်းကောင်း၊ ကျနော် ဘာသာပြန်ဆိုသည်ထက် ကောင်းသော စကားလုံး ကျစ်ကျစ်ရှိလျှင်သော်လည်းကောင်း ဝေဖန်အကြံပြုခြင်းကို ကြိုဆိုပါကြောင်း။ ဘာသာပြန်ရာတွင် အဘိဓာန်များရော၊ ဖွင့်ဆိုချက်အသီးသီးကိုပါ နှီးနှောပါသည်။ ပါဠိစကားလုံးများနှင့် လှယ်သော်ငြားလည်း ထေရဝါဒ ဗုဒ္ဓဘာသာ အယူအဆကို တထပ်တည်း မိနေသော ဒဿနစကားလုံးများ ဖြစ်သည်ဟုကား မယူဆစေပါ။ (သင်ကာ)

ခက်ဆစ် (A)

ခက်ဆစ် (B)

C

Calvinism – ငရဲသစ်ငုတ် ဖြစ်ခြင်း သို့မဟုတ် ကယ်တင်ခံရခြင်းတို့တွင် တသီးပုဂ္ဂလ တဦးချင်းစီကို ထာဝရ ဘုရားသခင်က ကြိုတင်ပြဌာန်းပြီး ဖြစ်ကြောင်း လက်ခံသည့် ပရိုတက်စတင့် ခရစ်ယာန် အယူအဆ။

Caput Nili (L) – နိုင်းမြစ်တွင် အဖျားခံသော။ အရာဝတ္ထုတို့၏ ရင်းမြစ်ကြောင်းခံဖြစ်သော။

Causality – အကြောင်းနှင့် အကျိုးတို့၏ ဖြစ်စဉ်။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း နိယာမ။ သဟေတုကဝါဒ။

Cherchez la femme (F) – အစွယ်လိုသူ မိဘုရား။

အလက်ဇန်းဒါးဒူးမားက ၁၈၅၄ ထုတ် သူ၏ The Mohicans of Paris ဝတ္ထုတွင် စသုံးသည်။ ယင်းဝတ္ထုထဲတွင် “ဘယ်ပြဿနာမဆို ပြောလာသမျှ ကြည့်လိုက်၊ မိန်းမတွေကြောင့် ဆိုတာချည်းပဲ။ ဒါနဲ့ ပြောလိုက်တယ် အစွယ်လိုသူ မိဖုရားတွေချည်းပဲလို့” ဟု ရေးထားသည်။ နောက်ပိုင်း စုံထောက်ဝတ္ထုများတွင် ဘယ်လိုပြဿနာပဲဖြစ်ဖြစ် မိန်းမတွေကြောင့်ချည်းပဲဟူသော အဓိပ္ပာယ်ဖြင့် သုံးလာသည်။ နောင်တွင် မည်သည့် ပြဿနာဖြစ်စေ ထူးမခြားနားသော ပြဿနာအရင်းခံကိုသာ တွေ့မည်ဟူသော ရှင်းပြချက်များတွင် ရည်ညွှန်းသုံးစွဲလာသည်။

Cherchez les forts (F) – အကာအကွယ်ရှာသည်။

Chordates – ကျောရိုးရှိ ကျောရိုးမဲ့သတ္တဝါများ။

Concept – အယူ။ ဒဿနဆိုင်ရာ အယူအဆ။

Consciousness – သတိ။ သိစိတ်။

Corpus Prescriptionum (L) – နိမိတ်ပုံအစု။ ကြိုတင် နိမိတ်ထင်မှုများ။ ရှေ့က အတွေ့အကြုံများအပေါ် အခြေခံသည့် ယူဆမှု။

Cosmology – စကြာဝဠာဗေဒ။

Credo quia impossibile (L) – အစိန္တေယျဖြစ်နေ၍ ယုံမှတ်ထားလိုက်ခြင်း။ မကြံတတ်၍ ယုံမှတ်လိုက်သည်။

Crura cerebra (L) – ဦးနှောက်၏ ခြေထောက်များ။ ခံစားခြင်းနှင့် အတွေးအခေါ်ကို ထိန်းချုပ်သော ဦးနှောက်ရှေ့ခြမ်း၏ အထောက်အကူ အစိတ်အပိုင်း ၂ ခု။

Cytology – ကလာပ်စည်းဗေဒ။ ဆဲလ်ဗေဒ။

(ဆက်လက် ဖော်ပြပါမည်)

Advertisements

Leave a comment

Filed under Dictionary, Philosophy

Glossary of Philosophical and Foreign Words (2)

1 Comment

Filed under Dictionary, Philosophy

Glossary of Philosophical and Foreign Words (1)

ဝဲလ် ဒူးရန့်၏ ဒဿနဆိုင်ရာနှင့် စကားလုံးစိမ်းများ ခက်ဆစ် (၁)
A Will Durant Glossary of Philosophical and Foreign Words (1)

(အတိုကောက် – L=လက်တင်၊ F=ပြင်သစ်၊ G=ဂျာမန်၊ S=စပိန်၊ A=အာရဗီ၊ R=ရုရှ)

A
Actus Purus (L) – ကာယဝိသုဒ္ဓိ၊ စင်ကြယ်သော အပြုအမူ (ဒေဝတာ အဖြစ် ပညာရှင်တို့၏ ဖွင့်ဆိုချက်)။

Agents provocateurs (F) – မကောင်းသော စေတသိက်။

Agnosticism – ဒဿနနှင့် ဘာသာတရားတို့၏ အန္တိမ ပြဿနာရပ်များမှာ အဖြေမရှိဟူသော အယူ။ ဘုရားတရားမဲ့ဝါဒ။

Agnus Dei (L) – ဘုရားသခင်၏ သိုးငယ်။ ပရိသတ်အစုအဝေးထဲမှ ခရစ်တော်ကို ရည်ညွှန်းသည့် အခေါ်။

A l’outrance (F) – အဆုံးစွန်သော။ အန္တိမ ဖြစ်သော။

Animism – ရေမြေတောတောင် အစောင့်နတ်များကို ကိုးကွယ်သော ဝါဒ။

Anthropomorphism – လူသားဘုရားအယူအဆ။ ဘုရားသခင်ကို လူသားအသွင်အဖြစ် ယုံကြည်သောဝါဒ။ ဥတ္တမပုရိသဝါဒ။

Apollonian – တည်ငြိမ်သောဥပဓိ။ အပိုလို၏ ဂန္ထဝင်မြောက် အလှအပ။ ရှေးခေတ်ဂရိ ဝိုင်အရက်စောင့်နတ် ဒိုင်ယိုနိုက်ဆပ်စ် (Dionysus) နှင့် ဆက်စပ်သည့် စိတ်ကူးယဉ်ဆန်ခြင်းနှင့် စိတ်ခံစားမှုလွယ်ခြင်း သဘောလက္ခဏာ၏ ဆန့်ကျင်ဘက်။

Apres moi le deluge (F) – ငါမရှိတဲ့နောက်မှာ မိုးပြိုရေကြီး ဖြစ်ချင်ဖြစ်စေတော့။ (ပြင်သစ်ဘုရင် ၁၅ ယောက်မြောက် လူးဝစ် (၁၇၁၀-၁၇၇၄) က ပြောခဲ့သည်ဟု မှတ်ယူကြသည်။ ဤစကားစု၏ အရင်းမူလနှင့် ပတ်သက်၍ ဖွင့်ဆိုချက် အမျိုးမျိုးရှိကြသည်)။ Epicureanism, Cynicism စသော ဒဿနဂိုဏ်းများ၏ “သေလျှင် ပြတ်ပြီ။ နောက်ဘဝအတွက် အကျိုးဆက်မရှိ” ဟု လက်ခံယုံကြည်သော “ကင်းပြတ်ဝါဒ” (ဥစ္ဆေဒဒိဋ္ဌိ)၊ ပိဋကတ်သုံးပုံတွင် ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ဥဒုမ္ဗရိကသုတ်လာ “သေလျှင် ဆုံး၏၊ ပြတ်၏” ဟူသော “အန္တဂ္ဂါဟိက” အယူမျိုးကို ဆိုလိုသည်။ ကားလ်မတ်စ်လည်း “အရင်းကျမ်း” တွင် ထိုစကားလုံးကို သုံးထားသည်။ (မှတ်ချက် – စပိန်နိုင်ငံမှ ဂါဘရီယယ် လာဂူနာ၏ ဂန္ထဝင် ရှေးရိုး ဘလော့ဂ်တွင် ရှင်းလင်းဆွေးနွေးချက်များ ရှိသည်။)

A Posteriori (L) – ယေဘုယျ ကောက်ချက်များအတွက် မျက်မြင်လက်တွေ့ စောင့်ကြည့်လေ့လာထားသော အချက်အလက်များအပေါ်တွင် ဆင်ခြင်ခြင်း။

A Priori (L) – အထူးကောက်ချက်များအတွက် ယေဘုယျ အဆိုပြုချက်များမှ ထုတ်ယူဆင်ခြင်ခြင်း။

A tergo (L) – နောက်ကွယ်။ အပရဖြစ်သော။ အနုဒေဟဖြစ်သော။

Atomism – လောကသည် အမှုန်များဖြင့် ဖွဲ့စည်းသည်ဟု ယူဆချက်။

Attribute – စိတ်ကူး သို့မဟုတ် ရုပ်ဝတ္ထု၏ အမှန်တည်ရှိမှု သို့မဟုတ် ဒြပ်၏ အနန္တ လက္ခဏာသွင်ပြင် အယူအဆ။ (ဒတ်ချ် အတွေးအခေါ်ပညာရှင် စပင်နိုဆာ)

Auto-da-fe (S) – “သဒ္ဓါဦးစီးသော အလုပ်”၊ စပိန် ဘာသာရေး နှိပ်ကွပ်မှုအတွက် ကြေညာပွဲနှင့် ကွပ်မျက်သုတ်သင်သည့် အမိန့်တွင် သုံးနှုန်းသော စကား။

(ဆက်လက်ဖော်ပြပါမည်)

3 Comments

Filed under Dictionary, Philosophy

Socialism (3)

မာ့က်စ် ရှေ့ပြေးများ
ဝီလျံ သွန်ပဆင် (William Thompsom 1785-1833)
ဝါဒလိုရင်းအနှစ်ချုပ် – ကုန်ပစ္စည်းဖြစ်ရေးအတွက် အလုပ်သမားက ပေးရသော လုပ်အားကို အထူးဖော်ပြသည်။ လုပ်အားသည်သာ တန်ဖိုး၏ ရေသောက်မြစ်။ အလုပ်သမားများ၏ လုပ်အားကြောင်း ပေါ်ထွက်လာသည့် အစွန်းထွက် တန်ဖိုးကို အရင်းရှင်တို့က ဝါးမြိုလိုက်ခြင်းကို ကန့်ကွက်သည်။

ဂျွန်ဂရေး (John Gray 1799-1850)
ဝါဒလိုရင်းအနှစ်ချုပ် – ကုန်ထုတ်လုပ်မှုလုပ်ငန်းကို လူအများက ဝိုင်းဝန်းလုပ်ဆောင်၍သာရသည်ဟု ယုံကြည်သည်။ အလုပ်သမား သမဂ္ဂများသည် လုပ်ခပိုရရေး၊ လူမှုရေး အခြေအနေတိုးတက်ရေးတို့အတွက် အရင်းရှင်စနစ်၏ ဘောင်အတွင်းမှနေ၍ တောင်းဆိုတိုက်ပွဲဝင်နေရရုံမျှနှင့် ပြီးမြောက်မည်မဟုတ်၊ ကိုယ်တိုင် လုပ်ကိုင်မှသာ အကျိုးခံစားရမည်ဟု ယုံကြည်သည်။

Continue reading

4 Comments

Filed under Philosophy, Politics

Socialism (2)

ရှေ့ပြေး ဆိုရှယ်လစ်များ
ဆီမွန် (Claude Henri Simon 176-1825) ပြင်သစ်
ဝါဒလိုရင်းအနှစ်ချုပ် – အရင်းရှင်နှင့် ကာယ၊ ဉာဏ အလုပ်သမားများ၊ ဘောဂဗေဒပညာရှင်များ၊ အတတ်ပညာသည်များ ငြိမ်းချမ်းစွာ စုပေါင်း၍ စီမံကိန်းစနစ်ဖြင့် အများအကျိုးကို ဆောင်ရွက်သော ရွှေပြည်တော် တည်ဆောက်ရေး။

ရှားလ် ဖူရီယေ (Charles Fourier 1772-1837) ပြင်သစ်

ဝါဒလိုရင်းအနှစ်ချုပ် – စီးပွားရေးကို အခြေခံသော ဘုံလူ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်းရမည်။ မိသားစုများ စုပေါင်းပါဝင်သော ထိုအဖွဲ့အစည်းတွင် လူတိုင်းသည် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးအတွက် လုပ်ငန်းများတွင် ကိုယ်တတ်ကျွမ်ရာကို မခိုမကပ်ဘဲ စုပေါင်းလုပ်ကိုင် ကြရမည်။ ဤပစ္စည်းများကို မှန်ကန်စွာ ဖြန့်ဝေရမည်။ မိသားစုများကို အဆောက်အဦကြီးများတွင် မိသားစုပိုင် အခန်းများနှင့် ထားမည်။ မိသားစုသည် ယင်းတို့ပိုင်အခန်းတွင် မနေချင်ပါက အများနှင့် ရောနှော၍ ဘုံစားသောက်ခန်းတွင် စားသောက်၍ ဘုံခန်းတွင် အိပ်နိုင်သည်။ ထိုအခန်းများတွင် လိုအပ်သောလူ့အသုံးအဆောင်ပစ္စည်းများ ထားပေးမည်။ ကလေးများကို ဘုံစနစ်နှင့် ထိမ်းမည်။ အရွယ်ရောက်ပါက ကြိုက်နှစ်သက်ရာ လက်မှုပညာ သင်စေမည်။ ဤဘုံလူ့အဖွဲ့အစည်းအတွက် လိုအပ်သော ကုန်ကျစရိတ်များကို အစိုးရက မဟုတ်ဘဲ အဖွဲ့အစည်းဝင်များကသာ စေတနာအလျောက် စုပေါင်းထည့်ဝင်ရမည်။

သူ၏ ဤဘုံအဖွဲ့အစည်းကို ဖားလော်န်းစတဲရ် (Phalanesteres) ဟု ခေါ်သည်။

အေတီယင် ကာဘေး (Étienne Cabet 1788-1865) ပြင်သစ်
ဝါဒလိုရင်းအနှစ်ချုပ် – ဘုံဝါဒဆန်သော လူ့အဖွဲ့အစည်းတခုကို တည်ထောင်ရေးနှင့် ထိုလူ့အဖွဲ့အစည်းနှင့် ပတ်သက်သော အဓိက သော့ချက်လုပ်ငန်းဟူသမျှကို နိုင်ငံတော်ကသာလျှင် ချုပ်ကိုင် စီမံရေး။ အစိုးရအမှုထမ်းတို့ကို အများဆန္ဒအရ တင်မြှောက်/ဖြုတ်ချရမည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှု မရှိစေရ။ စိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ဆောင်၊ အဖွဲ့ဝင်များထဲက စက်မှုလက်မှု လုပ်ငန်းကို လုပ်လိုက လုပ်။

ယောက်ျား မိန်းမ တန်းတူအခွင့်အရေးရှိ။ တစ်ဦးချင်း၏ အယူအဆကို လွတ်လပ်စွာ ဆွေးနွေးခွင့်မရှိ။ သတင်းစာများကို အနည်းငယ်သာရှိစေပြီး သာမာန်အဖြစ်အပျက်သတင်းများသာ ဖြစ်ရမည်။ ဤနည်းဖြင့် အေတီယင်က ခရစ်ယာန်ဘာသာ ပြန်လည်တိုးတက်လာသည်နှင့် အမျှ ပို၍ပို၍ အောင်မြင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ခဲ့သည်။

သို့သော် သူ့နောက်လိုက်များက အီတလီနှင့် ပြင်သစ်တွင် မြေအောက် အကြမ်းဖက်မှုများ အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။

Continue reading

Leave a comment

Filed under Philosophy, Politics

Socialism (1)

ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်ဒီမိုကရက် စသည့် စကားလုံးများနဲ့ လုံးချာလိုက်ပြီး ဘာက ဘာကို ဆိုလိုမှန်းမသိတဲ့၊ ဖတ်စရာလက်လှမ်းမမီတဲ့ လူငယ်များအတွက် အနှစ်ချုပ် ရိုက်တင်ပေးလိုက်ပါတယ်။ ဒီဝါဒတွေကောင်းမကောင်း အလုပ်ဖြစ်မဖြစ်ကို မြန်မာနိုင်ငံအနေနဲ့ ခံစားရပြီး ခံစားရဆဲ ဖြစ်လို့ ချိန်ထိုးကြည့်ဖို့ပါပဲ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကြီး တည်ဆောက်ခဲ့တာ ကမ္ဘာပေါ်မှာ မြန်မာဘာဖြစ်ကျန်ခဲ့သလဲဆိုတာ အခု မြင်နေ သိနေရတဲ့ အတိုင်းပါပဲ။ ကမ္ဘာပေါ်မှာ ကျန်နေသေးတဲ့ ဆိုရှယ်လစ်နိုင်ငံတွေ အခြေအနေနဲ့လည်း နှိုင်းယှဉ်ကြည့်နိုင်ကြပါစေ။ ဒီဝါဒတွေအကြောင်းကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ထုတ်တဲ့ ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်များသမိုင်း (ပထမတွဲ ၁၉၆၈၊ ဒုတိယတွဲ ၁၉၆၉၊ စာပေဗိမာန်ပုံနှိပ်တိုက်) ကနေ ယူပါတယ်။ အပိုဆာဒါးတွေ ဖယ်ထုတ်ပြီး လိုရင်း ဆိုလိုတဲ့ သဘောတရားတွေကို ကောက်နှုတ်ပေးလိုက်ပါတယ်။

ဆိုရှယ်လစ်ဝါဒ
ဆိုရှယ်လစ်ဝါဒ၏ လိုရှင်းအချုပ်မှာ စီးပွားရေးမျှတမှုကို အခြေခံ၍ လူအများအတွက် လူအများက စီးပွားလုပ်ငန်းများကို ပိုင်ဆိုင်ကာ လုပ်ရမည် ဟူသော သဘောပင် ဖြစ်သည်။
ဆိုရှယ်လစ်ဝါဒဟူသော ဝေါဟာရကို အီတလီနိုင်ငံတွင် ခရစ်သက္ကရစ် ၁၈၀၃ ခုနှစ်၌ စတင်၍ ပုံနှိပ်အက္ခရာအဖြစ် အသုံးပြုခဲ့ရာမှ ထိုအယူအဆရေးရာကို လက်ခံသူများသည် ဆိုရှယ်လစ်များဟူ၍ တွင်ခဲ့ကြသည်။
အင်္ဂလန်တွင် ၁၈၂၇ သမဝါယမမဂ္ဂဇ်းတွင် ဆိုရှယ်လစ် စကားလုံးကို စသုံး။
ပြင်သစ်တွင် ၁၈၃၂ တွင် La Globe မဂ္ဂဇင်းမှာ စသုံး။

ဆိုရှယ်လစ်ဝါဒအယူအဆ
ယေဘုယျအားဖြင့် ဆိုရှယ်လစ်ဝါဒသည် အချက်နှစ်ခုပေါ်တွင် အခြေစိုက်သော စီးပွားရေးဝါဒ။

(က) အကြင်လူ့ဘောင်၏ အသက်မွေးမှုဘဝအတွက် လိုအပ်သော လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ပေးသည့် ကုန်ထုတ်ကရိယာ အရင်းအနှီးများ (Means of Production) ကို ထိုလူ့ဘောင်က ဘုံပစ္စည်း (Common Ownership) အဖြစ် ပိုင်ဆိုင်နေခြင်း။

(ခ) ထိုလူ့ဘောင်၏ အဖွဲ့ဝင်တို့သည် မိမိတို့ ဘုံပစ္စည်းဖြစ်သော ထိုကုန်ထုတ်ကရိယာ အရင်းအနှီးများကို စနစ်တကျ စီမံကိန်းချ၍ စုပေါင်းဆောင်ရွက်အပ်သော လုပ်အားတို့ဖြင့် အလုပ်လုပ်ခြင်း။

1 Comment

Filed under Philosophy, Politics

What Is Religion? (from the Viewpoint of Psychology) – 2

ကိုးကွယ်ရာ ဘာသာရေးဆိုတာ ဘာလဲ (စိတ်ပညာရှုထောင့်မှ ရှုမြင်ချက်များ)

Gordon Allport (1897-1967)

ဂေါ်ဒွန် အောလ်ပေါ့ (Gordon Allport 1897-1967) – ဘာသာရေးဆိုသည်မှာ လူတစ်ယောက်၏ “သမ္မာနည်းကျ ခံယူထားသည့် အထွဋ်အမြတ်လမ်းစဉ် (supreme context) ကို ရှာဖွေခြင်းဖြင့် သူ၏ ကိုယ်ရည်ကိုယ်သွေး (personality) ကို ကျယ်ပြန့်လာစေရန် (enlarge)၊ ပြည့်စုံကုံလုံစေရန်(complete) အဆုံးစွန်သော အားထုတ်မှု” ဖြစ်သည်။

အေဘရာဟမ် မက်စလို (Abraham Maslow 1908-1970) – ဘာသာရေးဆိုသည်မှာ လူထုပရိသတ်အတွက် ရရှိရောက်ရှိ နိုင်လောက်သော ပရောဖက်/တမန်တော်၏ မူလနှုတ်ကပါတ် (အထွဋ်အထိပ်သော အတွေ့အကြုံ) အတိုင်း အားထုတ်မှုပြုသော တရားတော်စနစ်နှင့် ဘာသာရေးထုံးတမ်း တို့ကို ခေါ်သည်။ ဘာသာရေးသည် အရင်းမူလအားဖြင့် နဂိုရ်သက်သက်ဖြစ်သော တန်ဖိုးများအတိုင်း နာမ်ပိုင်းအားဖြင့် ပြစ်ဒဏ်ခတ်ရန် အားထုတ်မှုလည်း ဖြစ်သည်။ ဘာသာရေးဆိုင်ရာ တွေ့ကြုံရမှုသည် သဘာဝတ္တ၏ အတွေ့အကြုံဖြစ်ပြီး ဘာသာရေး တန်ဖိုးသည် လူသား၏ တန်ဖိုးပင်ဖြစ်သည်။

ဗစ်တာ ဖရန်ကယ် (Viktor Frankl 1905-1997) – ဘာသာရေးဆိုသည်မှာ “အဓိပ္ပာယရှိလိုသည့် ဇောဆန္ဒ” (will to meaning) လျှင် အရင်းအမြစ်ရှိသော “နာမ်ဝိညာဉ်ဆိုင်ရာ မသိနိုင်မှု”၏ လုပ်ငန်းစဉ်ဖြစ်သည်။ အဆုံးစွန်သော အန္တိမ အဓိပ္ပာယကို ရှာဖွေမှုအဖြစ် ဘာသာရေးသည် “မသိနိုင်သည့် ဘာသာရေးကိစ္စ”၏ အသိတရားဆိုင်ရာ ထုတ်ဖော်ပြချက်လည်းဖြစ်သည်။ ငုပ်ကွယ်တိမ်မြုပ်နေမှုမှသည် လွန်မြောက်စေခြင်းကိစ္စ ဖြစ်သည်။

1 Comment

Filed under Philosophy, Psychology, Religion