ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး မြို့ ၁၀ မြို့ …။
ဂုရုဂရမ် (အိန္ဒိယ)၊
ဂါဇီယာဘတ် (အိန္ဒိယ)၊
ဖိုင်ဆလာဘတ် (ပါကစ္စတန်)၊
ဖာရီဒါဘတ် (အိန္ဒိယ)၊
ဘီဝါဒီ (အိန္ဒိယ)၊
နော်အီဒါ (အိန္ဒိယ)၊
ပတ္တနား (အိန္ဒိယ)၊
ဟိုတန် (တရုတ်)၊
လက်ခနောင်း (အိန္ဒိယ)၊
လာဟိုး (ပါကစ္စတန်)
ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး မြို့ ၁၀ မြို့ …။
ဂုရုဂရမ် (အိန္ဒိယ)၊
ဂါဇီယာဘတ် (အိန္ဒိယ)၊
ဖိုင်ဆလာဘတ် (ပါကစ္စတန်)၊
ဖာရီဒါဘတ် (အိန္ဒိယ)၊
ဘီဝါဒီ (အိန္ဒိယ)၊
နော်အီဒါ (အိန္ဒိယ)၊
ပတ္တနား (အိန္ဒိယ)၊
ဟိုတန် (တရုတ်)၊
လက်ခနောင်း (အိန္ဒိယ)၊
လာဟိုး (ပါကစ္စတန်)
Filed under Environment
Filed under Environment, News
ကိုသင်ကာ
၂၀၁၇ ခုနှစ် နှစ်ချုပ်ကို အမျိုးမျိုး အများအပြား ရေးကြတာ တွေ့ရပါတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ အစွန်းရောက်တွေရဲ့ ဗုံးခွဲမှုတွေ၊ မတော်တဆမှုတွေအပြင် ဟောလိဝုဒ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတဲ့ ကိစ္စတွေအထိ စိတ်မသက်သာစရာတွေ ရက်စွဲစဉ်အလိုက် အများအပြားတွေ့ရပါတယ်။ အဲဒီလိုဖြစ်စဉ်တွေထဲကမှ အကောင်းဘက် အပြုသဘောဆောင်တဲ့ ကိစ္စတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးဆိုင်ရာ ၂၀၁၅ ခုနှစ် ပဲရစ် သဘောတူညီချက်
ပဲရစ် သဘောတူညီချက်မှာ ဆီးရီးယားနဲ့ နီကာရာဂွာတို့က လက်မှတ်ရေးထိုးလိုက်တာကြောင့် တစ်ကမ္ဘာလုံးမှာ နိုင်ငံတိုင်းက ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးမှာ ပါဝင်လာပြီလို့ ဆိုနိုင်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့် တက်လာပြီးနောက် ပဲရစ် သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပေမယ့် စည်းမျဉ်း စည်းကမ်းအရ ၂၀၂၀ နိုဝင်ဘာ ၄ ရက်နေ့အထိ အပြီးအပိုင် ကျောခိုင်းလို့ မရသေးပါဘူး။ အကောင်းမြင်ရတဲ့ အကြောင်းကတော့ နောက်လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့မှာ ဖြစ်လို့ပါပဲ။
ကမ္ဘာ့ဘဏ်ကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေအတွက် ချေးငွေတွေကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာထားပါတယ်။
သင်ကာ
ဂျာမနီနိုင်ငံ၊ ဘွန်းမြို့မှာ ကျင်းပတဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲဟာ တကယ် အလုပ်ဖြစ်မယ့် ကိစ္စ နည်းနည်းလောက်နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။ နောက်နှစ် ဆွေးနွေးပွဲကို ပိုလန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဥရောပရှိ ဘယ်မြို့တွေမှာပဲ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ကျင်းပသည်ဖြစ်စေ တကယ်အဖြေက အနောက်က လာပါ့မလား။ အရှေ့ကရော မလာနိုင်ဘူးလား။ ရာသီဥတု ပြောင်းလဲမှု ရလဒ်ကို အနောက်နဲ့ အရှေ့ ဘယ်အခြမ်းမှာ ပိုပြီး ရင်ဆိုင်လာနေရသလဲ။
ရာသီဥတု ပြောင်းလဲမှုဟာ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးမှုကို ထည့်မတွက်တဲ့ စီးပွားရေး မိုဒယ်ရဲ့ ထင်မထားတဲ့ အကျိုးဆက် နမူနာ ဖြစ်ပါတယ်။ အိန္ဒူမြစ်ဝှမ်းလို အာရှဒေသ တချို့ဟာ ၂၁၀၀ ပြည့်နှစ်မှာ လူနေလို့ မရအောင် ပူလောင်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာ ရှိပါတယ်။
ကြီးမားတဲ့ ဆိပ်ကမ်းမြို့ကြီးတွေဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါပြီ။ ဘုံသယံဇာတတွေ ဖြစ်တဲ့ မြေ၊ ရေ၊ သစ်တောတွေဟာလည်း အလွန်အကျွံသုံးစွဲပြီး ဖြစ်နေပါပြီ။ ရာသီဥတု ပြောင်းလဲမှုဟာ စိုက်ပျိုးရေးကို ထိခိုက်စေပြီး သန်းရာချီတဲ့ ကမ္ဘာ့လူသားတွေအတွက် စားနပ်ရိက္ခာ ပြဿနာကို ဖြစ်စေမှာပါ။
Filed under Article, Ecology, Economics, Environment
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်က လက်ရှိသမ္မတ ရှီကျင့်ဖျင်ကိုပဲ ဆက်လက် ရွေးချယ်ခဲ့ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီဟာ ဆက်လက် ရွေးချယ်လိုက်တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်တွေကို လမ်းပြမူထဲ ထည့်လိုက်ပါတယ်။ အဲဒီထဲမှာ သဘာဝ ပတ်ဝန်းကျင်ကို ပိုမိုပြီး ကာကွယ်ရေး၊ လူမှုဘဝ တိုးတက်ကောင်းမွန်ရေး ကိစ္စတွေလည်း ပါပါတယ်။
ခေတ်သစ်အတွက် တရုတ် စရိုက်လက္ခဏာမပျက် ဆိုရှယ်လစ်ဝါဒနဲ့ ပတ်သက်လို့ ရှီ ကျင့်ဖျင်ရဲ့ အတွေးအခေါ်တွေက ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံကြီး ဖွံ့ဖြိုးမှု ပိုချိန်ညှိကာ ရှေ့တိုးဖို့ အချက်ပေးလိုက်တာ ဖြစ်ပါတယ်။
Filed under Article, China, Environment, International, MCN