WikiLeaks: History

ဝီကီလိ (ခ်) သည် ၂၀ဝ၆ ဒီဇင်ဘာတွင် စတင်ပေါ်ပေါက်လာသည်။ တောင်အာဖရိက၊ ဥရောပ၊ ထိုင်ဝမ်၊ အမေရိကန် နှင့် သြစတြေးလျတို့ရှိ နည်းပညာရှင်များနှင့် စာနယ်ဇင်းသမား၊ သင်္ချာပညာရှင် တရုတ်အတိုက်အခံများက စ၍ ထူထောင်သည်ဟု ဖော်ပြခဲ့ဖူးသည်။ ဝီကီလိခ်ကို စတင်ဖန်တီးသူအား ခြေရာမခံနိုင်ခဲ့ပေ။ ၂၀ဝ၇ ဇန်နဝါရီလမှစ၍ ဂျူလီယန် အက်စ်ဆန်း နှင့် အခြားသူများ ပရိသတ်ရှေ့မှောက်တွင် ပေါ်လာသည်။ အက်စ်ဆန်းက သူ့ကိုယ်သူ ဝီကီလိ (ခ်) အကြံပေးဘုတ်အဖွဲ့ဝင်ဟု ဆိုသည်။ The Australian သတင်းတပုဒ်တွင် အက်စ်ဆန်းကို ဝီကီလိ (ခ်) ကိုတည်ထောင်သူဟု ဖော်ပြထားသည်။ Wierd မဂ္ဂဇင်းကမူ အက်စ်ဆန်းနှင့် စကားပြောဆိုဖူးသည် ဆိုသည့် ကူညီရေးသားတဦး၏ အဆိုကို ကိုးကား၍ အက်စ်ဆန်းကို “ဝီကီလိ (ခ်) ၏ ဝိဉာဉ်နှင့် အသက်၊ တည်ထောင်သူ၊ အတွေးအခေါ် ချမှတ်သူ၊ ပြောခွင့်ရှိသူ၊ လက်ရင်း ကုဒ်ဖန်တီးသူ၊ ဆော်သြသူ၊ ငွေကြေး မ တည်သူနှင့် အားလုံးတွင် တာဝန်ရှိသူ” ဟု ဖော်ပြထားသည်။ ၂၀ဝ၉ ခုနှစ် တွင် ဝီကီလိ (ခ်) ၌ ကူညီရေးသားသူပေါင်း ၁၂,ဝ၀ မှတ်ပုံတင်ထားသည်။ အကြံပေးဘုတ်အဖွဲ့တွင် အက်စ်ဆန်း၊ ဖိလစ် အဒမ်၊ ဝန်ဒန်၊ စီ.ဂျေ.ဟင့်ခ်၊ ဘင် လော်ရေး၊ တာရှီ နမ်ဂျယ် ခမ်ဆစ်ဆန်၊ ရှောင်ကင်၊ ချီကို ဝှစ်တက်ကာနှင့် ဝန် ယုကိုင်တို့ ပါဝင်သည်။ ၂၀၁၀ ပြည့်နှစ်အတွင်း Mother Jones မဂ္ဂဇင်းက ဆက်သွယ်မေးမြန်းခန်းတွင်မူ မစ္စတာ ခမ်ဆစ်ဆန်က သူ့အနေဖြင့် ဝီကီလိ (ခ်) မှ အီးမေးလ် လက်ခံရရှိခဲ့သော်လည်း အကြံပေးဖြစ်ရန် သဘောမတူခဲ့ပါဟု ငြင်းဆိုထားသည်။

ဝီကီလိ (ခ်) က ၎င်းတို့၏ “မူလရည်ရွယ်ချက်သည် အာရှ၊ ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံခွဲများ၊ အာဖရိက ဆဟာရ နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းမှ ဖိနှိပ်သည့် အာဏာရှင် အစိုးရများကို ဖွင့်ထုတ်ရန် ဖြစ်သည်။ ထို့ပြင် အစိုးရများ၊ ကော်ပိုရေးရှင်းများ၏ ကျင့်ဝတ်နှင့် မညီသော အပြုအမူများကို ဖော်ထုတ်ရန် ဆန္ဒရှိသည့် ဒေသအားလုံးမှ လူများ အထောက်အကူရရန်လည်း မျှော်လင့်သည်” ဟု ဆိုထားသည်။

၂၀ဝ၇ ဇန်နဝါရီတွင် ဝီကီလိ (ခ်) သည် ပေါက်ကြားလာသည့် ဖိုင်ပေါင်း ၁.၂ သန်းကျော် ရရှိထားပြီး ဝက်ဘ်ဆိုဒ်ပေါ်သို့တင်ရန် ပြင်ဆင်နေသည်။ နယူးယော်ကာ (The New Yoker) သတင်းစာပါ တောင်းပါး တပုဒ်တွင်

ဝီကီလိ (ခ်) လုပ်ဆောင်သူများအနက် တဦးသည် ဆာဗာကို ကိုင်ထားပြီး သန်းနှင့်ချီသည့် လျှို့ဝှက်ဖိုင်များကို ထိုမှ တဆင့်ဖြတ်စေသည်။ လုပ်ဆောင်သူတဦးက တရုတ်မှ ဟက်ကာများသည် နိုင်ငံခြားအစိုးရများ၏ သတင်းအချက်များကို စုဆောင်းရန် ကွန်ရက်ကို သုံးနေကြောင်း သတိထားမိပြီး ထိုလမ်းကြောင်းကို စတင် မှတ်တမ်းတင်ခဲ့သည်။ ဝီကီလိ (ခ်) တွင် အနည်းငယ်မျှသာ တင်သေးသော်လည်း အစောပိုင်း ဖော်ပြမှုများသည် ဝီကီလိ (ခ်) ဆိုဒ်အတွက် အခြေခံဖြစ်ခဲ့သည်။ အက်စ်ဆန်းက “ကျနော်တို့ နိုင်ငံပေါင်း ၁၃ နိုင်ငံက စာရွက်စာတမ်းပေါင်း ၁ သန်းကျော် လက်ခံရရှိထားပါတယ်”ဟု ဆိုသည်။

ဝီကီလိ (ခ်) အစောပိုင်းကာလများ၌ တရုတ်ဟက်ကာများကို ကြားဖြတ်ခိုးဝင်ခြင်းက အရေးပါသည့်ကဏ္ဍမှ ပါဝင်ခဲ့ကြောင်းနှင့် ပတ်သက်၍ အက်စ်ဆန်းက တုံ့ပြန်ပြောဆိုရာ၌ “ဒီစွပ်စဲမှုက မမှန်ပါဘူး။ ကျနော်တို့ အဆက်အသွယ်ထဲက တယောက်က တရုတ်ရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေထဲကို ၂၀ဝ၆ ခုနှစ်တုန်းက စုံစမ်းလေ့လာမှုတွေ လုပ်ခဲ့ဖို့ ပတ်သက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီစာရွက်စာတမ်း လက်တဆုပ်စာကို ဝီကီလိ (ခ်) မှာ တင်ခဲ့ပါပြီ။ တိဘက် အဖွဲ့အစည်းတွေလို အစိုးရမဟုတ်တဲ့ အဖွဲ့တွေက တရုတ်ရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေကို ပစ်မှတ်ထားပါတယ်။” ဟုဆိုသည်။ အဖွဲ့အနေနှင့် အာဖဂန်စစ်ပွဲကနေ ကင်ညာ လာဘ်စားမှုအထိ ထိပ်တန်းသတင်းများဖြစ်ခဲ့သော အရေးပါသည့် စာရွက်စာတမ်းများကို ဆက်တိုက် ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။

ဝီကီလိ (ခ်) အဖွဲ့အနေဖြင့် ဖော်ကောင်လုပ်သူနှင့် ဂျာနယ်လစ်များ အရေးကြီးသည့် စာရွက်စာတမ်းများ အီးမေးလ်ဖြင့် ပို့မှုကြောင့် တရုတ်ဂျာနယ်လစ် ရှီတာအို (Shi Tao) ကဲ့သို့ ဒုက္ခမရောက်စေရန် အထူးသတိထားကြောင်း ကြေညာခဲ့သည်။ ရှီတာအိုသည် တိန့်အန်နန်မင် ရင်ပြင် လူသတ်ပွဲ နှစ်ပတ်လည်အကြောင်း တရုတ်အစိုးရအရာရှိများထံမှ အီးမေးလ်ကို လူအများသိအောင် လုပ်ဆောင်ခြင်းကြောင့် ၂၀ဝ၅ တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည်။

ဒင်နီယယ် အဲလစ်ဘာ့ဂ် (Daniel Ellsbarg) ၏ ၁၉၇၁ ခုနှစ်က ပင်တဂွန်စစ်ဌာနချုပ် စာရွက်စာတမ်းများ ပေါက်ကြားမှုနှင့် ပရောဂျက်ကို နှိုင်းယှဉ်နိုင်သည်။ အမေရိကန် ပြည်ထောင်စုတွင် စာရွက်စာတမ်းတချို့ ပေါက်ကြားမှုကို ဥပဒေအရ အကာအကွယ်ပေးထားသည်။ အနည်းဆုံးအားဖြင့် နိုင်ငံရေးဆိုင်ရာ နယ်ပယ်တွင် အမည်မခံဘဲ ပေါက်ကြားမှုကို အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အာမခံရန် အမေရိကန် ဗဟိုတရားရုံးက စည်းမျဉ်းထုတ်ထားသည်။ စာရေးဆရာနှင့် ဂျာနယ်လစ် ဝှစ်တလေ စထရစ်ဘာ (Whitley Strieber) က ဝီကီလိ (ခ်) ပရောဂျက်၏ အကျိုးကျေးဇူးနှင့် ပတ်သက်၍ “အစိုးရရဲ့ စာရွက်စာတမ်းတွေ ပေါက်ကြားမှုဟာ ထောင်ချခံရနိုင်တယ်။ ဒါပေမယ့် ခဏလောက်ပါပဲ။ တရုတ်၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းလို ဒေသမျိုးမှာတော့ ထောင်ဒဏ်နှစ်ရှည်ကနေ သေဒဏ်အထိ ကျနိုင်ပါတယ်”ဟု ဆိုသည်။

 

 

Advertisements

Leave a comment

Filed under Article, WikiLeaks, Wikipedia

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s