Category Archives: Economics

ရာသီဥတု ပြောင်းလဲမှု၊ လယ်ယာစိုက်ပျိုးရေးနဲ့ အဆုံးစီရင်မှုနှုန်း အဆက်အစပ်

သင်ကာ

မြန်မာတွေအဆိုမှာ ညောင်ဦးက ကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးတယ် ဆိုတာကို မဆီမဆိုင်ရယ်လို့ ရည်ညွှန်းပြီး ပြောလေ့ရှိခဲ့ကြပါတယ်။ ထို့အတူပဲ ကမ္ဘာပေါ်မှာ စက်ရုံတွေက ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်လို့ တောင်အာရှ တခွင်မှာ ကိုယ့်ကိုယ်ကို သတ်သေမှု အလွန်မြင့်ရတယ်ဆိုရင် ဆက်စပ်မိဖို့ အတော်ခက်နိုင်ပါတယ်။

ကာဘွန် ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် အပူလှိုင်းမြင့်လာပြီး တောင်အာရှ ဒေသတချို့မှာ ထွန်နဲ့ နွားဖြစ်ဖြစ်၊ ထွန်စက်နဲ့ ရုန်းရတာဖြစ်ဖြစ် လယ်သမားတွေဟာ စိုက်ပျိုးမှုမှာ ခဲလေသမျှ သဲရေကျဖြစ်ပြီး အကြွေးနွံနစ်တာ၊ လူမှုရေး အစစ အခက်အခဲ ပေါ်တာတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေနေကြတာကို ပညာရှင်တွေက ချက်နဲ့လက်နဲ့ လေ့လာဖော်ထုတ်ပြလိုက်ပါပြီ။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်က ကျန်းကျန်းမာမာ လယ်သမားတွေဟာ ကိုယ့်ကိုယ်ကို သတ်သေကုန်တာ ၂၀၁၅ ခုနှစ်ထဲမှာကိုပဲ ၃၅၀၀ ဦး ရှိပြီး အဲဒါက ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုး ရလဒ်ကြောင့် ဖြစ်တယ်လို့ ဆိုင်းယင့် အက်ဒဗန့်စ် စာစောင်မှာ သုတေသီတွေက စာတမ်းတစ်စောင်ကနေ ဖော်ပြလိုက်ပါတယ်။

Continue reading

Advertisements

Leave a comment

Filed under Article, Developmentalism, Economics, Environment

Dr Hla Myint (1920-2017)


ကျောင်းတက်နေတုန်းက စာအုပ်တွေ မွှေရင်း လန်ဒန် စီးပွားရေး တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ လှမြင့် ဆိုတဲ့အမည် သွားတွေ့တော့ သူ့အကြောင်း လိုက်ရှာကြည့်ဖူးတယ်။

အတ္ထုပ္ပတ္တိ အချက်အလက် သိပ်ရှာမတွေ့ဘူး … ရသလောက် စာ ၂ ကြောင်းနဲ့ သူ့စာအုပ်စာရင်းကို ၂၀၁၀ မှာ မြန်မာဝီကီပီဒီးယား ပေါ်မှာ ရေးတင်ပေးခဲ့ပါတယ်။

မနေ့ညက ဆရာကြီး ဒေါက်တာ လှမြင့် ကွယ်လွန်သွားပါပြီ။ ခနနေရင် မြန်မာ ဝီကီမှာ ကွယ်လွန်သွားကြောင့် ဝမ်းနည်းစွာ ထပ်ဖြည့် လိုက်ပါမယ်။

Continue reading

Leave a comment

Filed under Economics, Myanmar, Wikipedia

Letbadaung

Uneth

ကျနော် ဆက်တွေးမိသည်များ –

၁) သမ္မတ ဦးသိန်းစိန်ဟာ ဗိုလ်ချွတ်ကြီးတွေ တသီကြီးနဲ့ စီရင်ခြင်း ခံထားရတဲ့ သူ့ ဗဟို အစိုးရအဖွဲ့ရော၊ ပြည်နယ် အစိုးရအဖွဲ့ကိုရော၊ ပါတီဝင်တွေကိုရော မနိုင်ဘူးဆိုတာ ထင်ရှားတယ် (ဦးအောင်သိန်းလင်း ပါးစပ်ဖွာသည့် အရေးမှသည် လက်ပံတောင်း (ဘာဗုံးသုံးသလဲ) အရေးအထိ)

၂) သီအိုရီအရ အားလုံးမျှော်လင့်တာက (က) ဖြိုခွင်းတယ် – အလွန်အကျွံဖြစ်သွားတယ် – ဖြစ်မှန်းလည်း သိတယ် – သိပြီး အဖြစ်မှန် ဖော်ထုတ်မယ် – စစ်ဆေးအရေးယူမယ် – တောင်းပန်မယ် …။

ဒါပေမယ့် အစိုးရ အခု လုပ်နေတာက (ခ) ဖြိုခွင်းတယ် – အလွန်အကျွံဖြစ်သွားတယ် – ဖြစ်မှန်းလည်း သိတယ် – ဒါပေမယ့် ငါတို့ကြောင့် မဟုတ်ဘူး – “သွေးထိုးနေသည်” “မြှောက်ပေးနေသည်” ဆိုတာတွေ ရှိရမယ် – ငါတို့ လွန်တာ မဟုတ်ဘူး – ဖမ်းမယ်ဆီးမယ် – ဆွဲစိမယ် – ထောင်ချမယ် …။

Continue reading

Leave a comment

Filed under Article, Economics, Environmentalism, Political Ecology

Dr. Hla Myint

ဒေါက်တာလှမြင့် (၁၉၂၀- )

စီးပွားရေးပညာပါမောက္ခ (၁၉၆၆-၁၉၈၅)၊ လန်ဒန်စီးပွားရေးကျောင်း။

လန်ဒန်စီးပွားရေးကျောင်း(L.S.E) မှ မြန်မာလူမျိုး စီးပွားရေးပညာရှင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သီအိုရီထုတ်ဖော်သူ။ စီးပွားရေးဖွံ့ဖြိုးမှု (Economic Development) တွင် နိုင်ငံတကာကုန်သွယ်ရေး၏ အကျိုးသက်ရောက်မှုများကို အထူးပြုသော သဘောတရားရေးရာများကို ထုတ်ဖော်ခဲ့သည်။

အဒမ်စမစ် (၁၇၂၃-၁၇၉၀) ဖော်ထုတ်ခဲ့သော Vent for Surplus သီအိုရီကို ဒေါက်တာလှမြင့်က စီးပွားရေးဖွံ့ဖြိုးမှုလေ့လာရေးတွင် ဆက်လက်တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

Dr. Hla Myint

Continue reading

Leave a comment

Filed under Biography, Economics

Laissez-faire

“Laissez-faire, Laissez-passer” ဟူသော စကားလုံးမှာ မူလက ပြင်သစ် လယ်ယာမြေဝါဒီ physiocrats များ၏ အသုံးအနှုန်းဖြစ်သည်။ ၄င်းတို့က လယ်ယာမြေစိုက်ပျိုးရေးသည် တိုင်းပြည်ဥစ္စာဓနကို ဖြစ်စေသည်။ လက်ဝါးကြီးအုပ်ဈေးကွက် မဖြစ်ပေါ်ရန် ကာကွယ်ခြင်းမှတပါး အစိုးရများသည် စီးပွားရေးကို လွတ်လပ်စွာ ထားရမည်ဟု ဆိုခဲ့သည်။ ၄င်းတို့၏ စီးပွားရေးလွတ်လပ်မှုကို ကျမ်းရိုးတို့က အပြည့်အဝထောက်ခံခဲ့သည်။ ကျမ်းရိုးဂိုဏ်းကို အစပျိုးခဲ့သော Adam Smith က “ပုဂ္ဂလိကပြည်သူတို့အား ၄င်းတို့ပိုင် အရင်းအနှီးကို မည်သို့အသုံးချရမည်ဟုဆိုသော နိုင်ငံရေးပုဂ္ဂိုလ်များသည် မလိုအပ်သည်ကို အပင်ပန်းခံနေခြင်းဖြစ်ပြီး မည်သူ့တွင်မျှ လုပ်ပိုင်ခွင့် မရှိသည်ကို လုပ်ပိုင်ခွင့်ရှိသယောင် လုပ်နိုင်စွမ်းရှိသယောင် ကြောက်မက်ဖွယ် အန္တရာယ်ပြုနေကြခြင်းဖြစ်သည်” ဟု Wealth of Nations, Book IV, Chapter 2 တွင် ဆိုထားသည်။

*စီးပွားရေးပညာ အဘိဓာန် – ဦးကြည်မြင့်။ နှာ – ၂၁၄-၂၁၅

(သူငယ်ချင်းက မေးတာနဲ့ သူ့အတွက် ရှာပေးရင်း တင်လိုက်တယ်။)

Leave a comment

Filed under Economics

Attahi Attano Nahto Adam Smith

Attahi Attano Nahto Adam Smith by Dr. Mg Mg Soe. Living Color Magazine, June 2005, Pg 151-153.

Dr. Maung Maung Soe (Eco)

Pls click on page to enlarge.

Continue reading

Leave a comment

Filed under Development, Economics

Economic Reform and Economic Policy

စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးပေါ်လစီ (မူဝါဒ)
(Economic Reform and Economic Policy)

ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံအတော်များများသည် လိုအပ်လျှင် လိုအပ်သလို အချိန်မီ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ကြရပါသည်။ တနည်းဆိုရသော် နိုင်ငံ၌ လက်ရှိစီးပွားရေး၏ အားနည်းချက်၊ အားသာချက်များနှင့် အနာဂတ်အလားအလာများကို ပြန်လည် ခွဲစိတ်သုံးသပ်ပြီး ယင်းကို ပုံဏ္ဍန်အသစ်များဖြင့် ပုံဖော်စေခြင်း ဖြစ်ပါသည်၊ နိစ္စဓူဝ ပြောင်းလဲလာသော လူမှုစီးပွားရေးအခြေအနေများကို လက်တွေ့ကျကျ ပြန်လည် သရုပ်ဖော်ခြင်းဟုလည်း ဆိုနိုင်ပါသည်။

စီးပွားရေးနှင့် နိုင်ငံရေးသည် အပြန်အလှန်ဆက်စပ်နေတတ်ပြီးစီးပွားရေးမတည်ငြိမ်မှုဖြစ်လျှင် နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သလို နိုင်ငံရေးမတည်ငြိမ်မှုဖြစ်လျှင်လည်း စီးပွားရေးမတည်ငြိမ်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေးနှင့် စီးပွားရေးကိုမည်သို့တည်ငြိမ်အောင် ဆောင်ရွက်ရမည်ဆိုသည်ကို အမြဲတမ်းပြောဆိုဆွေးနွေးကြလေ့ရှိကြပါသည်။ တစ်နည်းအားဖြင့် နိုင်ငံရေးမတည်ငြိမ်မှုကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဖြင့်လည်းကောင်း၊ စီးပွားရေးမတည်ငြိမ်မှုများကို စီးပွားရေးပြုပြင် ပြောင်းလဲမှုများဖြင့်လည်းကောင်း ပြန်လည်ပြုပြင်ရလေ့ရှိပါသည်။ ယင်းတို့ကို နှစ်ခုလုံးတွဲဖက်၍လည်းကောင်း၊ တစ်ခုစီသီးသန့်ခွဲ၍လည်းကောင်း ဆောင်ရွက်လေ့လည်းရှိပါသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်စေရန်ဖြစ်ပါသည်။ စီးပွားရေးဆုံးဖြတ်ချက်များ၊ စီးပွားရေးပေါ်လစီတိုင်းသည် Efficiency (သက်ရောက်အကျိုးရှိမှု) အရှိဆုံးဖြစ်ရန်နှင့် မက်ခရိုစီးပွားရေး (Macro Economy) ၏ တည်ငြိမ်သောတိုးတက်မှုရှိစေရန်အတွက် Equity (သာတူညီမျှရှိမှု) ရှိရန်လည်းလိုအပ်ပါသည်။ သို့မှသာ ကုန်ထုတ်လုပ်မှု (Productivity) လည်းတိုးမြင့်လာပြီး တည်ငြိမ်သော စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်ပါလိမ့်မည်။

Continue reading

Leave a comment

Filed under Article, Economics