Category Archives: Myanmar

ရဲ၊ ဥပဒေနဲ့ ကျင့်ဝတ်

ဆယ်ကျော်သက် သက်ငယ် မုဒိမ်း ကျူးလွန်ခံရတဲ့ မိန်းကလေးတွေကိုတောင် နာမည် မဖော်ပြရသလို မိဘနာမည်တောင် ဖော်ပြခွင့် မရှိပါဘူး …။ ကျုးလွန်ခံရသူ မပြောနဲ့ ရာဇဝတ်မှု ကျူးလွန်သူ ဆယ်ကျော်ဆက်တွေ အမည်ကိုတောင် ဖော်ပြလေ့ မရှိပါဘူး။ အခုရဲတပ်ဖွဲ့ကတော့ သုံးနှစ်အရွယ် ကလေး၊ ကလေးမိဘတွေနဲ့ နေရပ်လိပ်စာပါ Facebook ပေါ် တင်တယ်ဆိုတော့ … ပြောစရာ စကားမရှိ … ဝဋ်နဲ့ကံဆိုတဲ့ ဘုရားဟောကို သူတို့ ယုံတယ်ဆိုရင်တော့ သူတို့ကိစ္စလို့ပဲ ပြောစရာရှိတယ် …

#ThinkerBhoneMyint

Leave a comment

Filed under Myanmar

အရင်လို ခုန်ချနေကြဦးမှာ စိုးလို့လား …

အရင်လို ခုန်ချနေကြဦးမှာ စိုးလို့လား …

Leave a comment

Filed under Myanmar, Politics

အိုဘယ့် တချို့သော YBS

မတ်လ ၂၇ ရက်နေ့ ညနေမှာ YBS စီးခဲ့ပါတယ် …။ ကားမောင်းသူက “ဆင်းမယ်ဆို ခလုတ်နှိပ်ကြ၊ မနှိပ်ရင် မရပ်ဘူး” ဆိုတာကို တက်လာသူတိုင်းအား ငေါက်ငမ်း ပြောဆိုပါတယ်။ ကားပေါ်ရောက်မှ သတိထားမိတာက သူ့ အဆင်းခလုတ်က မမိတစ်ချက် မိတစ်ချက်ပါ။

ကားထဲက လူတစ်ဝက်လောက်က ဝိုင်းပြောမှ သောက်ကြောတင်းပြီး ပြောနေတာကို လျှော့ပါတယ်။ ကျနော်လည်း နှိပ်ကြည့်တယ်၊ ၃ ခါနှိပ်မှ ၁ ခါ မြည်တယ်။ ဘရိတ်ကလည်း ဆောင့်ဆောင့်အုပ်တယ်။

ဗလီထိပ်မှတ်တိုင်ကျော်ပြီး တစ်မှတ်တိုင် (နာမည် မေ့နေ) မှာ ခွေပြီး ကားမောင်းသူက ဆေးလိပ် ခိုးသောက်ပါတယ်။ အလုံပိတ်၊ အဲကွန်းဖွင့်ထားတဲ့ ကားထဲမှာ (သူ့အပြုအမူအရ) ထိုင်ရာမထ ဆေးလိပ် ခိုးသောက်နေတာ ဖြစ်ပါတယ်။ သူ့နောက်မှာ ၁၂ လောက် အရွယ် ကလေးမ၊ သူ့နောက်မှာ ကျနော်၊ ဘေးတိုက်မှာ ၃ နှစ်နဲ့ ၅ နှစ်လောက် ကလေးတွေနဲ့ မိဘတွေ ရှိပါတယ်။

Continue reading

Leave a comment

Filed under Myanmar

ပါတော် မူ၊ မမူ

ပါတော်မူသွားတာ သီပေါမင်းအစစ်မဟုတ်ဘူးလို့ ဖေ့စ်ဘုတ်ပေါ်မှာ ဖွကြလို့ ကေမြူးရေးတဲ့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ရုပ်ရှင် အနုပညာရှင်များ စာအုပ်ထဲကနေ ကူးယူဖော်ပြတာပါ

======

သိပ်ငြင်းမနေကြနဲ့ … စာလေးဘာလေးဖတ် …။

“… နယူးဒေလီမြို့တွင် ကျင်းပသည့် ပဉ္စမမြောက် ဂျော့ဘုရင်၏ အိန္ဒိယနိုင်ငံဆိုင်ရာ နန်းသိမ်းပွဲ သတင်း (ရုပ်ရှင်) ကားကိုလည်း ပြသခဲ့ရာ ထိုနန်းသိမ်းပွဲတွင် အိန္ဒိယနိုင်ငံသို့ ပါတော်မူခဲ့ရသော သီပေါမင်းက ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့သည်ကို မြန်မာပြည်သူတို့ ကြည့်ရှုခွင့် ရခဲ့သည်။

ထိုအခမ်းအနားတွင် ဂျော့ဘုရင်က မြင့်သည့်နေရာတွင်ရှိပြီး သီပေါမင်းက နိမ့်သည့်နေရာတွင် နေရပုံပြကွက်နှင့် ဂျော့ဘုရင်အား သီပေါမင်းက ဦးညွတ်နုတ်ဆက်ရပုံ ပြကွက်များအား ကြည့်ပြီး ပြသလေရာ၌ မြန်မာတို့မှာ မခံရပ်နိုင်ကြတော့ဘဲ ရုပ်ရှင်ပိတ်ကားအား တွေ့ရာခဲနှင့် ဖိနပ်တို့ဖြင့် ပစ်ပေါက်ကြသည် …”

(မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ရုပ်ရှင် အနုပညာရှင်များ)

Leave a comment

Filed under History, Myanmar, Research

မြန်မာနိုင်ငံရှိ CSO များ (စက်တင်ဘာ၊ ၂၀၁၇)

(Credit: Oxfam)

မြန်မာနိုင်ငံမှာ ရှိတဲ့ CSO များ စာရင်း (စက်တင်ဘာ၊ ၂၀၁၇) ဖြစ်ပါတယ်။ ဒါ ရှိသမျှ အကုန် ဟုတ်၊ မဟုတ် မသိပါ။ အဖွဲ့အမည်၊ ဒေသခံအဖွဲ့နဲ့ တည်ရာဒေသတွေ တွဲပေးထားပါတယ်။

၁ – နွေအရိပ်စာကြည့်တိုက်
၂ – သွေးချင်းသစ္စာအဖွဲ့
၃ – လောကအလင်း
၎ – ရွှေနှလုံးသားအဖွဲ့ (သာစည်)
၅ – ရွှေခြသေ့င်္ တောင်သူကွန်ရက် (ရွှေဘိုခရိုင်)
၆ – ရွှေခြသေ့င်္ လူမှုစောင့်ရှောက်ရေးအဖွဲ့ (ရွှေဘို)
၇ – မြေယာအရေးလှုပ်ရှားသူများ အင်အားစု (စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း)
၈ – မေတ္တာဖွံဖြိုးရေး ဖောင်ဒေးရှင်း (Metta Development Foundation)
၉ – ဗေဒါ လူမှုဖွံဖြိုးရေးအဖွဲ့
၁၀ – ပေါင်းကူး (ရန်ကုန်)
၁၁ – ပေါက်တိုင်းချောင်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
၁၂ – တောင်သူလယ်သမား သမဂ္ဂ (မြိတ်မြို့နယ်)
၁၃ – တောင်သူလယ်သမား သမဂ္ဂ (ထားဝယ်ခရိုင်)
၁၄ – တောင်သူလယ်သမား သမဂ္ဂ (ကော့သောင်းမြို့နယ်)
၁၅ – အမျိုးသမီးများ သမဂ္ဂ (မြိတ်)

Continue reading

Leave a comment

Filed under Myanmar, Politics, Poverty

Dr Hla Myint (1920-2017)


ကျောင်းတက်နေတုန်းက စာအုပ်တွေ မွှေရင်း လန်ဒန် စီးပွားရေး တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ လှမြင့် ဆိုတဲ့အမည် သွားတွေ့တော့ သူ့အကြောင်း လိုက်ရှာကြည့်ဖူးတယ်။

အတ္ထုပ္ပတ္တိ အချက်အလက် သိပ်ရှာမတွေ့ဘူး … ရသလောက် စာ ၂ ကြောင်းနဲ့ သူ့စာအုပ်စာရင်းကို ၂၀၁၀ မှာ မြန်မာဝီကီပီဒီးယား ပေါ်မှာ ရေးတင်ပေးခဲ့ပါတယ်။

မနေ့ညက ဆရာကြီး ဒေါက်တာ လှမြင့် ကွယ်လွန်သွားပါပြီ။ ခနနေရင် မြန်မာ ဝီကီမှာ ကွယ်လွန်သွားကြောင့် ဝမ်းနည်းစွာ ထပ်ဖြည့် လိုက်ပါမယ်။

Continue reading

Leave a comment

Filed under Economics, Myanmar, Wikipedia

Protected: Village: Object of Development or Source of Culture?

This content is password protected. To view it please enter your password below:

Enter your password to view comments.

Filed under Burma, Comparative Studies, Development, Essay, Myanmar