War and Peace – Book Cover Illustrations

လီယို တော်လ်စတွိုင်းရဲ့ ကမ္ဘာကျော် ဂန္ထဝင် ဝတ္ထုကို ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး ဝတ္ထု ၁၂ တွဲရဲ့ အဖုံးနဲ့ ရေခံ ပန်းချီ (အတွင်းဖုံးပန်းချီ) တွေပါ။ အတွဲ ၁၀ ရဲ့ ဝတ္ထုအဖုံးက ကာလာနဲ့မရှိ၊ မိတ္တု ဖြစ်နေပါတယ်။ အတွဲ ၁၁ နဲ့ ၁၂ က အဖုံးတွေမပါ၊ မိတ္တူကို ချုပ်ထားတာမို့ ဒီမှာ မဖော်ပြနိုင်ဘူး ဖြစ်နေပါတယ်။ ရှိသူများ ရိုက်တင်ပေးရင် ကောင်းမှာပါပဲ။

ရုံးကစာကြည့်တိုက်ထဲမှာ အတွဲစုံတွေ့လို့ အသက် ၃၀ ကျော်မှ ဒီဝတ္ထုကြီးကို စဖတ်ဖူးတော့တယ်။ တထိုင်တည်း ဖတ်ဖို့က အခြေအနေ မပေးတာနဲ့ ၂၀၁၀ မှာ ရုံးသွားရုံးပြန် ကားပေါ်မှာ ဖတ်လိုက်၊ အိမ်သာထဲ ဝင်ရင် ဖတ်လိုက်၊ ဟိုနားအားရင် ဖတ်၊ ဒီနားအားရင် ဖတ်နဲ့ ၉ လလောက်ကြာတော့ ပြီးသွားပါတယ်။

ကြိုက်လွန်းလို့ ကောက်နုတ်ချက်တွေ ဘလော့ဂ်မှာ ရေးတင်မယ်ဆိုပြီး ရေးလိုက်တာ ဇွဲမရှိလို့ အတွဲ (၁) တင် ဆက်မတင်ဖြစ်တော့ဘူး။

မူရင်း War and Peace ကတော့ အင်္ဂလိပ်လို အခမဲ့ လျှပ်စာအုပ် (e-Book) ရှိနေပါပြီ။

တနေ့က ပန်းချီလောက အကြောင်း မိတ်ဆွေ ဂျာနယ်လစ်တွေနဲ့ စကားစပ်ရင်း စစ်နဲ့ ငြိမ်းချမ်းရေး ဘာသာပြန် ၁၂ တွဲအဖုံးကို ပန်းချီဆရာ ၁၂ ယောက် ဆွဲတယ်လို့ အယ်ဒီတာ တယောက်က ပြောတော့ သတိရတာနဲ့ စာအုပ်တွေ ပြန်ဆွဲထုတ်ပြီး ရှိတဲ့ ဖုန်းကင်မရာနဲ့ ရိုက်ဖြစ်အောင် ရိုက်ထားလိုက်တယ်။ ပန်းချီဆရာတွေ စာရင်းတင်နေတုန်း ရေခံပန်းချီ တွေ့ပြန်တာနဲ့ တခါ ရေခံပန်းချီတွေ ထပ်ရိုက်လိုက်တယ်။ အဖုံးရော ရေခံပန်းချီရော ရိုက်ရတာမှာ ဖုန်းနဲ့ ဖြစ်တဲ့ အပြင် အလင်းရောင် ကောင်းကောင်းမရှိ၊ စာအုပ်တွေက ပြန်ချုပ်ထားရတာမို့ လက်တဖက်ကကိုင်၊ တဖက်က ရိုက် လုပ်ထားရတော့ အချိုးတွေက မညီနိုင်ဖြစ်နေပါတယ် (ဒါကြောင့် ကွာလတီ သည်းခံပါ)။

မှတ်တမ်းလေး တင်ထားလိုက်တဲ့ သဘောပါ။ စာအုပ်အစုံလိုက် မတွေ့ဖူးသူများလည်း ကြည့်ရတာပေါ့။

သင်ကာ
(မတ်လ၊ ၂၀၁၃)

W+P 1
W+P S 1
အတွဲ (၁) အဖုံးပန်းချီ – ကိုဝင်းဖေ၊ အတွင်းပန်းချီ – မောင်စံတိုး

W+P 2
W+P S 2
အတွဲ (၂) အဖုံးပန်းချီ – ဦးမောင်စိန်၊ အတွင်းပန်းချီ – မောင်စံတိုး

W+P 3
W+P S 3
အတွဲ (၃) အဖုံးပန်းချီ – မောင်စံတိုး၊ အတွင်းပန်းချီ – ဦးအုန်းလွင်

W+P 4
W+P S 4
အတွဲ (၄) အဖုံးပန်းချီ – ဦးစန်းလွင်၊ အတွင်းပန်းချီ – တင်လှဝင်း

W+P 5
W+P S 5
အတွဲ (၅) အဖုံးပန်းချီ – တင်လှဝင်း၊ အတွင်းပန်းချီ – ကိုမျိုးညွန့်

W+P 6
W+P S 6
အတွဲ (၆) အဖုံးပန်းချီ / အတွင်းပန်းချီ – ပေါ်ဦးသက်

W+P 7
W+P S 7
အတွဲ (၇) အဖုံးပန်းချီ / အတွင်းပန်းချီ – ကိုမျိုးညွန့်

W+P 8
W+P S 8
အတွဲ (၈) အဖုံးပန်းချီ – ဦးသောင်းဟန်၊ အတွင်းပန်းချီ – ကိုမျိုးညွန့်

W+P 9
W+P S 9
အတွဲ (၉) အဖုံးပန်းချီ – ဦးအုန်းလွင်၊ အတွင်းပန်းချီ – ?

W+P 10
အတွဲ (၁၀) အဖုံးပန်းချီ – ညိုလှ (ကာလာနှင့် မရှိ)

W+P 11
အတွဲ (၁၁) မရှိ

W+P 12
အတွဲ (၁၂) မရှိ

Advertisements

Comments Off on War and Peace – Book Cover Illustrations

Filed under Art, Classic, Novel

Comments are closed.