Category Archives: Environment

ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး မြို့ ၁၀ မြို့

ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး မြို့ ၁၀ မြို့ …။

ဂုရုဂရမ် (အိန္ဒိယ)၊
ဂါဇီယာဘတ် (အိန္ဒိယ)၊
ဖိုင်ဆလာဘတ် (ပါကစ္စတန်)၊
ဖာရီဒါဘတ် (အိန္ဒိယ)၊
ဘီဝါဒီ (အိန္ဒိယ)၊
နော်အီဒါ (အိန္ဒိယ)၊
ပတ္တနား (အိန္ဒိယ)၊
ဟိုတန် (တရုတ်)၊
လက်ခနောင်း (အိန္ဒိယ)၊
လာဟိုး (ပါကစ္စတန်)

Leave a comment

Filed under Environment

ရာသီဥတု ဖောက်ပြန်မှုဒဏ် အခံရဆုံး ၁၀ နိုင်ငံ

ရာသီဥတု ဖောက်ပြန်မှုဒဏ် အခံရဆုံး ၁၀ နိုင်ငံ

Leave a comment

Filed under Environment, News

အကောင်းမြင် ၂၀၁၇

ကိုသင်ကာ

၂၀၁၇ ခုနှစ် နှစ်ချုပ်ကို အမျိုးမျိုး အများအပြား ရေးကြတာ တွေ့ရပါတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ အစွန်းရောက်တွေရဲ့ ဗုံးခွဲမှုတွေ၊ မတော်တဆမှုတွေအပြင် ဟောလိဝုဒ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတဲ့ ကိစ္စတွေအထိ စိတ်မသက်သာစရာတွေ ရက်စွဲစဉ်အလိုက် အများအပြားတွေ့ရပါတယ်။ အဲဒီလိုဖြစ်စဉ်တွေထဲကမှ အကောင်းဘက် အပြုသဘောဆောင်တဲ့ ကိစ္စတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးဆိုင်ရာ ၂၀၁၅ ခုနှစ် ပဲရစ် သဘောတူညီချက်

ပဲရစ် သဘောတူညီချက်မှာ ဆီးရီးယားနဲ့ နီကာရာဂွာတို့က လက်မှတ်ရေးထိုးလိုက်တာကြောင့် တစ်ကမ္ဘာလုံးမှာ နိုင်ငံတိုင်းက ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေးမှာ ပါဝင်လာပြီလို့ ဆိုနိုင်ပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့် တက်လာပြီးနောက် ပဲရစ် သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပေမယ့် စည်းမျဉ်း စည်းကမ်းအရ ၂၀၂၀ နိုဝင်ဘာ ၄ ရက်နေ့အထိ အပြီးအပိုင် ကျောခိုင်းလို့ မရသေးပါဘူး။ အကောင်းမြင်ရတဲ့ အကြောင်းကတော့ နောက်လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့မှာ ဖြစ်လို့ပါပဲ။
ကမ္ဘာ့ဘဏ်ကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေအတွက် ချေးငွေတွေကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာထားပါတယ်။

Continue reading

Leave a comment

Filed under Article, Ecology, Environment, Health, Poverty, Review

ရာသီဥတုအပူ၊ အနောက် မရှုနိုင်မကယ်နိုင်ရင် အရှေ့ ကူမလား

(ဓာတ်ပုံ – SCMP)

သင်ကာ

ဂျာမနီနိုင်ငံ၊ ဘွန်းမြို့မှာ ကျင်းပတဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲဟာ တကယ် အလုပ်ဖြစ်မယ့် ကိစ္စ နည်းနည်းလောက်နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။ နောက်နှစ် ဆွေးနွေးပွဲကို ပိုလန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဥရောပရှိ ဘယ်မြို့တွေမှာပဲ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ကျင်းပသည်ဖြစ်စေ တကယ်အဖြေက အနောက်က လာပါ့မလား။ အရှေ့ကရော မလာနိုင်ဘူးလား။ ရာသီဥတု ပြောင်းလဲမှု ရလဒ်ကို အနောက်နဲ့ အရှေ့ ဘယ်အခြမ်းမှာ ပိုပြီး ရင်ဆိုင်လာနေရသလဲ။

ရာသီဥတု ပြောင်းလဲမှုဟာ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးမှုကို ထည့်မတွက်တဲ့ စီးပွားရေး မိုဒယ်ရဲ့ ထင်မထားတဲ့ အကျိုးဆက် နမူနာ ဖြစ်ပါတယ်။ အိန္ဒူမြစ်ဝှမ်းလို အာရှဒေသ တချို့ဟာ ၂၁၀၀ ပြည့်နှစ်မှာ လူနေလို့ မရအောင် ပူလောင်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာ ရှိပါတယ်။

ကြီးမားတဲ့ ဆိပ်ကမ်းမြို့ကြီးတွေဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါပြီ။ ဘုံသယံဇာတတွေ ဖြစ်တဲ့ မြေ၊ ရေ၊ သစ်တောတွေဟာလည်း အလွန်အကျွံသုံးစွဲပြီး ဖြစ်နေပါပြီ။ ရာသီဥတု ပြောင်းလဲမှုဟာ စိုက်ပျိုးရေးကို ထိခိုက်စေပြီး သန်းရာချီတဲ့ ကမ္ဘာ့လူသားတွေအတွက် စားနပ်ရိက္ခာ ပြဿနာကို ဖြစ်စေမှာပါ။

Continue reading

Leave a comment

Filed under Article, Ecology, Economics, Environment

ရွှေတြိဂံနယ်မြေက တောရိုင်းတိရစ္ဆာန် တရားမဝင် ဈေးကွက်ကြီး


သင်ကာ

ရွှေတြိဂံ နယ်မြေလို့ ဆိုလိုက်ရင် လူတွေက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတဲ့ နယ်မြေလို့ တန်းမြင်လေ့ရှိတယ်။ ထိုင်း-မြန်မာ-လာအိုတို့ ဆုံချက်ဖြစ်တဲ့ ရွှေတြိဂံ နယ်မြေမှာ ကျား၊ ဆင်၊ ဝက်ဝံ၊ သင်းခွေချပ်တွေရဲ့ အစိတ်အပိုင်းတွေ အများဆုံး ရောင်းဝယ်ဖောက်ကားတဲ့ မှောင်ခိုဈေးကွက်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။

မျိုးသုဉ်းမယ့် အန္တရာယ် ကြုံနေတဲ့ ကြံ့၊ တောင်ဆိတ်၊ အောက်ချင်းငှက်၊ တောကျွဲ၊ ကျားသစ်နဲ့ လိပ်တွေကိုလည်း ပေါ်ပေါ်တင်တင် ရောင်းနေကြပြီး တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်ကြီး ရှိနေပါတယ်။

ဒါက တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်၊ ဈေးဆိုင်၊ စားသောက်ဆိုင်တွေမှာ TRAFFIC နဲ့ WWF က လေ့လာပြုစုထားတဲ့ စာရင်းကို အခြေခံပြီး ဖော်ပြတာ ဖြစ်ပါတယ်။ ရာဇဝတ်မှုမြောက်တဲ့ ဒီလို မှောင်ခိုဈေးကွက်တွေမှာ အာရှနဲ့ အာဖရိကတလွှားက မျိုးသုဉ်းမယ့် အန္တရာယ်ကြုံနေတဲ့ ရှားပါး တိရစ္တာန်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်က ခရီးသည်တွေ မိုင်းလားနဲ့ တာချီလတ်ကို လာကြတာ ဒီဈေးကွက်ကို အားပေးဖို့ ဖြစ်ပါတယ်။ လာအိုနိုင်ငံရှိ ရွှေတြိဂံ အထူး စီးပွားရေးဇုန်အထိ ခရီးသွားတွေ ရောက်လာကြပါတယ်။

Continue reading

Leave a comment

Filed under Article, Cross-Border Studies, Environment