Feb 1

အစီအစဉ် တခုအတွက် ကျနော် မနက် ၄ နာရီနိုးလေ့ရှိပေမယ့် အဲဒီနေ့က မနက် ၃ နာရီ နိုးလာတယ်။ သန့်စင်ခန်းထဲ ထိုင်ရင်း မနက်လုပ်ရမှာတွေအတွက် ဖုန်းဖွင့်တယ် … အင်တာနက်မရ။ ဖုန်းတွေလည်း ဆက်မရ။

အဲဒီ မတိုင်ခင် မနေ့ညက အစ်ကိုကြီး ရွှေအင်းသား ခင်မောင်ဝင်း တင်တာကို သွားနောက်မိသေးတယ် (အူးလေးကလည်း နောက်ပြီ) လို့။

နေပြည်တော်ကို လှမ်းမေးဖို့ ဖုန်းဆက်လည်း မရ။ နောက်မှ အဆက်အသွယ်ရတော့ ထနဇက ကျနော် ည ၁၂ ကတည်းက သိတယ်တဲ့။ ကြိုမပြောဘူး … တွေ့မှ ဆဲရဦးမယ်။

ကားလာကြိုတော့ အာဏာသိမ်းပြီနော် ဆိုတော့ ကားဆရာရော၊ ဗီဒီယို အယ်ဒီတာတွေ၊ ကွန်ထရိုး အခန်းက ညီလေးတွေကရော မယုံဘူး … ကျနော် နောက်တယ်ပဲ ထင်နေတာ။ ထင်ဆို ရွေးကောက်ပွဲမှာ ကြံ့ဖွတ် မနိုင်ရင် ဘာလုပ်မလဲ မေးတော့ အာဏာသိမ်းမှာလို့ပဲ နောက်ခဲ့တာကိုး။

ရုံးလည်းရောက်ရော ကွန်ထရိုးရွန်းက ညီလေးတွေက အစ်ကို လာကြည့်ဦးတဲ့ … TV လိုင်းတွေ အကုန် black ကျနေပြီတဲ့။

သတင်းစဉ်နေတဲ့ ဦးဝင်းနိုင်ကို ပြောတော့ သူကလည်း သေချာအောင် လိုက်ကြည့်တယ်။ အဲဒါနဲ့ လွှင့်နေကျ အစီအစဉ် ဖျက်ပြီး … အာဏာသိမ်းလိုက်ပါပြီလို့ ကြေညာ လိုက်ရတယ်။

အမှတ်ရအောင် ရေးထားတာပါ။

Leave a comment

Filed under Politics, Revolution, Spring Revolution

Leave a comment