တိတ်ဆိတ်နေ့

အောက်က ကုန်စုံဆိုင်လေးကလည်း ဖွင့်သည်လည်း မဟုတ်၊ မဖွင့်ဘူး မဟုတ်။ ဆိုင်မှာ ဘာမှတော့ ချိတ်မထားဘူး၊ သူတို့ အဖေကြီးတော့ ထိုင်နေတယ်။ (တခါက ဈေးဝယ်ရင်း ရူဘီ ဆေးလိပ်ဘူးတွေ့တော့ ဒါတွေ တင်နေတာလား … နောက်ဆို လာမဝယ်ဘူး ခြောက်ထားတော့ … လက်ကျန်လေး ရောင်းနေတာပါ … နောက် မတင်တော့ပါဘူးတဲ့။ အဲလိုနဲ့ ဖွင့်သည်လည်း မဟုတ်၊ မဖွင့်ဘူးလည်း မဟုတ် ဖြစ်နေရရှာတယ်)

အနောက်က အဲကွန်းပြင်ဆိုင်က ဝန်ထမ်းကလည်း အပြင်ထွက်ဖို့ စက်ဘီးလေး ထုတ်လာ၊ သူ့ဘော်ဒါက လှမ်းအော်တယ် … အပြင်မထွက်ရဘူးလေတဲ့။

နောက်လမ်းက မင်းသမီးရှုံးအောင် လှတဲ့ အပ်ချုပ်ဆိုင် ပိုင်ရှင်က အမကြီးကလည်း ဆိုင်တံခါးလေး သော့ဖွင့်ရင်း ပြောတယ်။ ဖွင့်တော့ မဖွင့်ချင်ဘူး … ပြဿနာ ရှာခံရမှာလည်း စိုးတယ်တဲ့။ တံခါးလေး တချပ် လှပ်ထားတယ်။ ဖွင့်သည်မဟုတ်၊ မဖွင့်သည်လည်း မဟုတ်။

အဲဒါတွေ ဘယ်လို သိလည်း မမေးနဲ့ … မိန်းမက အမှိုက်သွားပစ်ချေဆိုတော့ လှည့်လည် လေ့လာခဲ့တာ။

Leave a comment

Filed under Politics, Revolution, Spring Revolution

Leave a comment