1/Feb/2022

-ပဲပြုတ်၊ နံပြား၊ အီကြာကွေး၊ စမူဆာ၊ ကောက်ညှင်း ပြန်ပေါင်း ပူပူလေး (မနက်ဆို ကိုယ်က စောစော မထပေမယ့် အိပ်မရလို့ သောက်မြင့်ကပ်၊ ဒီနေ့တော့ စက်ဘီးနဲ့ အဲဒီ အဒေါ်ကြီးလည်း မလာ၊ အဲဒီတော့ ချစ်သွားတယ်)

-ဘုရားပန်းရမယ် … ဘုရားပန်း (အဲဒီအစ်ကိုကြီးလည်း မလာ)

-နွားနို့ စစ်စစ်ရမယ် … နွားနို့ (အဲဒီ အနဲလည်း မလာ)

-သဘာဝ အုန်းရည် စစ်စစ်လေး (အဲဒီ အုန်းစိမ်းရည်သည်လည်း မလာ၊ သဘာဝ အုန်းရည်ဆိုတော့ အတုများ ရှိသလား စဉ်းစားမိသေး)

-ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် အသီးအရွက်စုံ … ယူကြဦးမလားဟေ့ ဆိုပြီး တွန်းလှည်းနဲ့ ရောင်းတာ (TV တောင် လာရိုက်ကြတဲ့ အသက် ၇၀ ကျော် အမေကြီး အသီးအရွက် တွန်းလှည်းလည်း မလာ)

-သပြေပန်း … သပြေပန်း (သူလည်း မလာ)

-သာကူယိုင် ချိုချိုလေး (အဲဒီ အသည်လည်း မလာ)

-သရက်သီး သနပ်၊ သံပရာသီး သနပ်၊ ကုလားပဲဟင်း ၅၀၀ ဆိုတဲ့ ကုလားကြီးလည်း မလာ (တခါက အစ်ကို သေနတ်တွေ လျှောက်ရောင်းနေတာလား နောက်လိုက် တာ နောက်ဆို ကိုယ့်ကို စကားတောင် မပြောတော့ဘူး)

-လင်္ကာဒီပ ပဲမုန့် ဆိုပြီး ဆိုင်ကယ်နဲ့ အစ်ကိုကြီးလည်း မလာဘူး

-ဆံပင် အကျွတ်တွေ ဝယ်တယ်၊ ဆံပင်တွေ ဝယ်တယ်ဆိုတဲ့ အစ်မကြီးလည်း မလာဘူး

ကိုယ့်မှာ အမှိုက် မဖြစ်မနေ ထွက်ပစ်တာတောင် မျက်စောင်းထိုးခံရတယ်။

အဲလောက်ဆို ကြင်စိုး သဘောပေါက်သင့်ပြီ။ နားလည်း လည်မယ် မထင်ပါဘူး … 😃

Leave a comment

Filed under Personal

Leave a comment