ဖိနပ် ကုသိုလ်

myanmar-2134739__340xxx

လွန်ခဲ့တဲ့ နှစ်များစွာတုန်းကပါ …။

မြေနီကုန်းထိပ်မှာ ဖိနပ်ပြတ်လို့ဆိုပြီး ဖိနပ်ဖိုး အလှူခံခံနေရတဲ့ သင်္ကန်းဝတ်တပါးကို သတိထားမိကြောင်း ရုံးက ဘော်ဒါတယောက်နဲ့ စကားစပ်မိတယ်။ ကိုယ့်ရုံးနားဆိုတော့ အခေါက်ခေါက် ဖြတ်နေရတာမို့ သူ့ဆီလည်း အလှူခံဖူးတယ်၊ ကျနော့်ဆီလည်း အလှူခံဖူးတယ်ဆိုတာ ပေါ်လာတယ်။ ဒီကိုယ်တော်ကတော့ အတူတူပဲ၊ တပါးတည်းပဲ။ ပြောရရင် ဖိနပ်ပြတ်တယ်ဆိုပြီး ဖိနပ်ဖိုးကို လိမ်တောင်းနေတာပဲ။

တနေ့တော့ ရုံးမှာ ရုံးက ဘရားသားကြီးက ဖိနပ်ပြတ်နေတဲ့ ကိုယ်တော်ကို ဖိနပ်ဖိုးလှူခဲ့ရလို့ သူအတိုင်းမသိ ဝမ်းသာကြောင်း ကုသိုလ်မျှတယ်။ “မြေနီကုန်း ထိပ်ကလား” ဆိုတော့ “ဟုတ်တယ်” တဲ့။ ကိုယ့်ဘော်ဒါကို အသာလက်ကုတ်ပြီး မပြောဖို့ အချက်ပြလိုက်တယ်။ ကွယ်ရာကျတော့ သူလည်း အလိမ်ထိလာပြီးဆိုတော့ ရယ်မိကြပေမယ့် မပြောပြဖို့ သဘောတူလိုက်တယ်

ပြောလိုက်ရင် သူ့စိတ်သဏ္ဍန်မှာ ရှိပြီးသား ကုသိုလ်တွေ ပျက်ပြယ်မယ်၊ ပြီးတော့ ဒေါသဖြစ်ရင် အကုသိုလ်က အဆစ်ဖြစ်ဦးမယ်။ မပြောဘဲ နှုတ်ဆိတ်နေလိုက်တော့ သူ့ကုသိုလ် တကယ်ရတယ်ပဲ ခုထိ သူထင်နေတယ်။

Leave a comment

Filed under Blogging, Religion

Leave a comment