My Birthday … again

event

ဟိုတနေ့က မွေးနေ့ ကျော်လာတယ် …။ ဥပဒေသ အားဖြင့် တနှစ်ကြီးပြီ။ ဘယ်နှနှစ်လဲ မမေးနဲ့ … မှတ်မထားဘူး (လူလည်ကျခြင်း)။

ဆန်းစစ်နေကျအတိုင်း ဆန်းစစ်တယ် …။ ပြင်နိုင်တာတွေ ရှိသလို မပြင်နိုင်တာတွေ ကျန်နေတာ တွေ့ရတယ်။ ပြင်ရဦးမယ်။ စာရင်းထိုးကြည့်တော့ –

-အမျက်စောင်မာန် ကြီးနေတုန်းပဲ …။ ကိုယ်သဘောမတွေ့ရင် တိုက်ခိုက် ဖိချ နှိပ်ကွပ်လိုစိတ် ရှိနေတုန်းပဲ။
-ကိုယ်ဖတ်ထား လေ့လာထားတဲ့ စာ တထောင့်တထွာအပေါ် မာန်တက်ပြီး ဒင်္ဂါးပြားဆွဲထားတဲ့ ပုတ်သင်ပမာ၊ မြင်းထိန်းငတာ ပမာ ဖြစ်နေတုန်းပဲ။
-ကျန်းမာရေးကို ဂရုမစိုက်ဘဲ ပစ္စလက္ခတ်နေတုန်း …။ ဖြစ်သလို နေတုန်း။
-လုပ်စရာရှိတာ၊ ပြင်စရာရှိတာတွေ မပြင်ဘဲ … အလုပ်ကို အကြောင်းပြ အပျင်းကြီးနေတုန်း။
-မူးလာရင် အလွန်အကျွံတွေ ပြောတုန်း။ (အထူးသဖြင့်) ဖေ့စ်ဘုတ်မှာ ပြောချင်တာတွေပြော … မနက်ကျ မျက်နှာပူနေပြန်ခြင်း။
-အရွယ်တူ ငယ်သူတွေအပေါ် ငါ့လောက်မှ မတတ်လျှင် လူမထင်ဟူသော မပြည့်အိုး ဘောင်ဘင် ခတ်မိနေသေးခြင်း
-အရေးကြီးတဲ့ ရေးစရာ ဖတ်စရာတွေ ဘေးချချပြီး ရည်းစား လစ်လျှင် လစ်သလို ကောင်မလေး၊ ကောင်မလတ်၊ ကောင်မကြီးများနှင့် ဆက်လက်၍ အီနေခြင်း …။
-စာဖတ်ချိန်နည်းပြီး ဓာတ်ရှင်ကြည့်ချိန် များနေခြင်း …။

နောက်နှစ်များတွင် မရှိအောင် ပြင်ပါမည် ခင်ဗျား …
🙂

သင်ကာ

Advertisements

Leave a comment

Filed under Essay

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s