A tree with car number plate

A three with car number plate (Photo – mmthinker)

ကားနံပတ်နဲ့ သစ်ပင်

ချင်းမိုင်မြို့ ကျုံးတနေရာက ပရသူနမ်းအနီး၊ မီးသတ်ရှေ့က သစ်ပင်တပင်မှာ ကားနံပတ်တခုရှိတယ်။ သူ့ရာဇဝင်က ဒီလို။

ပြီးခဲ့မတ်လတုန်း ဇိမ်ခံကားတစီးက အရှိန်လွန်ပြီး ပလက်ဖောင်းပေါ်တက် အဲဒီသစ်ပင်ကို ဝင်ပွတ်ပြီး နောက်က မြင်ရတဲ့ ကျုံးထဲ ထိုးကျသွားတယ်။ ကျနော်ရောက်တဲ့အချိန်မှာ ကားကို ကရိန်းနဲ့ ကျုံးထဲက ဆွဲထုတ်နေချိန်။ ကားကို သံကြိုးပတ်ရတော့ နံပတ်ပြားက ပြုတ်ကျန်ခဲ့တယ်။

ရက်များစွာ ကားနံပတ်က အဲဒီမြက်ခင်းပေါ်မှာ ရှိနေတယ်။ ဘယ်သူမှလည်း မကောက်ဘူး။ မယူဘူး။ စည်ပင်ကလည်း မကောက်ဘူး။ ပြီးခဲ့တဲ့ ရက်တုန်းက အဲဒီကားနံပတ်ကို တစုံတယောက်က သစ်ပင်ပေါ်မှာ သံနဲ့ ရိုက်ထားလိုက်တယ်။ (မီးသတ်ကလူတွေလို့ ထင်တယ်။ မီးသတ်အဖွဲ့က ကျုံးရေတွေ ကားနဲ့ အဲဒီနေရာမှာ ရေစုပ်တင်လေ့ရှိတယ်)။

ဒီလိုနဲ့ ကားနံပတ်နဲ့ သစ်ပင် ဖြစ်သွားတယ်။

1 Comment

Filed under Photo

One response to “A tree with car number plate

  1. Ywasar Gyi

    Can’t you think better ?

Leave a reply to Ywasar Gyi Cancel reply