A Chaw Ko Tauk

အပြုံးများနဲ့ မြေလို့ သူတို့ဖာသာ နာမည်ပေးထားတဲ့ ထိုင်းကို စရောက်တာနဲ့ သတိထားမိကြမှာက ထိုင်းမှာ အခြောက် (Gay) ပေါများခြင်းပါပဲ။ ထိုင်းမှာက ၁၆ နှစ် ၁၇ နှစ်လောက်ဆို မိဘ လက်အောက်က လွတ်ကြပြီ။ သီးခြားနေကြပြီ။ ဒီတော့ မြန်မာမှာလို ထိန်းချုပ်မှုမရှိဘဲ ငယ်ငယ်က ခြောက်ချင်တဲ့သူဟာ ကြီးကောင်ဝင်စမှာ လုံးဝ ခြောက်တော့တာပါပဲ။

တစ်ခါတုန်းက ချင်းမိုင်မြို့ထဲက သာပယ်ဂိတ်နားမှာ ထိုင်နေတုန်း ထိုင်းရဟန်းပျိုတစ်ပါး လမ်းလျှောက်လာတာ သတိထားမိတယ်။ မျက်နှာမှာ မိတ်ကပ်ကို ပါးပါးလေး လိမ်းထားတော့ ဖြူနေတယ်။ ထိုင်းဘုန်းကြီးတွေ မျက်ခုံးမွှေးပါရိတ်ရပေမယ့် ဒီကိုယ်တော်က ခဲနဲ့ မျက်ခုံးမျှင်မျှင်လေးဆွဲထားတာ စင်ဒီကရောဖို့ဒ် မျက်ခုံးမျိုး။ သင်္ကန်းကိုလည်း ဝါနေလို့သာ သင်္ကန်းမှန်း သိရအောင် ပိရိပြားချပ် အထူးသဖြင့် ဘေးဘက်မှာ တင်များများပေါ်အောင် ဝတ်ထားပါတယ်။ သင်းပိုင်က ပါးလွန်းတော့ သူဝတ်ထားတဲ့ အတွင်းခံဘောင်းဘီ ဒီဇိုင်းတောင် မြင်နိုင်သေးတယ်။ အဆိုးဆုံးကတော့ သူဝတ်ထားတာ မိန်းမဝတ် အတွင်းခံဆိုတာကို ယောင်္ကျားလေးတွေတောင် မြင်တာနဲ့ သိပါတယ်။ အဲဒီ ကိုယ်တော်ခြောက်ကလည်း ဒါကိုပဲ အသားယူ စိတ်ကျေနပ်ဟန် တူပါတယ်။ လက်ဖျားလေးကော့ ဖင်ကလေး လှုပ်ပြီး လျှောက်သွားလိုက်တာ ကျုပ်မှာ ရယ်ချင်လိုက်တာ။ ဘေးနားက ထိုင်းတွေကတော့ ဖာသိဖာသာပဲ။


မနေ့က ထိုင်းတီဗီချယ်နယ် တစ်ခုမှာ ထိုင်းရဟန်းလောကနဲ့ အခြောက် (Gay) ပြဿနာကို အထူးသဖြင့် ချင်းမိုင် (ဇင်းမယ်) ကို မီးမောင်းထိုးပြီးပြသွားတယ်။ ဒီလို တင်ပြရဲတဲ့ ထိုင်းမီဒီယာကိုလည်း တော်တော် လေးစားပါတယ်။ ထိုင်းသတင်းထောက်က ‘အခြော်ကိုယ်တောက်’တွေ လှုပ်ရှားသွားပုံ၊ နွဲ့ပုံတွေကို ကြိုးစားပန်းစား ထောက်လှမ်းရိုက်ကူးထားပါတယ်။ (မျက်နှာပုံတွေတော့ ဝါးထားတာပေါ့။) ပြီးတော့ အင်တာနက်ပေါ်မှာ ရောက်လာတဲ့ ကိုယ်တော်တွေ မော်ဒယ်တွေလို တွန့်လိမ်ပြီး လက်ညှိုး နှစ်ချောင်းထောင်ပြီး ရိုက်ထားတာတွေ ပြပါတယ်။

အဆုံးသတ်ကိုတော့ မှုခင်းလေးတစ်ခုနဲ့ ချုပ်သွားပါတယ်။ ဓားထိုးမှုပါ။ လူတစ်ယောက် လက်ဖျံမှာ ဓားဒဏ်ရာ အမြှောင်းလိုက်သွေးရဲရဲနဲ့။ ဖြစ်ပုံက ဒီလူဟာ အရင်တုန်းက ‘အခြော်ကိုယ်တောက်’တစ်ယောက်ရဲ့ အချစ်တော် လင်ဖြစ်ပါတယ်တဲ့။ နောက်တော့ ဒီလူက ‘အခြော်ကိုယ်တောက်’ကိုထားခဲ့ပြီး နောက်ကောင်မလေးနဲ့ ကြိုက်နေလို့ ဓားနဲ့ထိုးပြီး အချစ် ​ဝေမစားတဲ့အထဲမှာ များတို့ ကတုံးလေးလည်း ပါတယ်လို့ သက်သေပြလိုက်ပါသတဲ့။

(မြန်မာပြည်မှာက ‘အခြော်ကိုယ်တောက်’ ပြဿနာ မရှိပါဘူး။ အဲ ဒါပေမယ့် ‘တက်ဘုန်းကြီး’ ပြဿနာရယ်၊ ‘ဘဒ္ဒန္တရုပ်ထစ်’ ပြဿနာကတော့ ရှိနေကြောင်း မြန်မာကျူးပစ်ဖိုရမ်မှ တဆင့် လေ့လာရပါကြောင်း။)

သင်ကာ

ဇန်နဝါရီ ၂၀၀၉

Leave a comment

Filed under Thailand

0 responses to “A Chaw Ko Tauk

  1. ဒီလို အဖြစ်မျိုးတွေလည်း ရှိတယ်လား။
    ဟန သာဆို တစ်ချိန်လုံး ရယ်နေတော့မှာပဲ။ နဂိုတည်းကမှ
    နည်းနည်းဆို များများ ရယ်ချင်နေတာနဲ့….
    😀

  2. sandar

    ဟုတ်တယ်နော်.. မြန်မာပြည်မှာ အခြောက်ကိုယ်တော်မရှိလို့တော်သေးတယ်။
    ဒီနေ့ ညီလင်းဆက်ရေးထားတာ အပြာကား ဒီဗီဒီဝယ်တဲ့ ကိုယ်တော် ၂ ပါးတွေ့လို့တဲ့….။ စိတ်ညစ်စရာပါပဲ…။

  3. mtj

    ဟုတ်ပ ကိုသင့်ရေ ကျွန်တော်လဲ တီဗီမှာ တွေ့မိတယ်။ သင်္ကန်းကို ပုံမှန်အတိုင်းမရုံပဲ ဂျပန်ကီမိုနိုလို ဝတ်ကြတယ်ဆိုလားပဲဗျ စိတ်ပျက်စရာ

  4. ဝိနည်းနှင့်ညီပါမလားရယ်လို့ တွေးမိတယ်။