သတင်းအေဂျင်စီ ၁၁ ခု (11 News Agencies)
ပုံနှိပ်လုပ်ငန်း ၃၃ ခု (33 Printing Houses)
သတင်းအေဂျင်စီ ၁၁ ခု (11 News Agencies)
ပုံနှိပ်လုပ်ငန်း ၃၃ ခု (33 Printing Houses)
Filed under Data, Journalism, Media
သွေးချင်းတို့မြေ ချင်းဌာနေသို့
မောင်သာ(ရှေးဟောင်းသုတေသန)၊ ဓာတ်ပုံ ဇေယျာထွန်း (Starling Travels)
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် တည်ရှိ သော ချင်းပြည်နယ်သည် တောင်စွယ်တောင်တန်း များ ထူထပ်လျက် ပြည်မနှင့် ဝေးလံသော ဒေသ တစ်ခုဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ကာ ဖွံ့ဖြိုးမှုနောက်ကျ ခဲ့သော်လည်း ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်စားသည့် နယ်မြေ တစ်ခုဖြစ်သည်။ ချင်းပြည်နယ်၏ တောင်စွယ် တောင်တန်းများ၊ ပါးရဲများထိုးထားသည့် ချင်း အမျိုးသမီးများ၊ တောင်ဇလပ်ပန်းများ၊ နွား နောက်များသည် ပြည်နယ်၏ အမှတ်လက္ခဏာ များအဖြစ် ထင်ရှားလျက်ရှိနေပေသည်။ ထို့ အတူ ချင်းပြည်နယ်ရှိ အသည်းနှလုံးပုံသဏ္ဍာန် ရိဒ်ရေကန်နှင့် နတ်မတောင်တို့သည် ခရီးသွား များ အထူးစိတ်ဝင်စားသောနေရာများ ဖြစ်ကြ သည်။
ချင်းပြည်နယ်၏ အေးမြသောရာသီဥတုနှင့် လှပသာယာသော သဘာဝရှုခင်းများကို ကိုယ် တွေ့မျက်မြင်သိရှိခံစားနိုင်ရန် ပြီးခဲ့သည့် သင်္ကြန် ရုံးပိတ်ရက်များအတွင်း ချင်းတောင်တန်းဒေသ သို့ သွားရောက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် မနုဿဗေဒပညာဌာနမှ မဟာဝိဇ္ဇာနှင့် ဒီပလိုမာ သင်တန်းသားများပါဝင်သည့် ချင်းတောင်တန်း လေ့လာရေး ခရီးသွားအဖွဲ့နှင့်အတူ ချင်းတောင် ဒေသသို့ လိုက်ပါခဲ့ရာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့မှ မြောက်ပိုင်း တီးတိန်မြို့အထိ ကားဖြင့် ခရီးကြမ်းနှင်ခဲ့ကြသည်။ ချင်းပြည်နယ် ကို ခရိုင်သုံးခု၊ မြို့နယ်ကိုးခုဖြင့် ဖွဲ့စည်းထားရာ ဟားခါးခရိုင်တွင် ဟားခါးနှင့် ထန်တလန်၊ မင်း တပ်ခရိုင်တွင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ဖလမ်းခရိုင်တွင် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့ ပါဝင်သည်။
ကန်ပက်လက်သို့
ကန်ပက်လက်သည် ဒေသအခေါ် ခေါ်နူးစုမ် ခေါ် ဝိတိုရိယတောင်ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများအကြား ထင်ရှားသည့် ခရီးသွား ဒေသတစ်ခုဖြစ်ကာ မြန်မာနိုင်ငံအနောက်ဘက် တွင် ဆိပ်ဖြူမြို့မှ ၇၅ မိုင်၊ ဆောမြို့မှ လေးမိုင် အကွာ၌တည်ရှိသည်။ ကန်ပက်လက်၏တည် နေရာ မြေပုံအညွှန်းသည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၂၅ မိနစ်နှင့် ၂၂ ဒီဂရီ ဝ၅ မိနစ် အကြားနှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃ဝ မိနစ်နှင့် ၉၂ ဒီဂရီ ၂ဝ မိနစ်အကြားဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၅၆ဝ အမြင့်တွင် တည် ရှိသည့် ကန်ပက်လက်မြို့နယ် ဧရိယာအတွင်း အမြင့်ဆုံးနေရာသည် ပေ ၁ဝ၂ဝဝ မြင့်သည့် ဝိတိုရိယတောင်ဖြစ်သည်။ ယင်းနေရာတွင် နတ်မ တောင်ဥယျာဉ်ဟု လူသိများသည့် ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ကို ထူထောင်ထားသဖြင့် နတ်မတောင်သို့ တက်ရောက်ရန် လာရောက်ကြ သူများဖြင့် စည်ကားနေလေ့ရှိသည်။
Filed under Anthropology, Chin, Ethnic Minority, Research
ဥာဏ်ကောင်းဆက် / ဓာတ်ပုံ-ဌေးအောင် / ကြေးမုံသတင်းစာ၊ ဧပြီ ၂၁၊ ၂၀၁၈
လှေကို လက်ဖြင့်မလှော်ဘဲ ခြေဖြင့်လှော် သည့် ယဉ်ကျေးမှုတစ်ရပ်ကြောင့် အင်းသား လူမျိုးစုများကို လူသိများကြသည်။ ထို့အတူ ¤င်းတို့နေထိုင်ရာဒေသရှိ အင်းလေးကန်နှင့် အင်းလေး ဖောင်တော်ဦးဘုရားများကြောင့် လည်းလူသိပိုများခြင်းဖြစ်သည်။ အင်းသား လူမျိုးစုအများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ပတ်ဝန်းကျင် တွင် အဓိကနေထိုင်ကြပြီး ရပ်စောက်၊ တောင်နီ၊ ဘီလူးချောင်းမှတစ်ဆင့် မိုးဗြဲ၊ ဖယ်ခုံ ဒေသများတွင်လည်း ပျံ့နှံ့နေထိုင်ကြောင်း သိရသည်။
သမိုင်းကြောင်း
ပါးစပ်ရာဇဝင်များအရ အင်းသားလူမျိုးစု များသည် ထားဝယ်အဆက်အနွှယ်များဖြစ်ပြီး အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာ မှ အင်းလေးဒေသသို့ ရောက်ရှိခဲ့ရာတွင် နောက်တော်ပါ ထားဝယ်သားအချို့ကို ဤဒေသ၌ နေရာချထားခဲ့ရာတွင် နန်းသဲ၊ ဟဲယာရွာမ၊ ရွာကြီးပန်းပုံနှင့် နန်းပန် နောင်တော ဟူသော ရွာလေးရွာကို စတင် တည်ထောင်နေရာချထားပေးခဲ့သည်။ ထိုမှ အင်းလေးရွာဟု ခေါ်တွင်ခဲ့ကြသည်။
Filed under Anthropology, Ethnic Minority, Research, Shan
ကယားလူမျိုးတို့၏ မိသားစုဖွဲ့စည်းပုံနှင့် ဆွေမျိုးတော်စပ်ပုံ
ရာမည/ကြေးမုံသတင်းစာ၊ ဧပြီ ၂၈၊ ၂၀၁၈
ကယားလူမျိုးတို့၏ လူမှုရေးအဖွဲ့အစည်း တွင် မိသားစုသည် အလွန်အရေးပါ အရာ ရောက်သည်ဟု ဆိုရမည်ဖြစ်သည်။ လူမှုရေး ကိစ္စများတွင် မိသားစုက ဝိုင်းဝန်းကူညီလုပ်ကိုင် ဆောင်ရွက်ကြလေ့ရှိသည်။ အိမ်ထောင်စု တစ်ခုတွင် မိသားစုတစ်စုတည်းနေကြသည်က များသည်။ လက်ထပ်ပြီး ဇနီးမောင်နှံတို့မှာ အိမ်ခွဲနေရန် အဆင်သင့်မရှိသေးလျှင် မိဘ များနှင့် တစ်နှစ်ခန့်အတူနေပြီးမှ အိုးသစ် အိမ်သစ်ထူထောင်၍ အိမ်ခွဲနေလေ့ရှိကြသည်။
မိဘများနှင့် အတူနေသည့်အခါတွင် စီးပွားရေးမှာ တပေါင်းတစည်း တစ်စီးပွား တည်းပင်ဖြစ်သည်။ မိသားစုတစ်ခုလုံး စုပေါင်းရှာဖွေကြပြီး စုပေါင်း၍ ချက်ပြုတ် စားသောက်ကြသည်။ မိဘများနှင့်အတူနေစဉ် ဦးစီးသူဖခင်က နာမကျန်းဖြစ်နေပါက ဖခင်၏အလုပ်ကို သားကြီးမရှိက သမီးကြီး၏ခင်ပွန်း သားသမက်က ဦးစီးလုပ်ကိုင်နိုင်သည်။ ဖခင် သည် အိမ်ထောင်ဦးစီးဖြစ်သည့်အပြင် သား သမီးများအပေါ်တွင် သြဇာလွှမ်းမိုးနိုင်သူဖြစ် သည်။ သြဇာအကြီးဆုံးဖြစ်သော ဖခင်ကို မိခင်နှင့်တကွ သားသမီးများက ချစ်ကြောက် ရိုသေမှု ရှိကြသည်။
သို့ရာတွင် ဖခင်ဖြစ်သူသည် သားရေး သမီးရေးကိစ္စများ၌ မိမိသဘောအတိုင်း ဆုံးဖြတ်ခြင်းမပြုမူဘဲ ¤င်းတို့၏မိခင်ဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးလေ့ရှိသည်။ အိမ်ထောင်ခွဲ သားသမီးတို့သည် မိဘနှင့်ခွဲခွာ၍ မိမိတို့အိမ် ဖြင့် သီးခြားနေထိုင်ကြသော်ငြား မိဘများကို အတူနေစဉ်ကကဲ့သို့ ရိုသေလေးစားမှုရှိကြပြီး
မိဘများကို အကူအညီပေးကြသည့်အပြင် စားကောင်းသောက်ဖွယ်များကိုလည်း မိဘ များထံသို့ ပို့ပေးလေ့ရှိကြသည်။
Filed under Anthropology, Ethnic Minority, Karenni, Kayah, Research
ရိုးရာမပျက် ဓနုခြေလက် ဓားသိုင်းကွက်
ဥာကောင်းဆက်၊ ဓာတ်ပုံ-ဌေးအောင်/ကြေးမုံသတင်းစာ၊ မေ ၅၊ ၂၀၁၈
တိုင်းရင်းသားလူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုအကများရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ဟိုခိုကျေးရွာမှ ဓနုတိုင်းရင်းသား များတွင်လည်း အကနှင့်သိုင်း တွဲဖက်တင်ဆက်သည့် အနုပညာတစ်ရပ်ရှိရာ ပွဲလမ်းသဘင်အခမ်းအနားများတွင် ကပြတင်ဆက်လေ့ရှိကြသည်။
”ဓနုရိုးရာသိုင်းနှင့် ဓနုအကဟာ ခွဲလို့မရအောင် ဒွန်တွဲနေပါတယ်၊ အကရဲ့ လှုပ်ရှားမှုတိုင်းက ကကြိုးတိုင်းဟာ သိုင်းပညာရဲ့ အခြေခံသဘောတရား တွေဖြစ်တဲ့ ခြေပူးတက်၊ ပူးခွဲ၊ ဆုတ်နှင့် လက်အမူအရာတွေကို အကနဲ့ ပေါင်းစပ်ပြီး တွေ့မြင်ကြရမှာဖြစ်ပါတယ်၊ နေ့ကြီးရက်ကြီး၊ အခါကြီးရက်ကြီး များမှာ ကပြဖျော်ဖြေလေ့ရှိပါတယ်”ဟု ဓနုတိုင်းရင်းသူတစ်ဦးက ပြောသည်။
Filed under Anthropology, Ethnic Minority, Research, Shan
ကယားလူမျိုးတို့၏ ကင်ပွန်းတပ်အမည်ပေးခြင်းနှင့်အမွေဆက်ခံခြင်း ဓလေ့ထုံးစံများ
ရာမည ၊ ဓာတ်ပုံ – ခွန်းဆက်နေ/ကြေးမုံသတင်းစာ၊ မေ ၅၊ ၂၀၁၈
ကင်ပွန်းတပ်အမည်ပေးခြင်း
ကယားကလေးငယ်များကို ပြုစုစောင့် ရှောက်သည့်အခါတွင်လည်း ရိုးရာဓလေ့ထုံးစံ အရ ထိန်းသိမ်းစောင့်ရှောက်ကြသည်။ မွေးကင်းစကလေးငယ်ကို အမည်ပေးသော အခါ နှီးကိုချိုး၍လည်းကောင်း၊ ကြက်ရိုး ထိုးကြည့်၍လည်းကောင်း အမည်ပေးလေ့ ရှိကြသည်။ ကလေးကိုအမည်ပေးပြီးနောက် မကြာခဏဖျားနာလျှင် သို့တည်းမဟုတ် စိတ်ကောက်၍ ငိုတတ်လျှင် အမည်သစ် တစ်ခုကို ထပ်မံပြောင်းလဲပေးလေ့ရှိကြသည်။ ထို့ကြောင့် အချို့သော ကယားကလေးငယ်များ တွင် အမည်နာမ လေး၊ ငါးမျိုးခန့်ရှိနေတတ် ကြသည်။
ကယားအမျိုးသမီးများ မီးထွက်ချိန်၌ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကလေး ကို အမည်ပေးရန်ရည်ရွယ်၍ ကြက်ကလေး သို့မဟုတ် ကြက်ငယ်တစ်ကောင်ကို ရိုးရာ ဓလေ့ထုံးစံအရ ကြက်ရိုးထိုးလေ့ရှိကြသည်။ ကယားဘာသာစကားဖြင့် ရှေးလော့ ခေါ် ကြက်သွေးချိုးရန်အတွက် ကြက်တစ်ကောင် ၏ လည်ပင်းသွေးကိုယူ၍ ကလေးမိခင်၏ နောက်ကျောနှင့် နဖူးတို့ကို သုတ်လိမ်းပေးရ ပြီး ယင်းကြက်၏အသားကို မီးနေသည် စားရန်အတွက် ထားရှိရသည်။ ရှေးရိုးအခေါ် ကင်ပွန်းရည်သဘောမျိုးအနေဖြင့် အသုံးပြု သော ကြက်သွေးကို ခွက်တစ်လုံးဖြင့် ခံယူ ထားရသည်။ များသောအားဖြင့် ¤င်းသွေးကို ဝါးခြမ်းခွက်ဖြင့် ထားလေ့ရှိကြသည်။
ဝါးချည်ကြိုးများတွင် ပုတီးလုံးတစ်လုံးစီ ထိပ်တွင်ချည်၍ ထိုကြိုးတစ်ချောင်းစီကို ကြက်သွေးခွက်ထဲတွင်နှစ်ထားပြီး မီးနေသည် လာမေးသူတို့၏လက်ကို ချည်ပေးလေ့ရှိကြ သည်။ မီးနေသည်လာမေးသူ ဧည့်သည်တို့ ကလည်း အပြန်တွင် အိမ်ရှင်၏ဝင်းထရံ တစ်နေရာ၌ ထိုကြိုးကိုပြန်ချိတ်ခဲ့ပြီး နှုတ်မှ လည်း အိမ်ရှင်တို့ ဘေးအန္တရာယ်ကင်းရှင်း ပါစေဟု ဆုတောင်းကြရသည်။
Filed under Anthropology, Ethnic Minority, Kayah, Research
ယင်းကျားတိုင်းရင်းသားလူမျိုးတို့၏ ပန်လူ့ဖိုင်း(ခေါ်)ရိုးရာမီးရှူးလွှတ်ပြိုင်ပွဲ
စိုင်းဇော်လတ်(လင်းခေး)/ကြေးမုံသတင်းစာ/မေ ၉
စာရေးသူသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပုတ်ပျံကျေးရွာတွင် မေ ၅ ရက်က ကျင်းပခဲ့သော ယင်းကျားတိုင်း ရင်းသားလူမျိုးတို့၏ ပန်လူ့ဖိုင်း(ခေါ်)ရိုးရာမီးရှူးလွှတ်ပြိုင်ပွဲသို့ သွားရောက်ခဲ့ရာ အဆိုပါ ယင်းကျားတိုင်းရင်းသားတို့၏ မီးရှူးလွှတ်တင်ပြိုင်ပွဲ အကြောင်း လေ့လာမှတ်သားမိခဲ့သမျှနှင့် ယင်းကျား၊ ယင်းနက်လူမျိုးစုတို့၏ အခြေခံသမိုင်း၊ လူမျိုးအကြောင်းတို့ကို ရေးသားဖော်ပြလိုက်ပါသည်။
ယင်းကျား၊ ယင်းနက် တိုင်းရင်းသားလူမျိုးစု တို့သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း၌ အများဆုံးနေထိုင်လျက်ရှိကြသည့် လူမျိုးစုတစ်စုဖြစ်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုများ အသီးသီးနေထိုင်လျက်ရှိကြသည့်အနက်ယင်းကျားနှင့် ယင်းနက်လူမျိုးများမှာ လူဦးရေနည်းပါးပြီး လူမျိုးစုပျောက်ကွယ်လုနီးပါးဖြစ်နေကြောင်း ဒေသခံရွာသူကြီး ဦးလုံးလွယ်(ပုတ်ပျံရွာသူကြီး) လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
“ကျွန်တော့်နာမည်က ဦးလုံးလွယ်လို့ ခေါ်ပါတယ်၊ ပုတ်ပျံရွာက ရွာလူကြီးဖြစ်ပါတယ်၊ ကျွန်တော်တို့ ယင်းကျား၊ ယင်းနက် လူမျိုးစုဟာ လူအနည်းစုဖြစ်ပါတယ်၊ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ရှားရှားပါးပါးတွေ့ မြင်ရခဲတဲ့ တိုင်းရင်းသားလူမျိုးစုတစ်စုလို့လည်း ဆိုရပါမယ်၊ ကျွန်တော်တို့ ယင်းကျား ယင်းနက် လူမျိုးတွေက ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင် ခရိုင် နမ့်စန်မြို့ရဲ့ အရှေ့တောင်ဘက် ကျေးရွာတွေမှာ ယင်းကျားလူမျိုးတွေ အများဆုံးနေထိုင်ကြပြီး မြို့ရဲ့ အနောက်မြောက်ဘက်ခြမ်းမှာတော့ ယင်းနက်လူမျိုးစုတွေ နေထိုင်လျက်ရှိကြပါ တယ်” ဟု ပြောသည်။
Filed under Anthropology, Ethnic Minority, Research, Shan