Tag Archives: Religion

“ဒေါက်တာ၊ ဒေါက်တား၊ ဒေါက်တက်စ် (၃)”

(၃) Degree Mill တွေက ရထားတဲ့ ဒေါက်တာ ဆရာတော်တွေနဲ့ အသိအမှတ်မပြုတဲ့ ကျောင်းတွေကနေ နည်းတမျိုးမျိုးနဲ့ ရလာတဲ့ ဒေါက်တာတွေ

ဒီ နံပါတ် (၃) အမျိုးအစား နှစ်ခုကို ကျနော် ဘဝင်မကျ ဖြစ်နေတာပါ။

စကားမစပ် ထည့်ပြောပါရစေဦး။ ဒဿနဘာသာရပ်ကလာပြီး ဗုဒ္ဓဝါဒအကြောင်းတွေ ရေးတဲ့ ဆရာကြီးတစ်ယောက် ဒေါက်တာဘွဲ့ကြီး တပ်လာတာနဲ့ ပတ်သက်လို့ ကျနော်တို့တတွေက ဒါ ရောင်းစားခံရတဲ့ ဘွဲ့ကြီးလို့ ပြီးခဲ့တဲ့ နှစ်တွေက ထောက်ပြ၊ အကြိတ်အနယ်တွေဖြစ်ပြီး သူ့ ဝက်ဘ်ဆိုက်တောင် ယာယီ ပိတ်သွားခဲ့တာ မှတ်မိပါတယ်။

အခုစာရေးနေရင်း ပြန်ရှာတော့ ဝက်ဘ်ဆိုက်ကတော့ လွှင့်တင်ထားပါတယ်။ အရင်က ကျောင်းအတု နာမည်ကို မထည့်တော့ဘဲ (ကိုယ်ရေးရာဇဝင် အကျဉ်းမှာလည်း ဖြုတ်ထား) Ph.D, London ဆိုပြီး ခပ်တည်တည် ဆက်တပ်ထားတာ တွေ့ရပါတယ်။

Continue reading

Advertisements

Leave a comment

Filed under Education, Religion

“ဒေါက်တာ၊ ဒေါက်တား၊ ဒေါက်တက်စ် (၂)”

(၂) ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရ ဆရာတော်တွေ

နောက်တစ်မျိုးခွဲရရင် ဂုဏ်ထူးဆောင်ဘွဲ့ ဆက်ကပ်ခံရတဲ့ ဆရာတော်တွေပါ။ ရန်ကုန်တက္ကသိုလ်၊ ထိုင်းရှိ တက္ကသိုလ်ကြီးတွေ၊ အသိအမှတ်ပြု ဗုဒ္ဓတက္ကသိုလ်တွေက ဆက်ကပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိတဲ့ ဆရာတော်တွေ ဖြစ်ပါတယ်။

ဒီနှစ်ထဲ ထူးထူးခြားခြား တစ်ခုသတိပြုမိတာက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) က ဆရာတော်ကြီး တစ်ပါးကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဆက်ကပ်တာပါ။ မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သဒ္ဓိယကို ဆက်ကပ်တာ ဖြစ်ပါတယ်။

Continue reading

Leave a comment

Filed under Education, Religion

“ဒေါက်တာ၊ ဒေါက်တား၊ ဒေါက်တက်စ် (၁)”

“ဒေါက်တာ၊ ဒေါက်တား၊ ဒေါက်တက်စ် (၁)”

အခု ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌ (ဒေါက်တာ) ဝင်းသိမ်းရဲ့ ဒေါက်တာဘွဲ့ဟာ သက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်းတွေက အသိအမှတ်မပြုတဲ့ ကျောင်းက စီးပွားဖြစ် ပေးထားတဲ့ ဘွဲ့ကြီးဆိုပြီး ပြောနေကြတာ တွေ့ရတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကတော့ သူအွန်လိုင်းက ရထားတဲ့ ဒေါက်တာဘွဲ့က အတုမှန်း မသိခဲ့ဘူးလို့ ဝန်ခံပြီး အင်္ဂလိပ်လို ရေးတဲ့ သတင်းတွေမှာ bogus doctor အတပ်ခံခဲ့ရကာ နောက်ဆုံး ရာထူးကပါ ထွက်သွားရတယ်။ တလောကလည်း မယ်ပိုး #Poe Phyu Thant က ထိပ်ဆုံးမှာ တွေ့မယ်ပြောပြောနေတဲ့လူ တပ်လိုက်၊ မတပ်လိုက် လုပ်နေတဲ့ ဒေါက်တာဘွဲ့ တကယ် အသိအမှတ်ပြုခံရတဲ့ တက္ကသိုလ်က ဟုတ်လို့လားလို့ မေးထားတာ ဖတ်လိုက်ရတယ်။

အခုပြောချင်တာက လူပုဂ္ဂိုလ် ဆိုင်ရာ မဟုတ်ပါဘူး။ သက်ကြီးဝါကြီး ဆရာတော်ကြီးတွေ အပါအဝင် ရဟန်းတော်တွေ ရနေတဲ့ “ဒေါက်တာ” ဘွဲ့တွေကို နည်းနည်း ပြောချင်ပါတယ်။

ကျနော် သိသလောက်ပဲ ဆွေးနွေးသွားပါမယ်။

Continue reading

Leave a comment

Filed under Education, Religion

လူသေလူဖြစ် အကြောင်းရင်း

Continue reading

Leave a comment

Filed under Article, Philosophy, Religion

စောင့်ရှောက်သင့်တဲ့ သာသနာ

စောင့်ရှောက်သင့်တဲ့ သာသနာ

လှအောင်

ဒီစကားတွေက မပြောချင်ပဲ ပြောရတဲ့ စကားတွေပါ။ ညနေက မိတ်ဆွေဟောင်းကြီး သင်ကာက ခေတ်သစ် တက်ဘုန်းကြီး ရေးလိုက်ရ လို့ကြုံးဝါးသေးတယ်။ အမှန်တော့ သူလဲလူထွက် ကိုယ်လဲလူထွက်။

ကိုယ့်သာသနာတော်မှာဖြစ်နေတာတွေကို တကယ်မရှု့ရက်တာပါ။ ကိုယ်ရဟန်းဝတ်တော့ ကိုယ့်အနုသာသနာ့ ဆရာက ပြောတယ် အမြင့်ကကျရင်နာတယ်ကွတဲ့။ မလုပ်နိုင်ရင် မလုပ်နဲ့။ လုပ်နိုင်မှလုပ်တဲ့။ ကိုယ်လုပ်နိုင်သလောက်လုပ်ခဲ့တယ်။ မလုပ်နိုင်မယ့်အချိန် မလုပ်ဘူး။

ဘုရားရှင်ကလည်း ရဟန်းတပါးအနေနဲ့ အပြစ်မဖြစ်ရလေအောင် သိက္ခာချနည်း အမျိုးမျိုးပေးထားလေရဲ့။ ခုနာမည်ကြီး နေတဲ့ MRTV ကိုယ်တော်ကိစ္စဟာ တကယ်တော့ ဒီသာသနာမှာ ဒီ့ထက်များလာရင်မကောင်းတော့ပါဘူး သာသနာရေးအနေနဲ့လဲ ဗဟိုဝန်ဆောင် ဆရာတော်များကို လျောက်ထားပြီး တစ်ခုခု အရေးထားသင့်ပါပြီ။

Continue reading

Leave a comment

Filed under Article, Religion

“အလေးဝန်ကြောင့်”

“အလေးဝန်ကြောင့်” တဲ့ … (သာယဉ် ဝန်ကြီးဌာန)

သူ့အလိုလို ပြိုကျတဲ့ ဘုရား အမှတ် ၁၀၆၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စိမ်းညက်ညီအစ်မဘုရား အနောက်တောင်ဘက်ရှိ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပြန်လည် ပြုပြင်ထားတဲ့ ဘုရားအမှတ် ၁၀၆၆ ပြိုကျမှု ဖြစ်ပွားပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကတော့ “အလေးဝန်ကြောင့်” ပြိုကျမှု ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Continue reading

Leave a comment

Filed under Religion

Ko Hla Aung: ပေ့ခ်ျ ဆိုတာ

ကိုလှအောင်ရေးပြီး ကျနော်ကို Tag ထားတဲ့ ဖေ့စ်ဘုတ်က ပို့စ်ကို ပြန်တင်ထားတာပါ။

National Geographic

တလောက မိတ်ဆွေတစ်ယောက် လင့်ရှဲလို့ ဖိုသူတော်ဆိုတဲ့ ပေ့ခ်ျတစ်ခု လာပေါ်တယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်ထားတဲ့ ပေ့ခ်ျလည်း မသိပေမယ့် ကိုယ်ပေ့ခ်ျကို လူသိများဖို့ လိုက်ခ် များများရဖို့ ထိရှလွယ်တဲ့ အကြောင်းအရာတွေကို သေချာမသိဘဲ မတင်သင့်ပါဘူး။ အထူးသဖြင့် ဘာသာရေး ကိစ္စတွေပေါ့။

ဖတ်မိလိုက်တာက ဘုရားရှင် ဘာကြောင်ဆံပင်ရှည်ထားရသလဲတဲ့။ ကျမ်းကိုးကျမ်းကား မပါဘဲ စာရေးဆရာတစ်ယောက် စကားကိုညွှန်းထားတယ်။ ဘုရားကပဲ တကယ်ဆံပင်ရှည်သလိုလို ရေးထားတယ်။ တကယ်တော့ ဘုရားလဲ ခေါင်းတုံး(ဂတုံး)ပါပဲ။

သုတ် သိလက္ခံ အန္ဗတ္ထသုတ်မှာ ဗေဒင်သုံးပုံ နှံ့စပ်တဲ့ ဆရာပေါက္ခရသာတိ ပုဏ္ဏားက တပည့်လုပ်သူ အန္ဗတ္ထလုလင်ကို လက္ခဏာပညာရပ်နဲ့ ဂေါတမ ဗုဒ္ဓဟာ ဘုရားစစ်ဟုတ်မဟုတ် သွားကြည့်ခိုင်းတယ်။ ကြံအင်လက္ခဏာ အရ ဘုရားရှင်ရဲ့ လက္ခဏာဟာ ဘုရားစင်စစ်ရဲ့ လက္ခဏာတော်ဆိုတာ သိတော့ ဘယ်လောက် သည်းခံနိုင်သလဲ သိရဖို့ ဆဲပါတော့တယ်။ အဲ့ဆဲတဲ့ထဲမှာ ဘုရားကို ဂတုံး ခွက်မဲကြီးဆွဲပြီး တောင်းစားသူ လို့ပါတယ်။

Continue reading

Leave a comment

Filed under Article, Religion, Research