Tag Archives: Persoanl

we … she … me

we … she … me

Dr. Martens’, White’s Boot & All Star

 

Leave a comment

Filed under Personal

Associate Professor Dr. Wah Wah New Oo

သူ တွဲဖက် ပါမောက္ခဖြစ်တာ ဘာမှ မလုပ်ဘဲ အိပ်နေရကောင်းလားဆို လာပြီး ခေါင်းခေါက်တော့ … ဖေ့စ်ဘုတ် တင်ပေးရသေးတာ …

Leave a comment

Filed under Personal

နမော်နမဲ့

ယုဇန ၅၀၀ ကားနဲ့ ပြန်လာတာ … ကိုယ်က ဂိတ်ဆုံးဆိုတော့ နောက်ဆုံးမှာ ဝင်ထိုင်တယ် … ရောက်ခါနီးတော့ အပေါက်ဝနား အရွှေ့ … တစ်ခုခုကို သွားတိုက်မိတယ် …။ မိုးတွေကရွာ … ရတဲ့အလင်းရောင်နဲ့ ကြည့်လိုက်တော့ ပိုက်ဆံအိတ် တစ်ခု …။ ကားသမား ပေးရမလား … ရဝတရုံး အပ်ရမလား … ရဲစခန်း သွားပေးရမလား … ကားသမားပေးတော့ သူကရော ကာယကံရှင်ဆီ ပေးပါ့မလား … အဲဒါနဲ့ အိမ်ပါလာ …။

ဖွင့်ကြည့်တော့ ဖုန်းတောင် တလုံးပါလာသေးတယ် … မအဲကို ပြောပြီး ပါလာတာတွေ စစ်၊ ဓာတ်ပုံရိုက် …။ ဖုန်းဆက်လာတော့ ဖုန်း ringtone က တော်တော်ကြီးကို တိုးတာ … ခေါ်ထားတာ ၇ ခါရှိပြီလို့ မအဲက ပြောတယ် … အသံက တိုးလွန်းတော့ မကြားဘူး …။ ကလေးမက နာမည်ကြီး ဟိုတယ်သစ်ကြီးရဲ့ ဝန်ထမ်းပဲ … မှတ်ပုံတင်တွေရော … ဘဏ်ကတ်တွေရော … ဒေါ်လာတွေရော ပါတယ် … ဥရောပ အကြွေစေ့လား ဘာလား အဲဒါတောင် ပါသေးတယ် …။

ဖုန်းဖြေပြီး ကာယကံရှင်ကိုယ်တိုင်လာခဲ့ပေါ့ … ရောက်လာတယ် ဆိုက်ဆိုက်မြိုက်မြိုက် …။ ကလေးမနဲ့အတူ ကောင်လေးတစ်ယောက်နဲ့ အစ်မကြီး တစ်ယောက်ပါတယ် …။ ရဝတရုံး သွားမလား … ဒီမှာပဲ ယူမလားဆိုတော့ … ဒီမှာပဲ ယူမယ်တဲ့ … မျက်နှာငယ်နဲ့ …။

စီစဉ်သူ မအဲက မဆိုင်သူ အပြင်မှာနေဆိုပြီး သံပန်းတံခါးကို သော့ခတ်လိုက်တယ် … တံခါးမကြီးတော့ ဖွင့်ထားတာပေါ့ …။ ကဲ … ကလေးမ နာမည်ရေး … ပါဝင်ပစ္စည်းရေး … နေ့စွဲတပ် … လက်မှတ်ထိုး …။ သူပြောတာ အကုန်မှန်တယ် … ကဲ ပစ္စည်းစစ်ပြီးယူ …။

ကိုယ်ကလည်း သူတို့ လှေကားအဆင်း လှမ်းအော်လိုက်သေးတယ် … နမော်နမဲ့ မနိုင်နဲ့ ကြားလား … ဆိုတော့ … ဟုတ်ကဲ့ တဲ့ …။

အလုပ်ကို ရှုပ်ရော … ည ၉ နာရီကျော် နေပြီ …။

Leave a comment

Filed under Personal

ကိုယ်တွေ့ ရဟန်းကောင်း (၃)

ကိုယ်တွေ့ ရဟန်းကောင်း (၃)

တခါတော့ ဦးဇင်နဲ့ ဆုံတော့ သူဥက္ကံက ပြောင်းတော့မယ် ဆိုတာ မိန့်တယ်။ ကျန်တာသယ်စရာ ဘာမှ မရှိပါဘူးတဲ့။ စာအုပ်တွေပဲတဲ့။ ကိုယ်တော်စာအုပ်တွေ တပည့်တော်ဆီ လာထားလေဆိုတော့ ကိုယ်တော်က မပွင့်ပြုံးပြီး ကိုလှအောင်က ဘယ်လောက်ထင်လို့လဲတဲ့။ ဦးဇင်းက ကျနော်ကို ကိုလှအောင်ပဲခေါ်တယ်။ သိဘူးလေဘုရား။ လော်လီကားတစ်စီး တိုက်စာလောက်ရှိတယ်တဲ့။ ကျနော်လဲ ထပ်မလျောက်တော့ဘူး။ ဥက္ကံက မော်လမြိုင်တောင်ပေါ်။

နောက်အဆက်အသွယ်ပြတ်သွားပြီး ဦးဇင်းဖုန်းတကောဝင်လာတယ်။ ကိုလှအောင်ရေ စာပို့ချဖို့မြေနေရာ ရပြီတဲ့။ ဘယ်မှာလဲဘုရားဆိုတော့ လှည်းကူဖက်မှာတဲ့။ အဆောက်အဦး မရှိသေးလို့ ကျောက်ကုန်းက မေဒီနီမှာ ခဏနေရသတဲ့။ ဒါနဲ့ ကိုယ်တော် ဒီဖုန်း ပြန်ဆက်လို့ရလားဘုရားဆိုတော့ မဆက်နဲ့တဲ့။ ပြောချင်မှ ဖွင့်တာတဲ့။ နောက် လှည်းကူး ဓမ္မခေတ်ကျောင်း ဆိုပြီး ပေ့ခ်ျတခုကလာလိုက်ခ် လုပ်ခိုင်း တော့ဝင်ကြည့်တော့ ကျနော့်ဦးဇင်း ဖြစ်နေတယ်။ ကိုယ်တော်က နည်းပညာပိုင်း ကျနော်တို့ထက် ရှေ့အများကြီးရောက်ပါတယ်။ မသုံးတာပဲရှိတာပါ။

တခါသား အဆက်အသွယ်ရတယ် လှည်းကူးမှာ စာချနေသတဲ့။ အဆောက် အဦးရှိပလားဘုရားဆိုတော့ သစ်ပင်ရိပ်ပေါ့တဲ့။ ဖုန်းကောဆိုတော့ အရင်ဖုန်းပဲတဲ့။ စာသင်ကိုယ်တော်တွေ ဆက်ချင်ရင်ဖွင့်ပေးတယ်။ ကိုယ်တိုင်ဆက်ချင်ရင်ဖွင့်တယ်။ ကျန်တဲ့ အချိန်တွေ ပိတ်ထားသတဲ့။ ဆက်သွယ်လို့မရပါ။ တရက်တော့ မောင်ဘုန်းနဲ့ နှစ်ယောက် သွားကြမလားလို့။ ခုခေတ်မှာ ရှားနေပြီ ဖြစ်တဲ့ ရဟန်းကောင်းတပါးပါ။

Leave a comment

Filed under Personal, Religion

ကောင်လေးတွေ သေချင်လို့လားတဲ့

ရွာသာကြီး ဘူတာနှင့် လေးထောင့်ကန် ဘူတာကြားတွင်း ချောင်းရိုးကလေးကို ဖြတ်သော ရထားသံလမ်း တံတားရှိ၏။

ကျောင်းပြေး သုံးယောက် ရိုးကျော်တံတား ပေါ်တက်၊ ရထားလာခါနီး သံလမ်းအောက်က … အုတ်ဘောင်ထဲ ဝင် … နားကို လက်နဲ့ပိတ်ပြီး ရထားကြီး ခေါင်းပေါ်က ဖြတ်သွားအောင် နေဖူးတယ် …။

ကြောက်စရာကြီး …။ ရထားကျော်သွားပေမယ့် အသံတွေက ဟိန်းနေတာ တော်တော်နဲ့ ခေါင်းမဖော်ရဲဘူး …။ ပြီးတော့လည်း ရယ်စရာကြီး ဖြစ်ပေါ့ …။ ရိုးဘေးက လယ်သမားကြီးက ကောင်လေးတွေ သေချင်လို့လားတဲ့ …။

အဲဒါ အဖွားနဲ့ အမေနဲ့ ခုထိ မသိဘူး …။

Leave a comment

Filed under Personal

ကိုယ်တွေ့ရဟန်းကောင်း (၂)

ကိုယ်တွေ့ရဟန်းကောင်း (၂)

တရက်သား ကိုယ်တော်က ကျနော်ဆီကြွလာတယ်။ စမ်းချောင်းမှာ သီတင်းသုံးတုန်းကပေါ့ ဘယ်လိုကြွလာ သလဲပေါ့။ ကုန်းကြောင်းတဲ့။ စမ်းချောင်းနဲ့ သင်္ကန်း ကျွန်းဆိုတာ နီးတဲ့ခရီးတော့မဟုတ်ဘူး။ ပြန်အကြွ ပိုက်ဆံငါးထောင်လှူတာ လက်မခံဘူး။ စာအုပ်ဖိုးပါဘုရား အရှင်ဘုရား အလိုရှိရာ စာအုပ်တပည့် တော်မသိလို့ပါဘုရား။ သင့်ရာ ကပ္ပိယ ကိုစွန့်ပြီး စာအုပ်ဝယ်ပါဘုရားလျှောက်မှ လက်ခံတယ်။နောက်အဆက်အသွယ် အတော်ကြာပြတ်သွားပြီး ပြန်အဆက်အသွယ်ရတော့ မော်လမြိုင်က တောင်ပေါ်မှာ နောက်ပါတပည့်တွေနဲ့ သီတင်းသုံးနေ သတဲ့။

ရန်ကုန်ကို ကိစ္စတခုနဲ့ဆင်းလာ ပြီးအပြန် အိမ်ကိုကြွလာသေးတယ်။ လက်ထဲ ကြွပ်ကြွပ်အိတ်လေး ကိုင်လို့။ အဲ့အိတ်ကို သားလေးကိုပေးတယ်။ သားစားဖို့တဲ့။ ပုဇွန်ခြောက် အစိတ်သား လောက်နဲ့ လဖက်အစုံရယ်ဒီမိတ်ထုပ်။ ကျနော်က အရှင်ဘုရား တောင်ပေါ်မှာ ဆင်းရဲပါတယ်ဘုရား ယူသွားပါဆိုတော့။ ဘုရားရှင်အဆုံးအမ အတိုင်းပဲ မိန့်တယ် ဒါတွေက သိုလှောင်ကောင်း တာမဟုတ်ဘူးတဲ့။ကိုယ်တော့်ကြွလာလို့ စွန့်တာ အဲ့လိုရဖူးပေမယ့် သူ့ကိုတခါမှ ဆွမ်းမလုပ်ကျွေးဖူးခဲ့ပါဘူး။

မောင်ဘုန်း တို့ဇနီးမောင်နှံကတော့ အာရုဏ်ဆွမ်း ကပ်ခဲ့ဖူးကြောင်း အမှတ်ရမိတယ်။ ကိုယ်တော်က ခရီးသွားရင် လွယ်အိတ် လေးတလုံးပဲ။ ဝန်နည်းအောင် အမြဲဂရုစိုက်ပါတယ်။ ခရီးသွားရင် အရည်သောက်တာလျော့တယ်။ အစာပျော့ကို နည်းနည်းပဲဘုန်းတယ် ပလိဗောဓကိုလျော့ချတယ်။ ဆက်ပါဦးမယ်။

Leave a comment

Filed under Personal, Religion