Tag Archives: Padaung

Karenni and Its Sub-Tribes

Someone asked me the represented name of Karenni and its sub-group,s their future constructed title of all ethnic groups and possible their common ethnic language. Following diagram is drawn according to the list from “Kayah” (ကယား), published by Burmese Socialist Program Party in 1967.

Those links at the end will provide you to understand about Karenni (Red Karen) and its various groups.

Ref: Commoditization of Culture and Tourism Development in an Ethnic Community: The Case Study of Long-Necked Kayan (Padaung) in Mae Hong Son Province, Thailand by mm thinker

See these Posts also:

List of Myanmar Ethnic Groups

Kayah or Karenni

Literature on Kayan

Ma Khin Minn Zaw’s Kayan Article

Kayan (Padaung)

2 Comments

Filed under Anthropology, Research

ကယန်း (ပဒေါင်)

ကိုမင်းမင်းရဲ့ ဘလော့ဂ်မှာ ပဒေါင်းတွေအကြောင်းကို ဘီဘီစီသတင်းတစ်ပုဒ်ကနေ ဘာသာပြန်ထားတာ ဖတ်ပြီး ဒီပို့စ်ကို ရေးဖြစ်ပါတယ်။

တကယ်က ကျနော် ကယန်း (ပဒေါင်) တွေ အကြောင်း ကျမ်းရေးဖို့ လေ့လာနေတာပါ။ ဒါပေမယ့် ကျနော့ ဘလော့ဂ်မှာ တစ်ခါမှ မဖော်ပြဖူးပါဘူး။ အရင်ဘလော့ဂ်တုန်းကတော့ Paper and Essay ဆိုပြီး ခေါင်းစဉ်တွေတော့ တင်ဖူးပါတယ်။ ကယန်း (ပဒေါင်) အတွက် ဘလော့ဂ် သတ်သတ်လုပ်ချင်လို့ မဖော်ပြဖြစ်တာလည်းပါပြီး၊ ဒီအကြောင်းတွေကို ကျောင်းစာသက်သက် လေ့လာဖို့ အာရုံစူးစိုက်တာမို့ မတင်ဖြစ်တာလည်း ပါပါတယ်။

ကိုမင်းမင်းဘလော့ဂ်ကို ဖတ်ပြီး ဘလော်ဂါအပေါင်းအသင်းတွေဆီက မှတ်ချက်တောင်းရင် ကောင်းမယ်လို့ စဉ်းစားမိပါတယ်။ တိုင်းရင်းသား ပဒေါင်များရှိရာသို့ ရောက်ဖူးသူဖြစ်စေ၊ တွေ့ဖူးသူဖြစ်စေ အတွေ့အကြုံ၊ အမြင်လေးတွေ ရေးခဲ့ကြရင် ကျနော့ စာတမ်းမှာ အသုံးဝင်မယ်လို့ ယုံကြည်မိပါတယ်။

နောက်တစ်ခု ပြောချင်တာက အင်တာနက်မှာ ဘလော့ဂ်တွေ အပေါ်လိုက်ရှာလိုက်တဲ့အခါ ကိုယ့်မြေကထွက်ခွာပြီး သူတပါးမြေမှာ ခေါင်းပုံဖြတ်ခံနေရတဲ့ တိုင်းရင်းသားပဒေါင်တွေအကြောင်း Awareness ရှိသူ မတွေ့ရသလောက်ဖြစ်ပြီး နိုင်ငံခြားသားတွေရဲ့ ဘလော့ဂ်တွေမှာတော့ အများကြီး ပြောဆို ဆွေးနွေး၊ ကန့်ကွက်ကြတာကို ဘာသာစကားမျိုးစုံနဲ့ တွေ့ရတာပါပဲ။

ပဒေါင်တွေ အကြောင်း ရေးသားထားတဲ့ စာအုပ်စာတမ်းတွေ မရှိသလောက်ပါပဲ။ မြန်မာပြည်မှာ ၂၀၀၅ တုန်းက တက္ကသိုလ်ဆရာမတစ်ဦးဖြစ်တဲ့ သျှင်ထွေးယဉ်ရဲ့ “ကယန်း (ပဒေါင်)”ဆိုတဲ့ စာအုပ်တစ်အုပ် စာပေဗိမာန်ကနေ ထွက်ဖူးပါတယ်။ ကယန်းစာရေးဆရာဖြစ်တဲ့ ပါစကယ် ခူးသွေးရဲ့ From the Land of Green Ghosts: Burmese Odyssey ဆိုတာကတော့ ကိုယ်ရေးမှတ်တမ်းဖြစ်ပြီး ၂၀၀၂ မှာ အင်္ဂလန်ကနေ ထုတ်ဝေပါတယ်။ စာအုပ်အဖြစ်ထွက်မလာတာကတော့ The Narratives, Beliefs and Customs of the Kayan People ဖြစ်ပါတယ်။

Continue reading

7 Comments

Filed under Anthropology, Experience, Knowledge, Research