Tag Archives: Globalization

Boiling Point

This article was published in Sabae Phyu Magazine in February 2006. K Chit Maung is one of my pen names. I sarr-chack (ဆားချက်) this article to post during United Nations Climate Change Conference in Copenhagen. Enjoy it.

Page (1)

Continue reading

Advertisements

5 Comments

Filed under Article, Environment, Globalization

Globalization: Trace Back from 14 Century

ဂလိုဘယ်လိုက်ဇေးရှင်းကို ၁၄ ရာစုမှစ၍ ပြန်ကောက်ကြည့်ခြင်း

သင်ကာ

ဂလိုဘယ်လိုက်ဇေးရှင်းကို မြန်မာစာဖတ်ပရိသတ်တွေအတွက် အတော်ပဲ မိတ်ဆက်ခဲ့ကြပါပြီ။ အခုစာစုမှာတော့ ၁၄ ရာစုအထိပြန်ခြေရာကောက်ပြီး ခေတ်တစ်ပိုင်းဆီရဲ့ ထင်ရှားတဲ့ ဝိသေသတွေနဲ့ အဆက်အစပ်ကို ပုံဖော်ကြည့်ပါမည်။ လူ့သမိုင်း၏ အဆင့်ဆင့် ရွေ့လျားလာမှု၊ အထူးသဖြင့် မြန်ဆန်ရှုပ်ထွေးလာမှုကို အကြမ်းဖျဉ်း နားလည်အောင် ကြိုးစားကြည့်ရန်ဖြစ်ပါသည်။

ဂလိုဘယ်လိုက်ဇေးရှင်းသည် ဘယ်ကတည်းက အရှိန်ရလာနေသနည်း။ ဂလိုဘယ်လိုက်ဇေးရှင်းကို ကာလ (Time) နဲ့ ဒေသ (Place) ကိုတည်ပြီး လေ့လာကြမယ်ဆိုရင်တော့ ဂလိုဘယ်လိုက်ဇေးရှင်းဟာ နေရာတိုင်းမှာ တချိန်တည်း တချိုးတစားတည်း ဖြစ်ခဲ့တာ မဟုတ်တာကို သိထားရပါမည်။ များသောအားဖြင့် အရှိန်ရမှုကို ဆွေးနွေးကြသည့်အခါ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ခေတ်မီဆန်းသစ်လာမှု အဆက်အစပ်ကိုပဲ ပြောနေကြတာများသည်။ စောဒကတက်မှုတွေဟာ ရုပ်ဝတ္ထုတွေရဲ့ ဖြစ်စဉ် ဖြစ်နေခဲ့ပြီး ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ခေတ်မီဆန်းသစ်မှု (Modernity) ဘယ်ဟာ အရင်ကျသလဲ ဆိုတာလောက်ပါပဲ။ ဝါတားစ် (Waters) က ဖြစ်ခြေသုံးမျိုး မြင်ပါသည်တဲ့။ ပထမတစ်ခုက ဂဘယ်လိုက်ဇေးရှင်းဟာ သမိုင်းဦးအစမှာပဲ လမ်းကြောင်းစနေပြီ။ ဒုတိယတစ်ခုကတော့ အဲဒီအကျိုးဆက်ဟာ အဲဒီကာလကတည်းက အကျိုးသက်ရောက်မှု စပြီးတန်ခိုးပြနေပါပြီဆိုတာပါ။ နောက်ဆုံးအချက်ကတော့ ဒါပေမယ့် မကြာခင်ကမှ ရုတ်တရက် အရှိန်မြင့်တက်သွားတာဖြစ်ပါတယ်တဲ့။

ရောဘတ်ဆန် (Robertson) ကတော့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို ၁၄ ရာစုအထိ ပြန်ကောက်ပြီး ကျယ်ပြန့်တဲ့ မက်ခရိုအမြင်နဲ့ ကဏ္ဌငါးခုခွဲ တင်ပြပါတယ်။ ကျွန်ုပ်တို့ခေတ်မှာ ရိုက်ခေတ်လာတဲ့ ကမ္ဘာ့ရေးရာနဲ့ ကမ္ဘာ့အစီအစဉ်တွေကို ဆက်စပ်ဖြစ်ပေါ်စေခဲ့တဲ့ အဓိက လားရာကြီးတွေကို ပြန်ကောက်ဖို့ကြိုးစားတာလို့ ရောဘတ်ဆန်က ဆိုပါတယ်။ အခုဆက်လက်ဖော်ပြမယ့် အဆင့်တွေမှာတော့ “မီဒီယာနှင့် ဂလိုဘယ်လိုက်ဇေးရှင်း”စာအုပ်ရေးသူ တာဟီ ရန်တာနင် (Terhi Rantanen) က “ဒေါမနဿများတဲ့ခေတ်ကြီး (the Era of Antagonism)”လို့ သူ သမုတ်ထားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ မကြာသေးမီက ဖြစ်စဉ်တချို့ကို ထပ်ပေါင်းပြီး ချဲ့လိုက်ပါတယ်။

ရောဘတ်ဆန်က ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ဝိဝါဒဖြစ်စရာတွေတွေကိုလည်း ထောက်ပြခဲ့ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဟာ ကောင်းတယ်လည်း မဟုတ်၊ ဆိုးတယ်လည်း မဟုတ်ဘူး။ ဒါပေမယ့် လက်တွဲပြီး ရင်ဘောင်တန်းသွားသို့မရသလို ရှေ့နောက်ဆင့်ပြီး လိုက်လာမှာလည်း မဟုတ်တဲ့ ပဋိပက္ခနဲ့ ဖျက်ဆီးပစ်နိုင်မှုရှိတဲ့ သဘောတွေ ပါနေတယ်လို့ဆိုပါတယ်။

Continue reading

2 Comments

Filed under Article, Globalization

Hot, Flat and Crowded – 2

ပူပြင်း၊ ပြားချပ်၊ ကျပ်ညပ်သော – အပိုင်း ()

ဘုန်းဝေညွန့်လူ

Hot, Flat and Crowded

စာအုပ်၏ ကျောရိုးအဆိုပြုချက်က အလွန်ရှင်းသည်။ အမေရိကတွင် ပြဿနာပေါ်နေသည်။ ကမ္ဘာကြီးတွင်လည်း ပြဿနာနှင့် မကြာသေးမီနှစ်များအတွင်း လမ်းပျောက်နေခဲ့ခြင်းက အမေရိက၏ပြဿနာ။ လမ်းပျောက်ရခြင်း အကြောင်းက /၁၁ ကြောင့်ပါသလို၊လွန်ခဲ့သော အနှစ်သုံးဆယ်အတွင်း ကျွန်တော်တို့ မွေးမြူခဲ့သည့် အကျင့်ဆိုးများကလည်း တရားခံ။ စိန်ခေါ်မှုကြီးများကို ရင်ဆိုင်နိုင်မည့်ကျွန်တော်တို့လူ့အဖွဲ့အစည်း၏ အရည်အသွေးနှင့် စိတ်အားထက်သန်မှုကို အားနည်းယုတ်လျော့စေခဲ့သည့် အကျင့်ဆိုးများ။

ကမ္ဘာကြီးတွင်လည်း ပြဿနာရှိနေသည်။ ယင်းသည် `ပူပြင်း၊ ပြားချပ် ကျပ်ညပ်´ လာခြင်းဖြစ်သည်။ ယင်းသည် ကမ္ဘာကြီး ပူနွေးလာမှု Global Warming ပင်ဖြစ်သည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် လူလတ်တန်းစားများ အံ့ဘနန်း မြင့်တက်လာမှုနှင့် လူဦးရေမြန်မြန်ဆန်ဆန် တိုးပွားမှုတို့ ပေါင်းစည်းမိပြီး ကျွန်တော်တို့၏ကမ္ဘာမြေကို မတည် မငြိမ်ဖြစ်အောင် ကြောက်မက်ဖွယ်လုပ်ဆောင်နေသည့် ကမ္ဘာကြီး ပူနွေးလာမှု။ ပူပြင်း၊ ပြားချပ်၊ကျပ်ညပ်တို့ ပေါင်းစည်းမိခြင်းသည် စွမ်းအင်ရင်းမြစ်များ၏လည်မျိုကိုညှစ်၊ အပင်နှင့် တိရစ္ဆာန်တို့ မျိုးသုဉ်းပျောက်ကွယ်မှုတို့ကိုပြင်းထန်စေ၊ စွမ်းအင်ဆင်းရဲတွင်းကို နက်သထက်နက်စေ၊ ရေနံအာဏာရှင်စနစ်ကို ခိုင်မာစေ၊ ရာသီဥတု ပြောင်းလဲမှုကို အရှိန်မြှင့်တင်စေသည်။ ထိုသို့ ရောယှက်စီးဆင်းနေသည့် ဂလိုဘယ်ရေစီးကြောင်းများကို ကျွန်တော်တို့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းက နှစ်ဆယ့်တစ်ရာစု ကမ္ဘာရှိ လူနေမှုဘဝသုခကို အဆုံးအဖြတ်ပေးသွားပေလိမ့်မည်။

Continue reading

Leave a comment

Filed under Book, Globalization, Translation

Hot, Flat and Crowded -1

Leave a comment

Filed under Book, Translation

Protected: Globalization: A Road to Third World Development?

This content is password protected. To view it please enter your password below:

Enter your password to view comments.

Filed under Comparative Studies, Essay, Globalization