Tag Archives: Blogging

NPL

နေဘုန်းလတ် PEN ကပေးတဲ့ ရွှေကလောင်ဆုရတော့ သတင်းရေးဖို့ မှတ်ချက်တွေ တောင်းခဲ့တယ်။ တချို့က မပေးတာလည်း ရှိတယ်။ တချို့ကပေးပေမယ့် နောက်ကျနေတယ်။ သတင်းကတော့ အချိန်နဲ့ အမီဆိုတော့ ရသလောက်နဲ့ ပေးလိုက်တယ်။ ကျန်ခဲ့တဲ့ မှတ်ချက်တွေကို ဒီမှာ စုပြီး တင်ပေးလိုက်ပါတယ်။

ထောင်ဒဏ် ၁၂ နှစ် ချခံထားရသော အသက် ၂၉ နှစ် အရွယ်ရှိ ကိုနေဘုန်းလတ် (ခေါ်) ကိုနေမျိုးကျော်ကို လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် အတွက် ကြိုးပမ်းခဲ့ သောကြောင့်၂၀၁၀ ရွှေကလောင်ဆု (2010 PEN/Barbara Goldsmith Freedom to Write Award) ကို ပေးအပ်ခြင်း ဖြစ်ကြောင်း အမေရိကန် အခြေစိုက် PEN American Center ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ (from Irrawaddy)

Continue reading

Leave a comment

Filed under Blogging, News, Politics

MM Blog Academy Award 2009

People Media Voice မှ သတင်း Click Here

Registration and Vote Click Here

Leave a comment

Filed under Announcement, Blogging

2009 Review by Myself

၂၀၀၉ ကိုယ့်ဖာသာ ဆန်းစစ်ချက်

မပြီးနိုင် မစီးနိုင် ပေရှည်နေသော ဘွဲ့လွန် သီးဇစ် ပြီးသွားသည်။ မပြီးခြင်းအတွက် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်ဆိုင်ကလုန်းနှင့် ကျမ်းကြပ်ဆရာကြီးအလုပ်များမှုကို အကြောင်းပြပါသည်။ ပြသည့်အတိုင်းလည်း မှန်ပါသည်။ (ကိုယ့်ဖာသာ မှန်တာ)

ဝီကီပီဒီးယား နှစ်ခုနှင့်စပ်လျဉ်း၍ အလုပ်အတော် လုပ်ဖြစ်သည်။ ရှိသင့်ရှိထိုက်တာ တစ်ခုအတွက် အတတ်နိုင်ဆုံး ကိုယ်လုပ်ပေးနေရတာကို ဂုဏ်ယူသည်၊ အားလည်းရသည်၊ ကုသိုလ်ဆိုတာ ဘုရားသွား ကျောင်းတက်မှ ရတာမဟုတ်ပါ။ မြန်မာအွန်လိုင်းစွယ်စုံကျမ်းမှာ ဝီကီသူကြီးအဖြစ် ဝင်ပါခဲ့ပြီး၊ မြန်မာအတွက် တရားဝင် ဝီကီပီဒီယား လိုကယ် အက်ဒမင်အဖြစ် မကြာခင်က ဝင်ရောက်ကူညီခွင့်ရပါသည်။ အချိန်ကုန် ငွေပွန်းဟု မကောင်းမြင်ကြသည့်တိုင် အင်မတန် အကျိုးကျေးဇူးများသော အလုပ်ဖြစ်၍ ဂုဏ်ယူလှပါသည်။

Continue reading

9 Comments

Filed under Announcement, Blogging

Why WordPress !!

why WPwhy WP2why WP3why WP4

9 Comments

Filed under Blogging, Wordpress

MBAA Results

လူပြောများနေတဲ့ ဘလော့ဂ်အကယ်ဒမီစာရင်း ထွက်လာပါတယ်။ ကျနော်ကတော့ ဆုပေး မဲပေးဆိုတာထက် စစ်တမ်းတစ်ခုအနေနဲ့ ပိုစိတ်ဝင်စားပါတယ်။

မဲ

မဲ ၇၇၀၀ အနက်မှာ ၃၀၀၀ ကျော်လောက် ပယ်မဲဖြစ်တာ စိတ်ဝင်စားစရာပါပဲ။ ကွန်ပြူတာကို မျှသုံးရလို့ ပရောက်ဇီကျော်ပေးသလား၊ နှောက်ယှက်ဖို့နဲ့ ပညာစမ်းဖို့ပဲ ကျော်ခွပေးကြသလားတော့ မသိနိုင်ပါ။ ပယ်မဲကြောင့် တချို့လည်း နံပတ် တစ်နေရာကနေ အနိစ္စသဘောနဲ့ ရွေ့လျောသွားကြပါတယ်။ တချို့က ပယ်မဲထိသော်ငြားလည်း ပိုနေမြဲ ကြားနေမြဲ တွေ့ရတယ်။

mbaaမဲအရဆုံးဘလော့ဂ်

အကယ်ဒမီရဲ့ အားနည်းဆုံးအချက်ကို ပြောဆိုရင်တော့ အမျိုးအစားခွဲခြင်းနဲ့ စာရင်းပြုခြင်းလို့ ပြောရမှာပါပဲ။ ပါသင့်တဲ့ ဘလော့ဂ် အတော်များများ မပါဝင်ခဲ့ကြဘူး။ (အချို့လည်း ကာယကံရှင် အလိုကျ မထည့်တာ ရှိနိုင်ပါတယ်။ ကျနော့်ဘလော့ဂ်လည်း မပါခဲ့ပါဘူး။) ကိုယ့်ဘလော့ဂ် မပါပေမယ့် တင်သလောက်ကို မဲပေးသူတွေလည်း ရှိပုံရပါတယ်။ ကျနော် မထင်မှတ်တဲ့သူတွေလည်း တစ်စွဲခဲ့ပါတယ်။ ရသစာပေမှာ အချိန်တိုအတွင်း ပေါက်သွားတဲ့ ကိုနဗနကို မှန်းခဲ့ပေမယ့် ကိုမင်းဒင် ပရိသတ်က ပိုများခဲ့ပါတယ်။

သတင်းဆိုဒ်ကြီးတစ်ခုဖြစ်ပြီး လက်ခွဲ လက်စောင့်ထားဟန်ရှိတဲ့ ခေတ်ပြိုင်ဘလော့ဂ်က သတင်းမှာ တစ်ချိတ်သွားပါတယ်။ ပယ်မဲအခွဲမှာ ဖွဲ့တည်ရာက အီး-ဂျာနယ်ကို ကျော်ဖြတ်သွားတယ်။ အဖွဲ့သားတွေ ဝမ်းသာကြမယ် ထင်ပါတယ်။ ထိုင်းနိုင်ငံရောက် Migrant တွေအရေး တစိုက်မတ်မတ်ရေးခဲ့တဲ့ ပိုကောင်းမယ့် မနက်ဖြန်က တစ်ချိတ်တယ်။ (မနေ့က သူ့ဆိုဒ် သွားကြည့်တော့ သားသားနားနားနဲ့ စမတ်ကျနေတာ တွေ့ရတယ်။)

Continue reading

Leave a comment

Filed under Blogging

Milestone of 2008 (for Me)

ကျနော့်အဖို့ ၂၀၀၈ မှတ်တိုင်များ

ပါတီလက်မဲ့ပါတီ

ကျနော်ကတော့ ဂွစာပြောပြော နေ့ထူး နေမြတ်တွေ ဘာတွေ ဘာမှ စိတ်မဝင်စားဘူး။ ကိုယ့်မွေးနေ့တောင်ကိုယ် တစ်ခါမှ အမှတ်တရ မရှိဖူးဘူး။ ဒါပေမယ့် ဒီနှစ် အခန်းမှာ ပါတီလေးလုပ်ဖြစ်တယ်။

မနှစ်က ဖိလစ်ပိုင် သူငယ်ချင်း ဖရက်က ခရစ်ယာန်ဆိုတော့ သူ့အခန်းမှာ ပါတီလုပ်တယ်။ ဒီနှစ်လည်း သူမပြန်ခင် အကြိုအဖြစ်ရော နုတ်ဆက်ပွဲအဖြစ်ပါ ထမင်းဖိတ်ကျွေးသွားပါသေးတယ်။ ၃၁ ရက်နေ့မတိုင်ခင်က မန်းလေးစက်မှုတက္ကသိုလ်က ဆရာဖြစ်တဲ့ ကိုမင်းလွင်ဆွေက အခန်းကိုအလှူကိစ္စလာရင်း စကားစပ်မိရာက ကျနော်လည်း ပါတီဖိတ်ထားတာမရှိ၊ ဒီပြင်ဌာနကကျောင်းသားတွေလည်းပါတီလက်မဲ့မို့ စုပြီး စားကြသောက်ကြမယ်လို့ ကောက်စီစဉ်လိုက်ပါတယ်။ ပါတီလက်မဲ့များရဲ့ ပါတီလို့ နာမည်ပြောင်ပေးပြီး အစီအစဉ်အထွေအထူး မရှိသူတွေကို ဖိတ်ပြီး သောက်ကြ စားကြတယ်။

နှစ်သစ်ကြေကွဲစရာသတင်း

နှစ်သစ်ကူးည မီးပန်းဖောက်တာကနေ မီးလောင်လို့ ဘန်ကောက်က နာမည်ကြီး အဆင့်မြင့် ကလပ်တစ်ခုဖြစ်တဲ့ ဆန်ဒီကာမှာ လူ ၅၉ ယောက်သေဆုံးပြီး ၂၄၃ ယောက် ဒဏ်ရာရခဲ့တယ်။ နှစ်သစ်ကူး Count Down အပြီး မိနှစ် ၂၀ မှာ မီးလောင်ခဲ့တာပါ။ အဲဒီပျော်ပွဲစားရုံက လူတစ်ထောင်လောက်ဆံ့ပေမယ့် ထွက်ပေါက်က တစ်ခုပဲ ရှိသတဲ့။ ကျန်တဲ့တစ်ပေါက်က ဝန်ထမ်း တွေပဲ သိတယ်တဲ့။ ကျနော်တို့သွားနေကျ ဘောလုံးကွင်းတစ်ဝက်လောက်ကျယ်တယ်ထင်ရတဲ့ သဝမ်ဒန်း (Red Son) ကလပ်ကြီးမှာလည်း ထွက်ပေါက်ကျဉ်းကျဉ်းလေးတစ်ခုပဲ ရှိတာ သတိထားမိတယ်။

မူးနောက်နောက်နဲ့ အိပ်ယာနိုးနိုးချင်း ဒီခြောက်ခြားစရာ သတင်းကို ကြားရတယ်။ သေတဲ့အထဲမှာ နိုင်ငံခြားသားတွေ ပါတယ်။ သေတဲ့သူအများစုဟာ အိမ်ထောင်မကျသေးတဲ့ အပျိုတွေပါတဲ့။ တီဗီသတင်းရဲ့ အင်တာဗျူးမှာ ခြောက်ခြားတုန်လှုပ်နေတဲ့ ထိုင်းအမျိုးသမီးက မီးတွေလောင်ပြီး မီးခိုးတွေထွက်လာတော့ နှစ်သစ်ကူးမှာ ကလပ်ရဲ့ အထူးပြုလုပ်ချက်လို့ထင်ပြီး ကြည့်နေခဲ့တယ်လို့ အိပ်မက်မက်နေတဲ့ ဂယောင်ခြောက်ခြားလေသံနဲ့ ပြန်ပြောတာတွေ့ရတယ်။ နှစ်သစ်ကူးမနက်မှာ ထိုင်းနိုင်ငံသားတွေ ဒီကြေကွဲဖွယ်သတင်းကြောင့် မပျော်နိုင် ဖြစ်ရပါတယ်။

Continue reading

Leave a comment

Filed under Blogging

အင်တာနက်မျိုးဆက်၊ Blogging, လွတ်လပ်စွာ ရေးသားခွင့်နှင့် နိုင်ငံရေး

latt11

ခက်ထန်

ဘလော့ဂ်ဂါတစ်ဦးအဖြစ် လူသိများသော နေဘုန်းလတ်ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်ခြင်းသည် နအဖနှင့် ပြည်တွင်းပြည်ပ အခြေစိုက်၊ နာမည်ခံ နာမည်မခံ ဘလော်ဂါတို့ ရှိရင်းစွဲ အခြေအနေအရ ပိုပြီးထိပ်တိုက်တွေ့ဖို့ရာ အကြောင်းဖန်လာခြင်း ဖြစ်သည်ဟု သုံးသပ်မိသည်။

နိုင်ငံရေးနှင့် ပတ်သက်လျှင် ပြည်ပတွင် ရောက်ရှိခိုလှုံသူများမှအပ မည်သူမျှ ဘလော့ဂ်ကို နာမည်ထင်ရှားဖော်ပြခြင်း၊ Identity ပြခြင်း မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ နိုင်ငံရေးအမြင်ကို ဘလာ့ဂ်ပေါ်တွင် ပွင့်လင်းစွာ ဖော်ပြခြင်း၊ နအဖလက်အောက်၌ နေ့စဉ်ခံစားနေရသော လူမှုဒုက္ခများကို ထောက်ပြ ဝေဖန်ခြင်းကို နာမည်မခံဘဲ ရေးသားကြသူများမှာ ပြည်တွင်းပြည်ပမှ လူငယ်ပိုင်း ကျောင်းသားများ၊ အလုပ်တပိုင်းနှင့် အင်တာနက်ကို ကျွမ်းဝင်သူများ ဖြစ်ကြပါသည်။

နေဘုန်းလတ်ကို ထောင်ဒဏ်မတန်တဆ ချပစ်ခြင်းသည် နောက်ကွယ်နိုင်ငံရေး အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပေါ်ပြူလာအမြင်အားဖြင့် လွတ်လပ်စွာ တွေးခေါ် မျှော်မြင်သော၊ အတိုက်အခံ သဘောထားရှိသော ဘလောဂ့်ဂါများကို အကြီးအကျယ် နမူနာပြမှုတစ်ရပ်၊ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် သိသာစေပါသည်။

Continue reading

Leave a comment

Filed under Blogging, Politics